menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၁၃ . ၅ . ၂၀၂၄ မှ ၁၇ . ၅ . ၂၀၂၄ )
🫛🫘🧅🌶️🫛🌶️🫛🌶️🧅🫘🫛
🫘မတ်ပဲ🫘
မတ်ပဲကတော့ ဒီတစ်ပတ်မှာဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းမြင့်တက် လာတဲ့အတွက် ပဲဈေးတွေကမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ အရောင်းအဝယ်ကပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲအသစ်တွေ ဈေးကွက်ထဲ ဝင်နေပါပြီ။ မကြာခင်ကာလအတွင်း ဘရားဇီးနိုင်ငံကနေ တန်ချိန် ၅၀၀၀၀ အထိ တင်သွင်းနိုင်မယ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဘရားဇီးနိုင်ငံကနေ တန်ချိန် ၅၀၀၀ လောက်သာ တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ၁၀ဆလောက် ပိုမိုတင်သွင်းနိုင်ဖို့ မျှော်မှန်းထားတဲ့အခြေအနေလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲတင်သွင်းမှုကလည်း ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် ၁၉ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပြီး အထွက်နှုန်းကလည်း ၂.၅၅ သန်း ရှိမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် လျော့နည်းတဲ့အခြေအနေဖြစ်ပါတယ်။ ဈေးကွက်အတွင်း မတ်ပဲလိုအပ်ချက်များပြားနေပြီး ဈေးမြင့်တက်နေတာတွေကြောင့် အိန္ဒိယအစိုးရကတော့ မြန်မာအပြင် အခြား ဘရားဇီးနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ တွေကပါ အများအပြားတင်သွင်းနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာမတ်ပဲ FAQက တစ်တန်ကို ရူပီး ၉,၀၂၅ ပေါက်ဈေးရှိနေပြီး ၇၅ ရူပီးလောက် မြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၃,၂၃၂,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၇၂,၀၀၀ ကျပ် ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃,၅၀၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅,၂၅၅ မှ ၅,၂၉၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၉၅ မှ ၁,၀၁၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၉၀ဒေါ်လာ မြင့်တက်လာပါတယ်။
🫛ပဲစင်းငုံနီ🫛
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ငွေလဲလှယ်နှုန်း မြင့်တက်လာမှုနဲ့အတူ ဈေးမြင့်တက်လာတာလည်းဖြစ်ပါတယ်။ တစ်ပတ်အတွင်း အတက်အကျတွေနဲ့ တည်ငြိမ်မှုမရှိတဲ့အတွက် အရောင်းအဝယ်ကတော့အေးနေတယ်လို့ ကုန်သည်အချို့ကဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ၂ပတ်နီးပါးဈေးမဖွင့်ပေမယ့် ဒီတစ်ပတ်မှာတော့ဈေးဖွင့်ပါတယ်။ ရွေးကောက်ပွဲ အခြေအနေကြောင့် ပဲစင်းငုံနီလှောင်လက်တွေကို တင်းကြပ်စွာစစ်ဆေးနေတာတွေကြောင့် ဈေးကွက် အတွင်းအေးနေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁,၁၀၀ ရှိနေပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁,၃၀၀ မှ ၁,၃၂၀ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။ ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ် ၄,၂၅၀,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၆၀,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ပြည်တွင်း ငွေကြေးဖောင်းပွမှုအခြေအနေတွေကြောင့် ပဲဈေးကဆက်ပြီး တက်နိုင်ခြေရှိမရှိကတေ့ာ ခန့်မှန်းရခက်တဲ့အခြေအနေတွေဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဈေးကွက်ထဲအကျဈေးနဲ့ ငြိမ်နေပါတယ်။ နေ့စဉ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို ပိဿာချိန်၂သိန်းနီးပါး နယ်စုံကနေအဝင်ရှိနေပါတယ်။ အရောင်းထိန်းသင့်တယ်လို့ အကြံ ပြုတာတွေကြောင့် ပိဿာချိန်၁သိန်းနီးပါးလောက် အဝင်လျော့သွားခဲ့ပေမယ့် အရောင်းအဝယ် အေးနေတဲ့အတွက် ဈေးကမတက်လာပဲ ငြိမ်နေတာဖြစ်တယ်လို့ သိရပါတယ်၊။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီဆိပ်ဖြူကတော့ တစ်ပိဿာကို ၁,၅၀၀ မှ ၂,၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ပြန်တက်လာပါတယ်။ အခြားအမျိုးအစားဖြစ်တဲ့ မြင်းခြံ၊ တောင်တွင်း၊ မင်းဘူး၊ ရွှေဘိုတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁,၃၀၀ ကနေ ၂,၄၀၀ ကြား ရှိနေပြီး ဈေးငြိမ်နေပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၂၀၀ မှ ၂,၀၅၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၂၅ ကျပ် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးပြန်မြင့်တက်ပေမယ့်လည်း လက်ရှိမှာ အကျဈေးနဲ့ပဲ ရှိနေတာဖြစ်ပါတယ်။
🌶️ငရုတ်🌶️
ဆင်ဖြူကျွန်းငရုတ်ကတော့ အတက်ဈေးနဲ့ငြိမ်နေခဲ့ပြီး အခြားငရုတ်တွေဖြစ်တဲ့ မြှားနီပန်းရဲ ငရုတ်တွေက ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး အဝယ်သွက်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ငရုတ်ဆင်ဖြူကျွန်းပုက တစ်ပိဿာကို ၁၁,၅၀၀ မှ ၁၂,၅၀၀ ပေါက်ဈေးရှိနေပါတယ်။ မြှားနီကတော့ တစ်ပိဿာကို ၄,၃၀၀ မှ ၄,၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပန်းရဲကတော့ တစ်ပိဿာကို ၄,၃၀၀ မှ ၄,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)