menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” ( ၂၀ . ၅ . ၂၀၂၄ မှ ၂၄ . ၅ . ၂၀၂၄ )
🫘🌽🫛🌶️🥔🫘🥔🌶️🫛🌽🫘
🫘ကုလားပဲ🫘
ကုလားပဲကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးအနည်းငယ်ပြန်မြင့်လာပါတယ်။ ဝယ်ယူမှုများလာတဲ့ အတွက်ကြောင့် ဈေးမြင့်တက်လာတာမဟုတ်ပဲ ငွေဖောင်းပွမှုကြောင့် ပဲဈေး မြင့်တက်လာတာဖြစ်တဲ့ အတွက် ဝယ်ယူမှုအေးပေမယ့် အမြင့်ဈေးနဲ့ရောင်းချမှုတွေကတော့ရှိတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၄,၀၈၀ မှ ၄,၂၅၀ ကျပ် ရှိပြီး တစ်ပိဿာကို ၈၀ကျပ် ဈေးတက်ပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄,၂၅၀ မှ ၄,၄၂၀ ရှိပြီး ကုလားပဲခြမ်းကလည်း တစ်ပိဿာကို ၅,၄၅၀ မှ ၅,၉၀၀ ရှိကာ ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ်သောကြာနေ့နဲ့ယှဉ်ရင် ကုလားပဲ V2က တစ်အိတ်ကို ၂၄၇,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၃,၀၀၀ကျပ်၊ ကုလားပဲ 929က တစ်အိတ် ကို ၂၃၇,၀၀၀ မှ ၂၃၈,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၈,၀၀၀ကျပ် မှ ၂၂၉,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်၊ ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၅၇,၀၀၀ ရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကတော့ လက်ရှိမှာဆက်တိုက်ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ဆက်ပြီးမြင့်တက်ဖို့ မျှော် လင့်နေကြပေမယ့် လက်ရှိငွေကြေးဈေးကြောင့်လည်း ဈေးမြင့်တက်နေတာဖြစ်လို့ ဈေးကအများကြီး ဆက်ပြီး တက်နိုင်ခြေနည်းနိုင်ပါတယ်။ ထိုင်းနိုင်ငံတင်ပို့မှုက လက်ရှိလမ်းခရီးအခက်အခဲကြောင့် တင်ပို့မှုနည်းနေပေမယ့် ရေကြောင်းကနေတဆင့် တင်ပို့နေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကပါ အဝယ်ရှိနေတာကြောင့်လည်း ဈေးကမြင့်တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁,၂၃၀ မှ ၁,၂၅၀ ကြားရှိပြီး တစ်ပိဿာကို ၉၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၈,၅၀၀ မှ ၅၉,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၃,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၈,၅၀၀ မှ ၅၉,၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၃,၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁,၀၀၀ မှ ၁,၅၀၀ ကြား ထပ်မံမြင့်တက်နေပါတယ်။
🫛ထောပတ်ပဲ🫛
ပြည်ပပို့ကုန်ပဲဖြစ်တဲ့ ထောပတ်ပဲကလည်း ပြည်တွင်းငွေကြေးဈေး ကျဆင်းတဲ့အတွက်ကြောင့် ဈေးက မြင့်တက်နေတာဖြစ်ပြီး ဝယ်လိုအားထက်ရောင်းလိုအားကမြင့်တက်နေတယ်လို့ ကုန်သည် အချို့ထံကနေ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာထောပတ်ပဲ တစ်ပိဿာကို ၆,၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ထောပတ်ပဲကလည်း တစ်အိတ်ကို ၃၇၀,၀၀၀ မှ ၄၁၅,၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
🧄ကြက်သွန်ဖြူ🧄
ကြက်သွန်ဖြူကတော့ ဈေးကွက်အတွင်းဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကွက်ထဲအဝင်နည်းသွားပေမယ့် အဝင်ရှိသလောက် အဝယ်လည်းရှိနေတဲ့အတွက် ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲကို နေ့စဉ်အဝင် ပိဿာချိန် ၃၀၀၀၀ နီးပါး ရှိပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၉,၀၀၀ ကနေ အမြင့်ဆုံး ၁၀,၅၀၀ ထိ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ မေလအစနဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၂,၅၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
🌶️ငရုတ်🌶️
ဈေးကွက်ထဲမှာတော့ မြှားနီနဲ့ပန်းရဲက နေ့စဉ်အဝင်ရှိနေသလို အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်နေတဲ့အတွက် ဈေးကဆက်တိုက်မြင့်တက်နေပါတယ်။ ဆင်ဖြူကျွန်းပုကတော့ လက်ရှိမှာ အတက်ဈေးနဲ့ငြိမ်နေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ မြှားနီက တစ်ပိဿာကို ၄,၈၀၀ မှ ၅,၅၀၀ ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပန်းရဲကတော့ တစ်ပိဿာကို ၅,၅၀၀ မှ ၅,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁,၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ငရုတ်ဆင်ဖြူကျွန်းပုက တစ်ပိဿာကို ၁၁,၅၀၀ မှ ၁၂,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
🥔အာလူး🥔
ဈေးကွက်ထဲ ရှမ်းအာလူးတွေကအနည်းငယ်သာရှိပြီး ဘုရင့်နောင်ဈေးကွက်ထဲမှာတော့ တရုတ်အာလူး တွေသာဈေးဖွင့်ပါတယ်။ ဈေးကွက်ထဲအဝင်များပေမယ့် အရောင်းအဝယ်သွက်နေတဲ့အတွက် ဈေးက မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကွက်ထဲဈေးငြိမ်နေတာဖြစ်ပြီး ငွေကြေးဈေးကြောင့်လည်း ဈေးအနည်းငယ်မြင့်လာတာလည်းဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူးက တစ်ပိဿာကို ၁,၈၀၀ မှ ၂,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)