menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၀.၉.၂၀၂၁ ) မှ (၂၄.၉.၂၀၂၁)
🌾🌿🍃🥔🌾🥔🍃🌿🌾
🌾ဆန်၊စပါး🌾
ဆန်တွေကတော့ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်ဈေးအနည်းငယ်ငြိမ်နေပါတယ်။ နယ်ဈေးကွက်တွေ မှာလည်း အဟောင်းတွေကမရှိတော့တဲ့အတွက်ဈေးပြန်ငြိမ်သွားပြီး အချို့မြို့နယ်တွေမှာတေ့ာ အဝယ်လိုက်နေတဲ့အတွက်ဈေးတွေတက်ပါတယ်။ ပုသိမ်ဈေးကွက် မြောင်းမြဈေးကွက်တို့မှာ စပါးလက်ကျန်မရှိတော့တဲ့အတွက် အခြားမြို့နယ်က စပါးနဲ့ဆန်တွေက အဝယ်လိုက်ပြီး ဈေးတက်လာပါတယ်။ ဒေးဒရဲဈေးကွက်မှာ ဒေးဒရဲပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၇၂,၀၀၀ ပေါက်ဈေးရှိပြီးတင်း ၁၀၀ ကို ၆၀,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကလည်းတစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာကာ ၄၇,၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။ ဒေးဒရဲဧည့်မထ (မိုး)စပါးကလည်း တင်း ၁၀၀ ကို ၇၂၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၅,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၉,၀၀၀ နဲ့ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၆,၀၀၀ ရှိကာ ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဈေးကွက်မှာတော့ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၉၈၁,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထ (မိုး)ကတော့ တင်း ၁၀၀ ကို ၇၂၆,၀၀၀ ကျော် ပေါက်ဈေးရှိပြီး တင်း ၁၀၀ကို ၅၅,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၉,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ(နွေ)ကတော့ တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၆,၀၀၀ ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါင်းတည်ဈေးကွက်မှာတော့ ရတနာတိုးစပါးက တင်း ၁၀၀ ကို ၆၀၀,၀၀၀ ပေါက်ဈေးရှိပြီး ၇၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ လက်ရှိမှာတော့ ကြိုဝယ်တွေ များတဲ့အတွက်ကြောင့်ဈေးတွေက တက်နေပြီး ငွေကြေးကျဆင်းမှုကြောင့် ဈေးတွေက ထပ်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။
🍃မတ်ပဲ🍃
မတ်ပဲကတော့ဒီတစ်ပတ်မှာတော့ ဈေးက ထပ်ပြီးတက်လာပါတယ်။ တစ်တန်ကို ငွေကျပ် ၁၆ သိန်းထိ ဈေးတက်လာပါတယ်။ပြည်တွင်းဈေးကွက်မှာသာ ဈေးတွေ တက်နေခဲ့ပေမယ့် အိန္ဒိယမှာတော့ မတ်ပဲ အသစ်တွေဈေးကွက်ထဲကို ဝင်လာတဲ့အတွက် ဈေးတွေကအနည်းငယ် ကျဆင်းသွားပါတယ်။ ဒီဇင်ဘာ လကုန်အထိ တင်သွင်းခွင့်ကာလ တိုးခဲ့တဲ့အတွက် မတ်ပဲကဈေးတွေ ဆက်ပြီးတက်နိုင်ဦးမယ် လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၆ သောင်း ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ငွေကျပ် ၁ သိန်းကျော် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက် မှာလည်း မတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျော် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၅၅,၀၀၀ ကနေ ၅၆,၀၀၀ ပေါက်ဈေးရှိပြီး ၆,၀၀၀ ကျပ်၊ အောင်လံ ဈေးကွက်မှာတော့ ၅၃,၀၀၀ ရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။ ပေါင်းတည်မှာတော့ တစ်တင်းကို ၅၄,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်အတွင်း ဈေးက ၁၄ သိန်းအောက် ပြန်ရောက်သွားပေမယ့် သောကြာနေ့ မှာတော့ ဈေးကပြန်တက်လာပါတယ်။ ပြည်တွင်းမှာတော့ လွန်ခဲ့တဲ့ နှစ်က ပဲတွေသာအရောင်းအဝယ် ရှိနေပြီး ၂၀၂၁ ပဲတွေကတော့ လုံးဝလက်ကျန်မရှိတော့ဘူး လို့သိရပါတယ်။ လက်ရှိမှာ ပဲစင်းငုံနီက အိန္ဒိယမှာ အသစ်တွေထွက်ရှိလာပြီဖြစ်လို့ မြန်မာ့ပဲစင်းငုံနီကို ထိန်းဝယ်ယူမှုတွေရှိပြီး ဈေးတွေ အေးသွားတာလို့လည်း သိရပါတယ်။ ထွက်ရှိလာတဲ့ပဲတွေသာ မိုးကြောင့် ပျက်စီးမှုရှိရင်တော့ မြန်မာ့ပဲစင်းငုံနီဈေးက ယခုထက် တက်နိုင်ဦးမယ်လို့လည်း သုံးသပ်ထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၂ သောင်းနီးပါး ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ပါက အနည်းငယ်ထပ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက ဈေးမဖွင့်ပါဘူး။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအပြောင်းအလဲက သိပ်မရှိပါဘူး။အောင်လံမှာတော့ တစ်တင်းကို ၄၄,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါင်းတည်မှာ တစ်တင်းကို ၄၂,၀၀၀ ကနေ ၄၃,၀၀၀ ကြားပေါက်ဈေးရှိပြီး ၂,၀၀၀ လောက်ဈေးတက်လာပေမယ့် အရောင်းအဝယ်ကတော့ မရှိဘူးလို့ သိရပါတယ်။
🍃နှမ်းဖြူ🍃
နှမ်းဖြူကလည်း ဈေးကွက်အတွင်း ဆက်တိုက်ဈေးတက်လာပါတယ်။ အဓိက တရုတ်ဝယ်ယူမှုရှိနေပြီး ပြည်တွင်းဝယ်ယူမှုကလည်းများလာတဲ့အတွက်ဈေးက တက်နေခဲ့တာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းဖြူက တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၈,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၄၀,၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။
🌿နှမ်းညို🌿
နှမ်းညို(သစ်)ကလည်း ဈေးကွက်အတွင်း ဈေးတွေတက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၄,၀၀၀ ကနေ ၁၁၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ လောက်ဈေးတက် လာပါတယ်။
🥔အာလူး🥔
အာလူးကတော့ ဒီတစ်ပတ်မှာ ဈေးအမြင့်ဆုံးရောက်ရှိနေပါတယ်။ ပြည်တွင်း ဝယ်ယူမှုများတဲ့အပြင် အဝင်နည်းတဲ့အတွက်ကြောင့် ဈေးတက်နေတာလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း) က တစ်ပိဿာကို အနိမ့်ဆုံးဈေး ၇၅၀ ကနေ ၁,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၂၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)