menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၆.၁၂.၂၀၂၁ မှ ၁၀.၁၂.၂၀၂၁)
🍀🌶☘️🍅☘️🌶☘️🍅☘️🌶🍀
မတ်ပဲ
-----
မတ်ပဲကတော့ ဒီတစ်ပတ်မှာဈေးက ပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်က အိန္ဒိယမှာမိုးကြောင့် သီးနှံပျက်စီးဆုံးရှုံးမယ်ဆိုတဲ့သတင်းတွေကြောင့် အများအပြားဝယ်ယူခဲ့ပြီးဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ငွေကြေးဈေးကျဆင်းတာရော ဈေးထိန်းဝယ်ယူမှုတွေကြောင့်ဈေးက ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ဈေးအတက်အကျကတော့ပြီးခဲ့တဲ့အပတ်ကတည်းတည်ငြိမ်မှုမရှိခဲ့ပါဘူး။ တစ်တန်ကို ၁,၄၃၀,၀၀၀ ကနေ ၁,၄၈၀,၀၀၀ အတက်အကျရှိနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ လက်ကျန်တွေလည်းသိပ်မရှိတော့ဘဲ ကုန်သည်များအကြားအရောင်း အဝယ် ပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁,၃၉၀,၀၀၀ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၂၀,၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကနေ ၁၃၅,၀၀၀ ကြားပေါက်ဈေးရှိပြီး ၂,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ကနေ ၄၅,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ထူးထူးခြားခြားဈေးတက်လာခဲ့ပါတယ်။ ပဲအဟောင်းလက်ကျန်တွေ မရှိတော့ဘဲ အသစ်တွေ ဈေးကွက်ထဲဝင်လာပြီဖြစ်လို့ အဝယ်များပြီးဈေးတက်နေတယ်လို့လည်း သိရပါတယ်။ အိန္ဒိယမှာလည်း ပဲစင်းငုံနီအသစ်တွေပေါ်လာပြီဖြစ်ပေမယ့် သီးနှံပျက်စီးမှုကြောင့် ပဲတွေကို ပြန်လည်ဝယ်ယူမှုကြောင့် ဈေးကတက်လာတယ်လို့လည်း အိန္ဒိယပဲသတင်းတွေအရ သိရပါတယ်။ ပဲစင်းငုံနီကလက်ရှိမှာဈေးတက်ပေမယ့် အများကြီးတက်နိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁,၁၇၀,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ် ရင် တစ်တန်ကို ၂၀,၀၀၀ ကျော် ဈေးပြန်တက်လာပါတယ်။ ပဲစင်းငုံနီကလည်း တစ်တန်ကို ၁,၁၈၀,၀၀၀ ကနေ ၁,၁၃၀,၀၀၀ ကြား အတက်အကျရှိနေခဲ့ပြီးအများကြီးအပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ မန္တလေးမှာတော့လက်ရှိအချိန်ထိဈေးဖွင့်ခြင်းမရှိသေးပါဘူး။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပေါင်းတည်ဈေးကွက်မှာတော့ ပဲစင်းငုံနီ (၂၀၂၁)က တစ်တင်းကို ၃၂,၀၀၀ ကနေ ၃၃,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ပဲစင်းငုံနီ (၂၀၂၂)ကတော့ တစ်တင်းကို ၃၅,၀၀၀ နဲ့ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။
ဘိုကိတ်ပဲ
--------
ဘိုကိတ်ပဲကတော့ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ လက်ကျန်လည်းမရှိတော့ဈေးတွေတက်လာ တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိုကိတ်ပဲက တစ်ပိဿာကို ၁,၇၅၀ ကနေ ၁,၉၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ ဘိုကိတ်(ပြာ၊ဖြူ)က တစ်တင်းကို ၃၆,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ငရုတ်
-----
ငရုတ်အချို့ကတော့ ဒီတစ်ပတ်မှာဈေးပြန်တက်လာပါတယ်။ ဈေးကွက်ထဲကို ငရုတ်ခြောက်တွင်အဝင် များလာတဲ့အတွက်ကြောင့် အချို့ငရုတ်ဈေးတွေကတော့ ဈေးကျဆင်းသွားပါတယ်။ ငရုတ်(အိမ်မဲAC)နဲ့ ပန်းတနော်(AC) ကတော့ တစ်ပိဿာကို ၄,၀၀၀ ကနေ ၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ ငရုတ်(မိုးထောင်ဟင်္သာတ)ကတော့ တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ ငရုတ်(ဆင်ဖြူကျွန်းပု)ကတော့ တစ်ပိဿာကို ၅,၀၀၀ ကနေ ၅,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်းဖြူ
-----
နှမ်းဖြူကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ အဝယ်ကလည်း လျော့နည်း နေပါတယ်။မန္တလေး ဈေးကွက်မှာ နှမ်းဖြူက တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၄၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၀,၀၀၀ ကျပ် ရှိပြီး ဈေးငြိမ်နေပါတယ်။
ခရမ်းချဉ်သီး
----------
ခရမ်းချဉ်သီးကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။ ဈေးကွက်ထဲကိုအဝင်နည်းလို့ဈေးတွေ တက်လာခဲ့ပြီး လက်ရှိမှာ အမြင့်ဆုံးဈေးရရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာ ခရမ်းချဉ်သီးက တစ်ပိဿာကို ၂,၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ သီရိမင်္ဂလာဈေးမှာတော့ တစ်သေတ္တာကို ၈,၀၀၀ ကနေ ၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်သေတ္တာကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရပ်ကွက်ဈေးတွေမှာတော့ ခရမ်းချဉ်သီးက တစ်ပိဿာကို ၄,၀၀၀ ခန့် ပေါက်ဈေးရှိနေပါတယ်။
Sources : AMIA (Farmer Digital TV)