menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၇ . ၂ . ၂၀၂၂ မှ ၁၁ . ၂ . ၂၀၂၂)
🌾🌿🌽🧄🎋🎋🧄🌽🌿🌾
🌾ဆန်၊စပါး🌾
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေအပြောင်းအလဲရှိပါတယ်။ ဆန်ချောအများစု ဈေးက တက်လာပြီး ဆန်ကြမ်းအချို့ကတော့ ဈေးကျဆင်းပါတယ်။ ပြည်တွင်းစားသုံးဝယ်ယူမှု များလာတဲ့ အတွက်ကြောင့် အနည်းငယ်တက်လာတယ်လို့သိရပြီး အရည်အသွေးပေါ်မူတည်ပြီးဈေးကောင်းရနေ တယ်လို့သိရပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၇,၀၀၀ ကနေ ၃၉,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၇,၀၀၀ ကနေ ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၃၄,၅၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၄၃,၀၀၀ ကနေ ၄၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ ဆန်ကတော့ တစ်အိတ်ကို ၂၄,၅၀၀ ကနေ ၂၅,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ငစိန်က တစ်အိတ်ကို ၂၄,၀၀၀ ကနေ ၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ကျပ် ဈေးတက်လာပြီး မြီးဒုံဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ကနေ ၂၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။
🌿ကုလားပဲ🌿
ကုလားပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ တစ်တင်းကို ၃၅,၀၀၀ အထိ ကျဆင်းနိုင်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပြီး ခန့်မှန်းထားတဲ့အတိုင်းဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ တင်ပို့မှုက ပုံမှန်ရှိနေပေမယ့် ပဲမာအများစုကလည်း အသစ်တွေဆက်တိုက်ဝင်ရောက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူဈေးက တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၀၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၂,၀၈၀ မှ ၂,၀၈၅ ပေါက်ဈေးရှိပြီး ၁၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၂,၇၅၀ ကနေ ၂,၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ကျပ် အသီးသီးဈေး ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ တော့ ကုလားပဲ (V2) ကအသစ်က တစ်အိတ်ကို ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉,၀၀၀ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)က ၁၀၄,၀၀၀ ပေါက်ဈေးရှိပြီး ၈,၀၀၀ ကျပ်၊ ကုလားပဲ(929)က ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်၊ ကုလားပဲ (V7)က ၁၀၇,၀၀၀ ကနေ ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းနေပါတယ်။ တစ်ပတ်အတွင်း တစ်အိတ်ကို ၁၀,၀၀၀ နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲ (929)က တစ်တင်းကို ၃၄,၈၀၀ ပေါက်ဈေးရှိပြီး ၃,၇၀၀ ကျပ်၊ ကုလားပဲ (V2) က တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၂,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🌿ဘိုကိတ်ပဲ🌿
ဘိုကိတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတွေပြန်ကျဆင်းနေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ကျဆင်းပါတယ်။ အသစ်တွေ ဆက်တိုက်ဝင်ရောက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိုကိတ်ပဲက တစ်ပိဿာကို ၁,၆၆၅ ကနေ ၁,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ မန္တလေး ဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၁,၅၀၀ ကနေ ၃၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၇,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကတော့ ဆက်တိုက်ဈေးတက်နေပါတယ်။ ထိုင်းတင်ပို့မှုမှာ အခွန်ကင်းလွတ်ခွင့်ရနေတဲ့အ တွက် အများအပြားတင်ပို့မှုတွေကြောင့်ဈေးကတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၈၂၀ ကနေ ၈၄၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၃,၄၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြား ပြောင်း(ရှမ်း)၊ ပြောင်းနီ၊ ကာဘိုး၊ အထွက်တိုး၊ ဆန်ပြောင်း အစရှိတဲ့ ပြောင်းတွေကလည်း တစ်အိတ်ကို ၃၅,၀၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
🧄ကြက်သွန်ဖြူ(ကြူကုတ်)🧄
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အဝင်များလို့ ဈေးကျဆင်းတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၃,၄၀၀ ကနေ ၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
🎋စားအုန်းဆီ🎋
စားအုန်းဆီကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက စတင်ဈေးတက်နေခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာအမြင့်ဆုံး ဈေးရောက်ရှိနေပါတယ်။ စားအုန်းဆီအဓိကတင်ပို့နေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စားအုန်းဆီထုတ်လုပ်မှုလျော့ကျခဲ့ပြီး မလေးရှားနိုင်ငံမှာလည်း ကိုဗစ်ကြောင့် စားအုန်းဆီလုပ်သားရှားပါးနေမှုကလည်း စားအုန်းဆီဈေးကွက်ကို များစွာလှုပ်ခတ်ခဲ့တယ်လို့ နိုင်ငံခြားသတင်းစာမျက်နာများကနေတဆင့် သိရပါတယ်။ တစ်တန်ကို ရင်းဂစ် ၆,၀၀၀ အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဆီကုန်သည်အသင်း ထုတ်ပြန်ချက်အရ စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၅,၁၃၀ ပေါက်ဈေးရှိနေပြီး ၁၀ ရက်အတွင်း တစ်ပိဿာကို ၂၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၃၃၀ ပေါက်ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁၃၀ ကျပ်ဈေးတက်လာပါတယ်။ (၁၀) ရက်အတွင်း တစ်ပိဿာကို ၃၀၀ ကျော်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅,၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေး တက်လာကာ (၁၀) ရက်အတွင်း တစ်ပိဿာကို ၂၀၀ ကျော်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)