menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၄. ၄. ၂၀၂၂ မှ ၈. ၄. ၂၀၂၂)
🌿🍀🌶🥔🍀🌿🥔🌶🌿🍀
မတ်ပဲ
-----
မတ်ပဲကတော့ ဒီတစ်ပတ်မှာလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပါတယ်။ ဗဟိုဘဏ်ကငွေကြေးနဲ့ပတ်သတ်ပြီး ပြောင်းလဲလိုက်တဲ့မူဝါဒတွေကြောင့် တင်ပို့သူတွေကြား ရိုက်ခက်မှုတွေရှိလာခဲ့ပြီး ပဲဈေးကလည်း တစ်တန်ကို ၁ သိန်းနီးပါးအထိဈေးကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယကပဲလိုအပ်ချက်ရှိနေပြီး ပြည်တွင်း မတ်ပဲက ထွက်ရှိမှုနှုန်းလျော့မယ်ဆိုတဲ့သတင်းတွေကြောင့် ရက်ပိုင်းအတွင်း ပြန်တက်လာခဲ့ သလို ပဲဈေးကွက်ကို ပြန်ထိန်းလိုက်တဲ့အခြေအနေကြောင့်လည်းဖြစ်ပါတယ်။ သင်္ကြန်ပိတ်ရက် နဲ့ ငွေကြေးလဲလှယ်နှုန်း အခြေအနေကြောင့် အရောင်းအဝယ်တန့်သွားခဲ့တဲ့ အခြေအနေမှာ အိန္ဒိယဘက်မှာတော့ မတ်ပဲအဝင်နည်းပြီး ဈေးတက်နိုင်ဦးမယ်လို့ အိန္ဒိယသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကသုံးသပ်ထားသလို ငွေကြေးဈေးမြင့်မားမှု၊ ပဲအထွက်နှုန်းလျော့မှုတွေကြောင့် အများကြီးကျဆင်းနိုင်ခြေမရှိပေမယ့် လက်ရှိအခြေအနေအရကတော့ ထိန်းရောင်းထိန်းဝယ်နေရတယ်လို့ ကုန်သည်တွေကဆိုပါတယ်။ မတ်ပဲက ယခုနှစ်မှာ တန်ချိန် (၅) သိန်းလောက်သာ ထွက်ရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို (၁) သိန်းလောက်ထိဈေးကျဆင်းသွားပြီး ရက်ပိုင်းအတွင်း ဈေးပြန်တက်လာခဲ့ပါတယ်။ လက်ရှိပေါက်ဈေးကတော့ တစ်တန်ကို ၁၄ သိန်း ၈သောင်းရှိပါတယ်။ မန္တလေးဈေးကွက်မှာလည်း မတ်ပဲက တစ်အိတ်ကို ၁၃၆,၀၀၀ ကနေ ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ကို ၂,၀၀၀လောက် ကျသွားပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၂,၈၀၀ ကနေ ၄၄,၈၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲဇီးကွက်
-------
ပဲဇီးကွက်ကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ အဝင်များပြီးအဝယ်ကတော့ ပိတ်ရက် ကြောင့် နည်းသွားတဲ့အတွက် ဈေးတွေကျဆင်းသွားတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၁၈,၀၀၀ ကနေ ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၃,၀၀၀ ကျပ်ဈေး ကျဆင်းပါတယ်။ မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်လောက်ဈေး ကျဆင်းသွားခဲ့ပါတယ်။
ကြက်ဆူ
-------
ဈေးအတော်ကြာငြိမ်နေတဲ့ကြက်ဆူကပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေတာဖြစ်ပါတယ်။ ဆီထုတ်ရန်ဝယ်ယူမှုများနေလို့ဈေးတက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၇၀,၀၀၀ ကနေ ၇၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၁,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မြင်းခြံဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၈၇၅ ကနေ ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ လောက်ဈေး တက်လာပါတယ်။
ငရုတ်
----
ငရုတ်ဈေးကတော့ အသစ်တွေ ဈေးကွက်ထဲဆက်တိုက် ဝင်ရောက်နေသလို တရုတ်တင်ပို့ရောင်းချမှုမှာ လည်း ကိုဗစ်ကြောင့် ဂိတ်တွေပိတ်ဆို့ခံရမှုတွေရှိနေလို့ ဆုံးရှုံးမှုတွေရှိနေပြီး ဈေးကျဆင်းမှုတွေ ရှိနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဆင်ဖြူကျွန်းပုက တစ်ပိဿာကို ၆,၅၀၀ ကနေ ၇,၀၀၀ ကြားပေါက် ဈေးရှိနေပြီး ၅၀၀ ကျပ်လောက်ဈေးကျဆင်းပါတယ်။ မြစ်ဝပုကလည်း တစ်ပိဿာကို ၇,၅၀၀ က နေ ၈,၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၅၀၀ လောက်ဈေးကျဆင်းပါတယ်။ မိုးထောင်(ဟင်္သာတ) ကလည်း တစ်ပိဿာကို ၄,၈၀၀ ကနေ ၅,၀၀၀ကြား ရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း ငရုတ်ခြောက်ရှည်က တစ်ပိဿာကို ၅,၂၀၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ်ဈေး ကျဆင်းပါတယ်။
အာလူး
-----
အာလူးဈေးကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးပြန်တက်လာပြီး ဒီတစ်ပတ်မှာလည်းထပ်တက် လာပါတယ်။ ပိတ်ရက်ကြောင့် ပြည်တွင်းဝယ်ယူမှုများတဲ့အပြင် သယ်ယူပို့ဆောင်စရိတ်တွေကြောင့် ဈေးတက်နေတယ်လို့လည်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၅၀၀ ကနေ ၁,၉၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၅၀ ကနေ ၁၅၀ ကြားဈေးတက်လာပါတယ်။
စားအုန်းဆီ
---------
စားအုန်းဆီကတော့ ဆက်တိုက်ဈေးကျဆင်းသွားပေမယ့် လက်ရှိအချိန်ထိကတော့ တစ်ပိဿာကို ၆,၀၀၀ အထက်မှာပဲ ရှိနေပါတယ်။ ပိတ်ရက်ကြောင့် ဈေးတွေက အတက်ဈေးနဲ့တန့်နေခဲ့ပြီး ငွေလဲလှယ်နှုန်းဈေး အပြောင်းအလဲတွေကြောင့် အတက်အကျတွေကတော့ရှိနေပေမယ့် အနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို လက်ရှိပေါက်ဈေးက ၆,၃၅၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၇၀ လောက်ဈေးပြန်တက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၆,၃၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၀ လောက်ဈေး တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)