menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၈.၄.၂၀၂၂ မှ ၂၂.၄.၂၀၂၂)
🌾🌿🍃🧄🧅🌾🧅🧄🍃🌿🌾
ဆန်၊စပါး -------
ပိတ်ရက်အပြီးမှာတော့ စပါးအချောတွေကဈေးအနည်းငယ်တက်လာပြီး ဒုတိယတန်းစားစပါးတွေ က တော့ ဈေးကျဆင်းပါတယ်။ ဈေးကွက်ထဲ အသစ်တွေဝင်လာပေမယ့် အရောင်းအဝယ်အေးတဲ့အတွက် ဈေးက ကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။ အသစ်တစ်ချို့ကတော့ ဧရာဝတီတိုင်းမြို့နယ် အချို့မှာတော့ ထွက်ရှိနေပေမယ့် အဝင်ကတော့ နည်းနေသေးတယ်လို့သိရပါတယ်။ အသစ်တွေ ဈေးကွက်ထဲဝင်လာရင်တော့ ဈေးကအနည်းငယ်လျော့နည်းနိုင်တယ်လို့ ကုန်သည်အများစုက သုံးသပ်ထားပေမယ့်လည်း ဆီဈေးမြင့်တက်မှု သယ်ယူပို့ဆောင်စရိတ်ကုန်ကျမှုတွေအပြင် အထွက်နှုန်းလျော့နည်းမှုတွေကြောင့် ဈေးက အများကြီးကျဆင်းနိုင်မှုမရှိဘူးလို့လည်း ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အခြားဆန်ဈေးတွေက ဈေးငြိမ်နေပြီး ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ကနေ ၂၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ သီးထပ်ဆန်ကလည်း တစ်အိတ် ကို ၂၈,၀၀၀ ကနေ ၂၉,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၁၁၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်သောင်းကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၇,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ် ပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၈၀၀,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁,၁၉၂,၀၀၀ ပေါက်ဈေးရှိပြီး ၃၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၄၇,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မြောင်းမြ ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၇၉၁,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးကျဆင်းကာ ဆန်ကတော့ တစ်အိတ်ကို ၂၉,၀၀၀ ကျပ်နဲ့ဈေးငြိမ်ပါတယ်။ အခြား ဖျာပုံဧည့်မထပေါ်ဆန်းစပါး(မိုး)က တင်း ၁၀၀ ကို ၇၃၆,၀၀၀ ပေါက်ဈေးရှိပြီး ၄၆,၀၀၀ ကျပ်၊ ဒေးဒရဲဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၇၄၅,၀၀၀ ပေါက်ဈေးရှိပြီး ၃၇,၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း ------
ပဲတီစိမ်းကတော့ ပိတ်ရက်မတိုင်ခင် နယ်ဈေးကွက်အချို့အရောင်းအဝယ်မရှိတာတွေကြောင့် ဈေးက အေးနေခဲ့ပြီး ပိတ်ရက်အပြီးမှာတော့ အချို့ပဲတီစိမ်းအမျိုးအစားတွေ ဈေးအနည်းငယ်ပြန်တက်လာ ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ) က တစ်ပိဿာ ၂,၅၀၀ ကနေ ၂,၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ) ကတော့ တစ်ပိဿာကို ၂,၂၅၀ ကနေ ၂,၅၃၅ ကျပ် ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ဝါးခယ်မ)ကတော့တစ် ပိဿာကို ၂,၁၃၀ ကနေ ၂,၁၇၀ ပေါက်ဈေးရှိကာ တစ်ပိဿာကို ၁၃၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ရက်အတော်ကြာဈေးမဖွင့်ခဲ့ရာမှ ပိတ်ရက်အပြီးတော့ ဈေးပြန်ဖွင့်ပြီး လက်ရှိပေါက်ဈေးကတော့ တစ်အိတ်ကို ၁၀၇,၀၀၀ ကနေ ၁၂၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်တင်းကို ၃၆,၀၀၀ ကနေ ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်ဆူ -------
ကြက်ဆူကတော့ ပိတ်ရက်မတိုင်ခင်ကတည်းကဆက်တိုက်ဈေးမြင့်တက်နေခဲ့ပါတယ်။ ဆီထုတ်ရန် ဝယ်ယူမှုကြောင့်မြင့်တက်နေတယ်လို့လည်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်မှာလည်း တစ်ပိဿာကို ၂,၀၂၅ မှ ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်ဖြူ -----------
ပိတ်ရက်မတိုင်ခင် ဈေးတွေကျဆင်းသွားတဲ့ ကြက်သွန်ဖြူ(ရှမ်း)က ပိတ်ရက်အပြီးမှာတော့ ဈေးတွေ ပြန်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းနေတဲ့အတွက်ဈေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ (အောင်ပန်းထူး ၂.၃.၄) တို့က တစ်ပိဿာကို ၁,၈၅၀ ကနေ ၃၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၂၀၀ ကနေ ၃,၅၀၀ ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၃၀၀ ဈေးတက်လာပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄,၅၅၀ ကနေ ၄,၈၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။
ကြက်သွန်နီ ----------
ကြက်သွန်နီကတော့ ပိတ်ရက်မတိုင်ခင်ဈေးအေးနေပေမယ့် ပိတ်ရက်အပြီးမှာတော့ အဝင်နည်းတဲ့အတွက်ကြောင့်ဈေးက တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့တစ်ပိဿာကို ၅၇၅ ကနေ ၁,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်ဈေးတက်လာပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၀ ကနေ ၇၇၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၈၇၅ ကနေ ၁,၁၅၀ ပေါက်ဈေးရှိပြီး ၂၅ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)