menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၁၁.၇.၂၀၂၂ မှ ၁၅.၇.၂၀၂၂)
🫘🧅🌶🌶🧅🫘🧅🌶🌶🧅🫘
မတ်ပဲ
----
မတ်ပဲကတော့ ၁၇ သိန်းကျော်အထိ ဈေးတက်လာခဲ့ပြီး နှစ်ပတ်အတွင်း တစ်တန်ကို ၁၅ သိန်းကျော်အထိ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ ကုန်သည်များအကြားဈေးကစားမှုတွေကြောင့် အခုလိုရုတ်တရက် ပြန်လည်ကျဆင်းသွားတာဖြစ်ပြီး ငွေလဲလှယ်နှုန်းမူဝါဒကြောင့်လည်း ဖြစ်တယ်လို့သိရပါတယ်။ လတ်တလောမတ်ပဲကတော့ အိန္ဒိယနိုင်ငံလိုအပ်ချက်တွေကြောင့် အကျဈေးနဲ့ အကြာကြီးမရှိနိုင်ဘူးလို့ ကုန်သည်အများစုကတော့ခန့်မှန်းထားပါတယ်။ လက်ရှိပေါက်ဈေးထက် ပိုကျဆင်းမှာစိုးရိမ်ပြီး ထုတ်ရောင်းမှုတွေက ဈေးကို ပိုကျဆင်းသွားခဲ့တာဖြစ်လို့ စောင့်ကြည့်ရောင်းချဖို့ လိုအပ်ပါတယ်။
ရန်ကုန်ဘုရင်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၅သိန်း ၈သောင်းကျော် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၇သောင်းနီးပါး ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်အိတ်ကို ၂,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်း ကို ၅၀,၀၀၀ ကနေ ၅၂,၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ လောက် ဈေးပြန်ကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအပြောင်းအလဲ ပါးပါးလေးပဲရှိခဲ့ပြီး ဈေးငြိမ်နေတဲ့ အခြေအနေလည်း ဖြစ်နေပါတယ်။ ၂ပတ်အတွင်းမှာတော့ တစ်တန်ကို ၃သောင်းနီးပါးလောက်သာ ကျဆင်းခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှုက ပုံမှန်ရှိနေပြီးပြည်တွင်းမှာလည်း ပဲအများကြီးမရှိတဲ့အတွက် ဈေးကငြိမ်နေခဲ့တာဖြစ်ပြီး ငွေကြေးအလဲအလှယ်အပြောင်းအလဲကြောင့် သာဈေးကျဆင်းသွားခဲ့တာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၄သိန်း ၇သောင်းနီးပါး ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၅,၀၀၀ လောက်သာ ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးကျဆင်း သွားပါတယ်။ ပခုက္ကူဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၅,၅၀၀ လောက်သာပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက်ဈေးကျဆင်းပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကတော့ အဝင်နည်းပေမယ့် လက်ရှိ အကျဈေးနဲ့ဈေးငြိမ်နေတာ တစ်ပတ်ခန့်ရှိနေပါတယ်။ ဝင်သလောက်အရောင်းအဝယ်ရှိနေပေမယ့် အရည်အသွေးကြောင့် ဈေးကောင်းမရရှိဘူးလို့လည်း သိရပါတယ်။ အခါရက် ပွဲရုံတွေပိတ်တဲ့အတွက်လည်း အဝင်နည်းအရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ၊ မုံရွာ တို့က တစ်ပိဿာကို ၁,၀၅၀ ကနေ ၁,၇၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ ကုန်အဝင်ကလည်း ထက်ဝက်ခန့်လျော့ကျသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၄၀၀ ကနေ ၁,၈၀၀ ကြားရှိနေပြီး ဈေးငြိမ်ပါတယ်။
ငရုတ်
----
ငရုတ်ဈေးတွေ လက်ရှိမှာ အနည်းငယ်ငြိမ်နေပါတယ်။ အချို့ ငရုတ်ဈေးတွေကတော့ ပစ္စည်းလက်ကျန် လျော့နည်းလာတဲ့အတွက်ဈေးတွေ ပြန်တက်လာပါတယ်။ ငရုတ်(မိုးထောင်ဟင်္သာတ)က တစ်ပိဿာကို ၇,၈၀၀ ကနေ ၈,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်လာပါတယ်။ ငရုတ် (ဆင်ဖြူကျွန်းပု)တို့ကတော့ တစ်ပိဿာကို ၇,၅၀၀ ကနေ ၉,၀၀၀ ကျပ်၊ ငရုတ်(မြစ်ဝ)ကတော့ ၁၁,၀၀၀ ကနေ ၁၂,၀၀၀ ကျပ်ရှိနေပြီး ဈေးငြိမ်နေပါတယ်။ အခြား မြှားနီ၊ ပန်းရဲ ငရုတ်တွေကလည်း တစ်ပိဿာ ကို ၈,၀၀၀ ကနေ ၈,၅၀၀ ပေါက်ဈေးရှိနေပြီး အတက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။
နှမ်းနက်(စမုံ)
-----------
ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ နှမ်းနက်(စမုံ)ကတော့ ဈေးအနည်းငယ် ပြန်ကျဆင်းသွားပါတယ်။ ပစ္စည်းအဝင်များလာပြီး ဈေးအနည်းငယ်အေးသွားတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ မန္တလေး ဈေးကွက်မှာတော့ နှမ်းနက်(စမုံ)အသစ်ကတော့ တစ်အိတ်ကို ၂၁,၅၀၀ ကနေ ၂၃,၅၀၀ ပေါက်ဈေး ရှိပြီးတစ်အိတ်ကို ၂၀,၀၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။ မကွေးတိုင်းဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်ပါတယ်။
Sources : AMIA (Farmer Digital TV)