menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၂၂.၈.၂၀၂၂ မှ ၂၆.၈.၂၀၂၂)
🌾🌿🫘🧄🥔🌾🥔🧄🫘🌿🌾
🌾ဆန်စပါး🌾
ယခုတစ်ပတ်အတွင်း ဆန်ဈေးတွေရော စပါးဈေးတွေရော ဆက်တိုက်မြင့်တက်နေပါတယ်။ ဝယ်ယူသူများတဲ့အပြင် ငွေကြေးဖောင်းဖွ နေခြင်း၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်နေခြင်း၊ စပါးလက်ကျန်လျော့နည်းနေခြင်းတို့ကြောင့် ဆက်တိုက်ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ပြည်တွင်း သတင်းတစ်ပုဒ်အရ ဆန်ဈေးတွေမြင့်တက်နေတာနဲ့ပတ်သတ်ပြီး ထိန်းညှိုဖို့အတွက်အရန်ဆန်ထားရှိရေးစီမံကိန်းတစ်ခုကို ဆောင်ရွက်နေတယ်လို့ ဆန်စပါးအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၉၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၆၂,၀၀၀ ကနေ ၆၅,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ကျပ်၊ ဒေးဒရဲပေါ် ဆန်းမွှေးက တစ်အိတ်ကို ၆၀,၀၀၀ ကနေ ၆၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံက တစ်အိတ်ကို ၅၈,၀၀၀ ကနေ ၆၁,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ဆန်ကြမ်း ဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၃၈,၀၀၀ ကနေ ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၅၀,၀၀၀ ကနေ ၅၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၄၅,၀၀၀ ကနေ ၄၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ ဆန်သီးထပ်ဆန်ကတော့တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၄,၅၀၀ ကျပ်၊ ဧည့်မထ ၂၅ မှတ်တန် က တစ်အိတ်ကို ၃၃,၀၀၀ ကနေ ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁,၄၂၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၆,၀၀၀ ကျပ်၊ ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၆၀,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧည့်မထ(နွေ) နဲ့(မိုး) စပါးကတော့ တင်း ၁၀၀ကို ၉၃၀,၀၀၀ ကနေ ၉၄၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၉,၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၈,၀၀၀ ကနေ ၃၉,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁,၃၉၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၃,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာကာ ၆၀,၅၀၀ ကျပ်ရှိပါတယ်။ ဧည့်မထစပါး(နွေ)တင်း ၁၀၀ ကို ၉၈၃,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၃၈၅,၀၀၀ ပေါက်ဈေးရှိပြီး ၄,၀၀၀ ကျပ်အသီးသီး ဈေးတက်လာပါတယ်။ အခြား ဆန်နဲ့စပါးတွေကတော့ ပစ္စည်းလည်းမ ရှိပဲအတက်ဈေးနဲ့ဈေးငြိမ်နေပါတယ်။
🌿ကုလားပဲ🌿
ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ အမြင့်ဈေးနဲ့ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်မှာတော့ ဈေးက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အရောင်းအဝယ်လည်းအေးနေပြီး ဈေးကို ပြန်ထိန်းတဲ့အနေအထားဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃,၁၆၅ ကနေ ၃,၂၅၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃,၃၃၀ ကနေ ၃,၅၀၀ ကျပ် နဲ့ဈေးငြိမ်နေပြီး ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄,၂၀၀ ကနေ ၄,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၁၇၅,၀၀၀ ကနေ ၁၇၆,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၁၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ကျပ်၊ ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၁၈၃,၀၀၀ ကနေ ၁၈၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၅၉,၀၀၀ ကနေ ၆၃,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀လောက် ဈေးကျဆင်းပါတယ်။
🫘ပဲလွန်း🫘
ပဲလွန်းကတော့ ပစ္စည်းလက်ကျန်လျော့နည်းနေပြီး တင်ပို့မှုလည်းရှိနေတဲ့အတွက် ဈေးက ဆက်တိုက် တက်နေပါတယ်။ အချို့ဒေသတွေမှာတော့ လက်ကျန်မရှိတော့လို့အရောင်းအဝယ်လည်းမရှိဘူးလို့သိရ ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ(ပဲခူး)ကတော့ တစ်ပိဿာကို ၂,၄၁၅ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ ပဲလွန်းဖြူ(မြစ်ဝကျွန်းပေါ်)ကတော့ တစ်ပိဿာကို ၂,၂၁၅ ကနေ ၂,၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းနီကတော့ တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၃၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၂၅,၀၀၀ ပေါက်ဈေးရှိပြီး ပဲလွန်းဖြူကတော့တစ်အိတ်ကို ၁၁၀,၀၀၀ ကနေ ၁၂၅,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
🧄ကြက်သွန်ဖြူ🧄
ကြက်သွန်ဖြူကတော့ ဆက်တိုက်ဈေးတက်နေပါတယ်။ ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက်ဈေးက ပြန်တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၄,၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ရှမ်းကြက်သွန်ဖြူကတော့တစ်ပိဿာကို ၂,၅၀၀ ကနေ ၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၅၀၀ ကနေ ၃,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ကျပ်ဈေးတက်လာပါတယ်။
🥔အာလူး🥔
ဆက်တိုက်မြင့်တက်နေတဲ့အာလူးက ဈေးတွေပြန်ကျဆင်းသွားပါတယ်။ ကားအဝင်များတဲ့အတွက် ဈေးတွေ ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး (အောင်ပန်း)က တစ်ပိဿာကို ၁,၃၀၀ ကနေ ၂,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)