menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၂၉.၈.၂၀၂၂ မှ ၂.၉.၂၀၂၂)
🌾🌿🎋🫘🌽🌱🌽🫘🎋🌿🌾
🌾ဆန်စပါး🌾
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောဈေးတွေ အတက်ဈေးနဲ့ငြိမ်နေပြီး ဆန်ကြမ်းဈေးကတော့ အနည်းငယ် ထပ်ပြီးတက်လာပါတယ်။ နယ်ဈေးကွက်မှာတော့ ဆန်စပါးဈေးက အတက်ဈေးနဲ့ ငြိမ်နေပါတယ်။ ငွေလဲလှယ်နှုန်းဈေး ဆက်တိုက်မြင့်တက်မှုနဲ့အတူ ဝယ်ယူသိုလှောင်မှုများပြားတဲ့တွက် နေ့စဉ်မြင့်တက်နေတာ ဖြစ်ပါတယ်။စပါးအသစ်တွေ အချို့ဒေသတွေမှာ ထွက်ရှိနေပေမယ့် ဈေးက အများကြီးကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။ ဆန်စပါးအသင်းကတော့ လက်ရှိမြင့်တက်နေတဲ့ ဆန်စပါးဈေးကို ထိန်းချုပ်ရန်အတွက်အရန်ဆန်စီမံကိန်း တစ်ခုကို ဆောင်ရွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၃၉,၀၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ မြီးဒုံးဆန်က တစ်အိတ်ကို ၅၀,၀၀၀ ကနေ ၅၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ငစိန်ဆန်က တစ်အိတ်ကို ၃၇,၀၀၀ ကနေ ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ ဆန်သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၄၁,၀၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဆန်ချောက တစ်လအတွင်း တစ်အိတ်ကို ၄,၀၀၀ ကနေ ၆,၀၀၀ ကြားဈေးတက်လာပြီး ဆန်ကြမ်းကလည်းတစ်အိတ်ကို ၃,၀၀၀ ကနေ ၇,၀၀၀ ကြား ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာလည်း ပထမတန်းစားစပါးက တစ်လအတွင်း တင်း ၁၀၀ကို အနိမ့်ဆုံး တစ်သိန်းကနေ တစ်သိန်းခွဲကြား ဈေးတက်လာပါတယ်။ ဒုတိယတန်းစပါးကလည်း လည်း တစ်လအတွင်း တင်း ၁၀၀ ကို ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ကြား ဈေးတက်လာပါတယ်။
🌿မတ်ပဲ🌿
မတ်ပဲကတော့ ဒီတစ်ပတ် မှာ တစ်တန်ကို သိန်း ၂၀ကျော်ထိ ဈေးကမြင့်တက်လာပါတယ်။ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပဲဈေးတွေဆက်တိုက်မြင့်တက်နေတာဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ်၊ မြေဩဇာဈေး မြင့်တက်မှုတွေကလည်း ပဲဈေးမြင့်တက်နေစေပါတယ်။ ရောင်းသူကလည်း အမြင့်ဈေးနဲ့ လှောင်ထားပြီး ဝယ်ယူသူကလည်း အမြင့်ဈေးကို မလိုက်နိုင်တဲ့အတွက်ကြောင့် ဈေးတွေမြင့်တက်နေပေမယ့် ဈေးကွက် အတွင်းမှာတော့ အရောင်းအဝယ်က အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၁သိန်း နီးပါးပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂ သိန်း ၄ သောင်းလောက် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၅,၀၀၀ ကနေ ၂၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်း ကို ၆၃,၀၀၀ ကနေ ၆၇,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆,၀၀၀ လောက်တက်လာပါတယ်။ ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် မတ်ပဲက တစ်တန်ကို ၅ သိန်းနီပါး ဈေးတက်လာပါတယ်။
🫘ပဲစင်းငုံနီ
🫘
ပဲစင်းငုံနီကလည်း တစ်တန်ကို သိန်း ၂၀ကျော်အထိ ဈေးမြင့်တက်လာပါတယ်။ ဒေါ်လာဈေးမြင့်တက်မှု ပဲလက်ကျန်လျော့နည်းမှုတို့အပြင် အိန္ဒိယနိုင်ငံတွင်း ပဲစင်းငုံနီတန်ချိန် (၁) သိန်းကျော်ဝယ်ယူမယ်လို့ ထုတ်ပြန်မှုကြောင့် ပဲစင်းငုံနီရဲ့ အလားအလာကတော့ ဆက်ပြီးကောင်းနိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ လက်ရှိ မြန်မာပြည်တွင်းမှာတော့ ဈေးကမြင့်တက်နေပေမယ့် လိုအပ်မှသာ ဝယ်ယူရောင်းချမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၂,၁၅၀,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၂ သိန်း ၁ သောင်းလောက်ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၀၀,၀၀၀ ကနေ ၂၀၅,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁၇,၀၀၀ ကျပ်တက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့် မုံရွာတို့မှာတော့ တစ်တင်းကို ၆၃,၀၀၀ ကနေ ၆၇,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆,၀၀၀ လောက်ဈေးတက်လာပါတယ်။ ပဲစင်းငုံနီက ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် တစ်တန်ကို ၆ သိန်းနီးပါးတက်လာပါတယ်။
🌽ပြောင်း🌽
ပြောင်းကလည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဈေးတွေဆက်တိုက်မြင့်တက်နေခဲ့ပါတယ်။ ဩဂုတ်လ ကုန်အထိအခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ရရှိနေခဲ့တာဖြစ်ပြီး ယခုတင်ပို့ခွင့်သက်တမ်းကုန်ပြီဖြစ်လို့ ပြောင်းဈေးအခြေအနေက စောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၀၅၀ ကနေ ၁,၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်း တစ်အိတ်ကို ၅၃,၀၀၀ ကနေ ၅၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြားပြောင်းနီ၊ ရှမ်းပြောင်း၊ ဗမာပြောင်းများလည်း တစ်အိတ်ကို ၅,၀၀၀ နီးပါး ဈေးမြင့်တက်လာပါတယ်။ ဆန်ပြောင်းကလည်း တစ်အိတ်ကို ၅၆,၀၀၀ ကနေ ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ လောက်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
🎋ဂျုံ 🎋
ဂျုံဈေးကလည်း ဆက်တိုက်မြင့်တက်နေပါတယ်။ နိုင်ငံတကာမှာလည်း ဂျုံဈေးမြင့်တက်မှုနဲ့ အတူဒေါ်လာဈေး မြင့်တက်မှုတွေကြောင့် ပြည်တွင်းဂျုံဈေးကွက်ကလည်း ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ)က တစ်အိတ်ကို အနိမ့်ဆုံးဈေး ၁၆၀,၀၀၀ ကနေ ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၅၅,၀၀၀ ကနေ ၅၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင် ဂျုံက တစ်အိတ်ကို ၄ သောင်းကျပ် ဈေးတက်လာပါတယ်။
🌿နှမ်းမျိုးစုံ🌿
နှမ်းမျိုးစုံကတော့ တရုတ်နိုင်ငံကအဓိကဝယ်ယူနေတဲ့အပြင် အခြားပြည်ပနိုင်ငံအချို့ကလည်း ဝယ်ယူနေတဲ့အတွက်ကြောင့်ဈေးကမြင့်တက်နေပါတယ်။ ပြည်တွင်း နှမ်းအထွက်နှုန်းလျော့နည်းတာ ကလည်း နှမ်းဈေးကို ဆက်တိုက်မြင့်တက်နေပါတယ်။
🌿နှမ်းနက်(စမုံ)🌿
နှမ်းနက်(စမုံ)ကတော့ GAPနှမ်းတွေက ပိုအရောင်းသွက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာ တော့ သုံးတင်းဝင်တစ်အိတ်ကို ၂၅၀,၀၀၀ ကနေ ၃၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅,၀၀၀ကျပ်ဈေးတက်ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၆၀,၀၀၀ ကနေ ၂၈၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ တစ်လအတွင်း တစ်အိတ်ကို ၈ သောင်းကျော်ထိ ဈေး မြင့်တက်လာပါတယ်။ နှမ်းညိုကလည်း တစ်အိတ်ကို မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅,၀၀၀ ကျပ်ဈေးတက်လာပြီး တစ်လအတွင်း တစ်အိတ်ကို ၆၀,၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)