menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၅ . ၉ . ၂၀၂၂ မှ ၉ . ၉ . ၂၀၂၂)
🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿
မတ်ပဲ
-----
မတ်ပဲကတော့ တစ်ပတ်အတွင်းဈေးအတက်အကျအပြောင်းအလဲများစွာရှိပါတယ်။ ငွေလဲလှယ်နှုန်းဈေးတွေ ပြန်လည်ကျဆင်းသွားတဲ့အတွက် ပဲဈေးကပြန်ကျဆင်းသွားတာ ဖြစ်ပါတယ်။ အိန္ဒိယတင်ပို့မှုက ရှိနေတာဖြစ်တဲ့အတွက် အရောင်းအဝယ်ကတော့ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၉၄၀,၀၀၀ ကျော် အထိ ပြန်လည်ကျဆင်းသွားခဲ့ပြီး ရက်ပိုင်းအတွင်း သိန်း ၂၀ အထိ ဈေးပြန်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ မတ်ပဲက တစ်အိတ်ကို ၁၉၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ် အထိ ဈေးပြန်ကျဆင်းသွားပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်းကို ၆၃,၀၀၀ ကနေ ၆၅,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂,၀၀၀ နီးပါးဈေးပြန်ကျဆင်းပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကလည်း ဈေးကျဆင်းပါတယ်။ လက်ကျန်မရှိတော့ပဲ အိန္ဒိယတင်ပို့မှုရှိနေတာဖြစ်လို့ မတ်ပဲလောက် အတက်အကျမကြမ်းပဲ ငွေကြေးဈေးနှုန်းပေါ်မူတည်ပြီး တဖြည်းဖြည်းသာ ကျဆင်းနေ တာဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ တန်ချိန် ၁သိန်းကျော် အိန္ဒိယအစိုးရက ဝယ်ယူမှာဖြစ်လို့ အတက်ဈေးနဲ့ပဲ ရှိနေဦးမယ်လို့ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၂၀၄,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁သိန်းကျော်လောက်ဈေး ပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၉၈,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မြင်းခြံ နှင့် မုံရွာတို့မှာတော့ တစ်တင်းကို ၆၅,၀၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ နီးပါး ဈေး ကျဆင်းသွားပါတယ်။
ဂျုံ
---
ဂျုံကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်တွင်းဝယ်ယူအားများနေတဲ့အတွက် ငွေကြေးဈေး ကျဆင်းပေမယ့် မြင့်တက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ)က တစ်အိတ်ကို အနိမ့်ဆုံးဈေး ၁၆၀,၀၀၀ ကနေ ၂၀၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၆၅,၀၀၀ ကနေ ၆၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ လက်လီဈေးကွက်အတွင်း ဂျုံဈေးနှုန်းက တစ်ပိဿာကို ၇,၀၀၀ အထိပေါက်ဈေးရှိနေကြောင်းသိရပါတယ်။
ပဲကြီး
----
ပဲကြီးကလည်းဈေးမြင့်တက်နေပါတယ်။ အဝင်နည်းလာပြီဖြစ်ပြီး လက်ကျန်ကလည်း မရှိသလောက်ဖြစ် နေပြီလို့ သိရပါတယ်။ ပြည်တွင်းစားသုံးမှုများတဲ့ပဲဖြစ်ပြီး ပြည်တွင်းဝယ်ယူမှုလည်းများပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း၊ရွှေကျွန်း)က တစ်ပိဿာကို ၄,၀၀၀ ကနေ ၄,၆၀၀ ပေါက်ဈေးရှိပြီး ၉၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၂၂၀,၀၀၀ ကနေ ၂၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၂,၀၀၀ ကနေ ၈၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၇၇,၀၀၀ ကနေ ၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာအတက်ဈေးနဲ့ဈေးငြိမ်သွားပါတယ်။ ဈေးငြိမ်နေပေမယ့် ဝင်သ လောက်အဝယ်ရှိတယ်လို့သိရပါတယ်။ အသစ်တွေဈေးကွက်ထဲ အနည်းငယ်ဝင်လာပြီဖြစ်လို့ ဈေးက ငြိမ်သွားတာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊ မုံရွာ) က တစ်ပိဿာကို ၂,၇၅၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)