menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်" (၁၁.၁၀.၂၀၂၂ မှ ၁၄.၁၀.၂၀၂၂)
🌾🌿🌽🌿🌾🌽🌾🌿🌽🌿🌾
🌾ဆန်၊စပါး🌾
ဆန်ဈေးတွေကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ မိုးစပါးတွေ ဈေးကွက်ထဲအများအပြား ဝင် ရောက်နေတာဖြစ်ပြီး အရောင်းအဝယ်ကလည်းအေးနေပါတယ်။ ဆန်စပါးထွက်ရှိမှုနှုန်းက ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင်လျော့နည်းနိုင်ပြီး လက်ရှိသွင်းအားစုဈေးများ အဆမတန်မြင့်တက်နေမှုကြောင့် စပါးဈေးဆန်ဈေးတွေက ယခုထက်ပိုကျဆင်းပါက အရှုံးပေါ်မည်ကိုတောင်သူတွေစိုးရိမ်မှုများရှိနေသည်။
ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၇၈,၀၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံကတော့ တစ်အိတ်ကို ၅၇,၀၀၀ ကနေ ၅၉,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်ကတော့ တစ်အိတ်ကို ၄၇,၀၀၀ ကနေ ၄၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်၊ ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၄၂,၅၀၀ ကနေ ၄၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ဆန်သီးထပ်ကတော့ တစ်အိတ်ကို ၄၂,၅၀၀ ကနေ ၄၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းပါတယ်။
🌿မတ်ပဲ🌿
မတ်ပဲကတော့ တစ်ပတ်တာ ငွေကြေးလဲလှယ်ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီးဈေးအပြောင်းအလဲ အတက်အကျတွေရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ပဲပေါ်ချိန် မိုးအဆမတန်ရွာတဲ့အတွက် အထွက်နှုန်း လျော့နည်းနိုင်မယ်လို့သုံးသပ်မှုများရှိနေပြီး မတ်ပဲက ဈေးအနည်းငယ်ထပ်ပြီး တက်နိုင်ဦးမယ်လို့ ကုန်သည်အများစုကတော့ ခန့်မှန်းထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၈ သိန်း ၄ သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၅ သောင်းကျော်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၇,၀၀၀ ကနေ ၁၇၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်းကို ၅၈,၀၀၀ ကနေ ၅၉,၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
🌽ပြောင်းဆံ🌽
ပြောင်းဆံကတော့ ဈေးတက်လာပါတယ်။ ငွေကြေးဈေးမြင့်တက်လာမှုနဲ့အတူ အသစ်တွေကို အဝယ်များ လာတဲ့အတွက် ဈေးအနည်းငယ်ပြန်တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁,၀၄၀ ကနေ ၁,၀၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၁,၀၀၀ ကနေ ၅၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀လောက် ဈေးမြင့်တက်လာပါတယ်။ လားရှိုးဈေးကွက်မှာတော့ အစိုရာခိုင်နှုန်းပေါ်မူတည်ပြီး တစ်ပိဿာကို ၆၅၀ ကနေ ၉၅၀ ကြားပေါက်ဈေးရှိနေပြီး အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၂၅ကျပ်လောက် အပြောင်းအလဲရှိနေပါတယ်။
🌿ပဲပုတ်🌿
ပဲပုတ်ဈေးက ရန်ကုန်ဈေးကွက်မှာတော့ဈေးငြိမ်နေပါတယ်။ နယ်ဈေးကွက်မှာတော့ ပြည်ပအဝယ် လိုက်ပေမယ့် ငွေကြေးဈေးကျဆင်းနေခြင်း၊ ဈေးကွက်အတွင်း အသစ်တွေလည်းဝင်လာတဲ့ပစ္စည်းများ လာခြင်းတို့ကြောင့် ဈေးကပြန်ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုတ်(အထွက်တိုး) တစ်ပိဿာကို ၂,၈၃၀ ကနေ ၂,၉၂၀ ပေါက်ဈေးရှိပြီး ပဲပုတ်(ဆီတိုး)ကတော့ တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၀၈၅ ပေါက်ဈေးရှိနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲပုတ်(ရှမ်း)က တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃,၀၀၀ ကျပ်၊ ပဲပုတ်(ဗမာ)ကတော့ တစ်အိတ်ကို ၂၃၀,၀၀၀ ကနေ ၂၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)