menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်” (၇ . ၁၁ . ၂၀၂၂ မှ ၁၁ . ၁၁ . ၂၀၂၂)
🌾🌿🧅🧄🥔🌾🥔🧄🧅🌿🌾
ဆန်စပါး
------
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးအနည်းငယ်တက်လာပေမယ့် ဆန်ချောဈေးကတော့ ငြိမ်နေ ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဧည့်မထ ၂၅မှတ်တန်က တစ်အိတ်ကို ၄၁,၅၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၄၄,၀၀၀ ကနေ ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ရက်အတန်ကြာ ဈေးမဖွင့်ခဲ့ပေမယ့် ဒီတစ်ပတ် ဧရာဝတီကုန်သွယ်မှု ဗဟိုဌာနရဲ့ထုတ်ပြန်ချက်အရ အသစ်ထွက်လာတဲ့စပါးဈေးတွေက အမြင့်ဈေးနဲ့ရှိနေပါတယ်။ ပထမတန်းစားစပါးတင်း ၁၀၀ ကို ၁၆ သိန်းခွဲထိ ပေါက်ဈေးရှိနေပြီး ဒုတိတန်းစားစပါးကတော့ တင်း ၁၀၀ ကို ၁၃ သိန်းနဲ့ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ဆန်ဈေးနှုန်းတွေကလည်း တစ်အိတ်ကို ၁၀,၀၀၀ နီးပါးလောက်ထိ မြင့်တက်နေခဲ့ပါတယ်။ ဘင်္ဂလာဒေ့နိုင်ငံတင်ပို့မှု ရှိနေတဲ့အတွက် ဧည့်မထဆန်တွေ ဈေးမြင့်တက်နေတာဖြစ်ပြီးတော့ ရန်ကုန်ဈေးကွက်မှာတော့ ဆန်အဝင်ပုံမှန်အရောင်းအဝယ်ကလည်း ပွဲတော်ကာလအပြီး အေးသွား တယ်လို့သိရပါတယ်။ စပါးဈေးက ဆက်ပြီးတက်နိုင်ခြေရှိလို့ သိုလှောင်ဝယ်ယူမှုတွေများနေတယ်လို့လည်း ကုန်သည်တွေထံကနေ သိရပါတယ်။
ကုလားပဲ
-------
ကုလားပဲကတော့ ပြီးခဲ့တဲ့တစ်ပတ်ကအထိ အပြောင်းအလဲသိပ်မရှိပဲ ဈေးငြိမ်နေပေမယ့် ဒီတစ်ပတ်မှာ တော့ ပိတ်ရက်အပြီး အရောင်းအဝယ်တွေရှိနေပြီဖြစ်လို့ ဈေးကပြန်တက်လာပါတယ်၊၊ စားတော်ပဲ အစားထိုးဝယ်ယူမှုကြောင့် အရောင်းအဝယ်ကတော့ လတ်တလောကောင်းနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃,၁၆၅ ကနေ ၃,၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃,၂၅၀ ကနေ ၃,၄၁၅ ကျပ် ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၄,၀၀၀ ကနေ ၄,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၁၇၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်၊ ကုလားပဲ (၉၂၉)ကတော့ တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၁၈၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့တစ်အိတ်ကို ၁၉၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ကုလားပဲ (ဗွီဆဲဗင်း)ကတော့ တစ်အိတ်ကို ၂၀၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၅၉,၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်၊ ကုလားပဲ(၉၂၉)က တစ်တင်းကို ၆၀,၇၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၂၀၀ ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်တင်းကို ၆၅,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ အခြားကုလားပဲအမျိုးအစားတွေထက် ကုလားပဲ(ဗွီတူး)ကတော့ ပိုပြီးဈေးကောင်းရနေတယ်လို့ ကုန်သည်တွေကဆိုပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီ(နွေ)တွေကတော့ ပစ္စည်းကုန်ချိန်ဖြစ်နေပြီး အဝင်နည်းတဲ့အတွက်ဈေးကောင်းလည်းရနေပါတယ်။ မိုးကြက်သွန်တွေ ဈေးကွက်ထဲ ဝင်လာနေပါတယ်။ ပွဲတော်ကာလပိတ်ရက်ရှည်တွေရယ်၊ ကုန်အတင် ထိန်းနေတာတွေက ကြက်သွန်ဈေးကို အတက်ဈေးနဲ့ ရှိနေတာလည်း ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုလည်း ရှိနေပါတယ်။ နေ့စဉ်ကုန်စည်ဒိုင်ကို နွေကြက်သွန် ကုန်တန်ချိန် ၃၅,၀၀၀ လောက်သာ အဝင်ရှိနေပြီး အသစ်တွေကတော့ ကုန်တန်ချိန် တစ်သိန်းကျော်ဈေးကွက်ထဲ ဝင်ရောက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(နွေ)က တစ်ပိဿာကို ၃,၄၀၀ ကနေ ၄,၆၀၀ အထိပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်ပါတယ်။ မိုးကြက်သွန်နီတွေကတော့ အနိမ့်ဆုံးဈေး ၁,၄၀၀ ကနေ ၂,၇၀၀ ကြားပေါက်ဈေးရှိနေပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၃,၇၀၀ ကနေ ၄,၀၀၀ ကြားပေါက်ဈေးရှိနေပြီး နေ့စဉ်အရောင်းအဝယ်ပေါ်မူတည်ပြီး အပြောင်းအလဲအနည်းငယ်ရှိပါတယ်။
ကြက်သွန်ဖြူ
-----------
ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲအဝင်များပြီး ဈေးတွေကျဆင်းနေပေမယ့် ကြက်သွန်ဖြူ (ကြူ ကုတ်)ကတော့ အကျဈေးနဲ့ဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၂,၉၀၀ ကနေ ၄,၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀လောက်ကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃,၇၀၀ ကနေ ၄,၁၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၃,၇၀၀ ကနေ ၃,၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့တစ်ပိဿာကို ၄,၀၀၀ နဲ့ဈေးငြိမ်ပါတယ်။
အာလူး
-----
ပြီးခဲ့တဲ့တစ်ပတ်ကအထိ ဈေးကျဆင်းတဲ့ အာလူးက ဒီတစ်ပတ်မှာတော့ကားအဝင်နည်းလို့ဈေးက အနည်းငယ်ပြန်တက်လာပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပေမယ့် ပိတ်ရက်ရှည်တွေကြောင့် ကုန်အဝင်နည်းပြီးဈေးတက်တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၁,၆၀၀ ကနေ ၁,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာ ကို ၂၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။ တရုတ်အာလူးကလည်းတစ်ပိဿာကို ၂,၂၀၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးတက်ပါတယ်။
Sources : AMIA (Farmer Digital TV)