menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၉ . ၁ . ၂၀၂၃ မှ ၁၃ . ၁ . ၂၀၂၃)
🌾🫘🧅🌶️🌾🌾🌶️🧅🫘🌾
ဆန်၊ စပါး
--------
ဒီတစ်ပတ်မှာတော့ ဝါးတန်းဆန်ဈေးကွက်မှာ ဆန်အသစ်တွေ ဈေးကွက်စဖွင့်ပါတယ်။ ဈေးကွက်အတွင်း ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ကောင်းနေတယ်လို့သိရပါတယ်။ ဆန်ချော အသစ်ဈေးနဲ့အဟောင်းဈေးကတော့ ဈေးအများကြီး ကွာဟမှုမရှိတာကိုလည်း ဈေးကွက်စာရင်းတွေအရ သိရပါတယ်။ နယ်စပ်စခန်းတွေ ပြန်ဖွင့်နေပြီဖြစ်လို့ ဆန်တင်ပို့မှုက ဒီထက်ပိုလာနိုင်ပြီး ဈေးတက်နိုင်ဦးမယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းအသစ်စပါးတွေကတော့ လက်ကျန်မရှိသလောက် ဖြစ်နေတယ်လို့သိရပါတယ်။
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းနယ်စုံ(ဖျာပုံ၊မြောင်းမြ၊ဒေးဒရဲ)တို့က တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၆၀,၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းဈေးနဲ့ တစ်အိတ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကြားကွာဟမှု ရှိပါတယ်။ ရွှေဘိုပေါ်ဆန်းအသစ်ကတော့ တစ်အိတ်ကို ၆၆,၀၀၀ ကနေ ၇၂,၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းနဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၂၀,၀၀၀ နီးပါးကွာဟမှုရှိပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထကတော့ အဟောင်းလက်ကျန်မရှိတော့ဘူးလို့သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ ၂၅မှတ်တန်က တစ်အိတ်ကို ၄၁,၅၀၀ ကနေ ၄၂,၅၀၀ ပေါက်ဈေးရှိနေပြီး ဧည့်မထ ရိုးရိုးကတော့ တစ်အိတ်ကို ၄၂,၅၀၀ ကနေ ၄၄,၀၀၀ ကြားပေါက်ဈေးရှိကာ ဈေးငြိမ်နေပါတယ်။ အခြား ငစိန်သစ်၊ မြီးဒုံးသစ်၊ ရက် ၉၀ ဆန် တို့ကတော့တစ်အိတ်ကို ၄၄,၀၀၀ ကနေ ၄၆,၀၀၀ ကြားပေါက်ဈေးရှိနေပြီး အဟောင်းနဲ့ ယှဉ်ရင် တစ်အိတ်ကို ၅,၀၀၀ ကနေ ၈,၀၀၀ ကြား ဈေးကွာဟမှု ရှိနေပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ကို ၁၄ သိန်းကျော်ပေါက်ဈေးရှိနေပြီး ဆန်ကတော့တစ်အိတ်ကို ၅၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ အခြား မြောင်းမြ၊ ဒေးဒရဲ၊ ဖျာပုံပေါ်ဆန်း စပါးတို့ကလည်း တင်း ၁၀၀ ကို ၁၄ သိန်းကနေ ၁၄ သိန်း ၅သောင်းကြား ပေါက်ဈေးရှိနေပြီး ဆန်ကလည်း တစ်အိတ်ကို ၅၅,၀၀၀ ကနေ ၅၈,၀၀၀ကြား ပေါက်ဈေးရှိနေပါတယ်။ အပြင် ပေါက်ဈေးမှာတော့ စပါးဈေးက ယခုထက် များပြားတယ်လို့ သိရပါတယ်။ ဧည့်မထ(မြို့နယ်စုံ)စပါးတွေကလည်း တင်း ၁၀၀ ကို ၁၁ သိန်းကနေ ၁၁ သိန်း ၅သောင်းကျော်ထိပေါက်ဈေးရှိနေပါတယ်။ ဆန်ကလည်း တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၆,၀၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဏာနှစ်၉ လတာ ကာလအတွင်းမှာတော့ တရုတ်နိုင်ငံကို ဆန်တင်ပို့မှုက အများဆုံး ဖြစ်ခဲ့ပြီး ထိုင်းနိင်ငံ၊ဘင်္ဂလားဒေ့နိုင်ငံတို့က ဝယ်ယူတင်သွင်းခဲ့ပါတယ်။
မတ်ပဲ
-----
မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးကအနည်းငယ်တက်လာပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးကတည်း အနည်းငယ်မြင့်တက်နေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မြန်မာ့မတ်ပဲတွေကို ထိန်းရောင်းထိန်းဝယ်တွေ ပြုလုပ်နေတယ်လို့ ဘာသာပြန်သတင်းတစ်ပုဒ်မှာ ဖော်ပြထားသလို ပြည်တွင်းကုန်သည်တွေကလည်း ဈေးကွက်အခြေအနေကို စောင့်ကြည့်ဝယ်ယူနေကြပါတယ်။ တင်ပို့မှုသက်တမ်း တိုးလိုက်တာဖြစ်လို့ အလောတကြီးဝယ်ယူမှုမပြုလုပ်တာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ဆောင်းပဲ အထွက်နှုန်းတိုးမယ်ဆိုတဲ့ ထုတ်ပြန်မှုကြောင့် ထိန်းဝယ်နေပေမယ့် အိန္ဒိယပြည်တွင်းမှာ မတ်ပဲလက်ကျန်သိပ်မရှိတော့ပဲ ဝင်သမျှဝယ်ယူနေတယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အိန္ဒိယမှာပွဲတော်ကာလမို့ အဝယ်များနေတာဖြစ်ပြီး သိပ်မကြာခင် ဈေးကျဆင်းနိုင်တယ်လို့ ပြည်တွင်းကုန်သည်အချို့က သုံးသပ်ထားပါတယ်။ ပြည်တွင်းမှာတော့ မတ်ပဲအသစ်တွေလည်း ဈေးကွက်ထဲဝင်နေပြီး လက်ရှိမှာတော့ အဝင်ရှိသလောက်အဝယ်သွက်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၅သောင်းကျော်ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁ သောင်းကျော်လော် ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၈,၀၀၀ ကနေ ၁၆၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ လောက် ဈေးတက်ပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာ မတ်ပဲက တစ်တင်း ကို ၅၂,၅၀၀ ကနေ ၅၃,၅၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းမှာတော့ တစ်တင်းကို ၅၀၀ လောက်သာ အတက်အကျ အပြောင်းအလဲရှိပါတယ်။
ပဲစင်းငုံနီ
-------
ပဲစင်းငံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံနီ ဝယ်ယူမှုမြင့်လာတဲ့အတွက် ပြည်တွင်းမှာပါ ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာတော့ အသစ်တွေထွက်ရှိနေပေမယ့် ကြိုပွိုင့်ဝယ်ယူမှုတွေကြောင့် ဈေးကကောင်းနေပါတယ်။လက်ရှိ ပဲစင်းငုံနီဈေးကွက် အခြေအနေကတော့ ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်တက်မှုပေါ် သက်ရောက်မှုမရှိပဲ ကြိုက်ဈေးကြိုက်ဝယ် အနေအထားရှိနေပြီဖြစ်တယ်လို့ ကုန်သည်အချို့ကတော့ ဆိုပါတယ်။ ပဲစင်းငုံနီကတော့ အပြောင်းအလဲများတဲ့ အိန္ဒိယရဲ့မူဝါဒတွေကို စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ရေရှည်မှာတော့ ဈေးကောင်းရနိုင်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၈သောင်းကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁ သောင်းကျော် ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၆၇,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅,၀၀၀ ကနေ ၅၇,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁,၀၀၀လောက် ဈေးမြင့်တက်လာပါတယ်။
ပဲတီစိမ်း
-------
ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ အကျဈေးနဲ့ဈေးငြိမ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ လက်ရှိ တရုတ်နယ်စပ်ဂိတ်တွေပြန်လည်ဖွင့်လှစ်လာပြီဖြစ်လို့ တင်ပို့မှုလည်းများလာပြီး ဈေးတွေလည်းပြန်မြင့်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူး၊ ရွှေဝါ၊ ခရမ်းရွှေဝါ၊ ဝါးခယ်မ)တို့က တစ်ပိဿာကို ၂,၀၀၀ ကနေ ၂,၉၂၀ ကြား ပေါက်ဈေးရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၄၇,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇,၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၅၀၀ ကနေ ၄၆,၅၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁,၀၀၀ လောက် ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၄၂,၀၀၀ ကနေ ၄၇,၅၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁,၅၀၀ လောက် ဈေးမြင့်တက်လာပါတယ်။
ကြက်သွန်နီ
--------
ကြက်သွန်နီကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ နေ့စဉ် ကားအဝင် အစီးရေ ၄၀ နီးပါးရှိပြီး ပိဿာချိန် ၂၅၀,၀၀၀ နီးပါးအဝင်ရှိနေတာဖြစ်လို့ ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီက တစ်ပိဿာကို ၁,၆၀၀ ကနေ ၂,၁၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ၁,၈၀၀ ကနေ ၂,၅၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပခုက္ကူဈေးကွက်မှာလည်း တစ်ပိဿာကို ၁,၁၀၀ ကနေ ၁,၇၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ လောက်ဈေးကျဆင်းပါတယ်။
ငရုတ်
-----
ငရုတ်ကတော့ ပြည်ပအဝယ်ရှိနေတဲ့အတွက် ဈေးတွေမြင့်တက်လာပါတယ်။ ငရုတ်သီးအစိမ်းတွေ အဝင်ရှိနေတဲ့အတွက် ငရုတ်အခြောက်တွေဈေးကောင်းရရှိနေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၇,၅၀၀ ကနေ ၁၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃,၀၀၀ ကျပ်၊ ပန်းရဲ ငရုတ်ကတော့ တစ်ပိဿာကို ၁၄,၀၀၀ ကနေ ၁၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်၊ မိုးထောင်ပျော်ဘွယ်ကတော့ တစ်ပိဿာကို ၁၄,၀၀၀ ကနေ ၁၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂,၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)