menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၂၅.၁၀.၂၀၂၁) မှ (၂၉.၁၀.၂၀၂၁)
🌿🍃🌱🍃🌿🌱🌿🍃🌱🍃🌿
🌱မတ်ပဲ🌱
မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးတွေကကျဆင်းပါတယ်။အဓိကပြည်တွင်းငွေလဲလှယ်နှုန်းဈေးကျဆင်းတဲ့အတွက်ကြောင့်ဈေးတွေကကျဆင်းနေတာဖြစ်ပါတယ်။ မတ်ပဲဈေးက အဓိကဒေါ်လာဈေးနဲ့ကျပ်ငွေပြောင်းလဲမှုမှာမူတည်နေပြီးတော့ FOB ဈေးတွေကတော့ အပြောင်းအလဲသိပ်မရှိပါဘူး။ အိန္ဒိယမှာလည်း ဒေသထွက်မတ်ပဲတွေဝင်လာလို့ ပြည်ပက မတ်ပဲဈေးတွေက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည်တွေသုံးသပ်ထားသလို မြန်မာ့မတ်ပဲကတော့တင်ပို့မှုက ပုံမှန်ရှိနေမှာဖြစ်ပြီးတော့ ငွေကြေးပြောင်းလဲမှုကြောင့်သာကျဆင်းတာသာဖြစ်လို့ဈေးကမာနေဦးမှာပါ။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁,၃၆၀,၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တစ်တန်ကို ၁ သိန်းကျော်လောက်ဈေးကျဆင်းသွားပါတယ်။ ဒေါ်လာပေါက်ဈေးကလည်းပြီးခဲ့တဲ့အပတ်က တစ်ဒေါ်လာကိုငွေကျပ် ၂,၀၀၀ နီးပါးရှိပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာကို ၁,၈၂၀ အထိဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲက တစ်အိတ်ကို ၁၂၅,၀၀၀ ထိ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂၀,၀၀၀ ထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၅,၀၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။ မတ်ပဲက တစ်လအတွင်း တစ်တန်ကို ငွေကျပ် ၅သိန်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီက မတ်ပဲလောက် အကျမကြမ်းပေမယ့် ငွေဈေးပြောင်းလဲမှုပေါ်မူတည်ပြီး တစ်ဖြေးဖြေးကျဆင်းနေပါတယ်။ ပြည်တွင်းမှာလည်းဈေးကျဆင်းနေသလို အိန္ဒိယမှာလည်း ဝယ်ယူမှုလျော့နည်းလို့ ဈေးတွေကျဆင်းနေတယ်လို့ အိန္ဒိယပဲသတင်းတွေအရသိရပါတယ်။ ပဲစင်းငုံနီက လက်ရှိပြည်တွင်းမှာလည်းလက်ကျန်လျော့နည်းနေတာဖြစ်လို့ အိန္ဒိယမှာ ပဲဈေးတွေ ဆိုးဆိုးရွားရွားကျဆင်းမှုမရှိရင်တော့ယခုထက်ဈေးကျဆင်းသွားနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁,၂၁၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆ သောင်းကျပ်ဈေးကျဆင်းသွာပါတယ်။ မန္တလေးဈေးကွက်မှာ ဈေးမဖွင့်ပါ။ အောင်လံဈေးကွက်မှာ တစ်တင်းကို ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲစင်းငုံနီကလည်း တစ်လ အတွင်း တစ်တန်ကို ၃၅၀,၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။
🍃ပဲလွန်း🍃
ပဲလွန်းတွေလည်း အရောင်းအဝယ်အေးပြီးဈေးတွေကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့တဲ့ ပဲတွေဖြစ်တဲ့အတွက်ကြောင့် ငွေကြေးပြောင်းလဲမှုပေါ်မူတည်ပြီးဈေးတွေက အတက်အကျဖြစ်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ(ပဲခူး၊မြစ်ဝကျွန်းပေါ်)အမျိုးအစားက တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၄၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲလွန်းဖြူက သုံးတင်းဝင် တစ်အိတ်ကို ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲလွန်းနီ (မြစ်ဝကျွန်းပေါ်) ကတော့ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၆၆၅ ကနေ ၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲလွန်းပြာကတော့ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၀၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
🌱စားအုန်းဆီ🌱
စားအုန်းဆီကလည်း ဈေးတွေပြန်ကျဆင်းသွားပါတယ်။ အဓိက ငွေလဲလှယ်နှုန်းဈေးကြောင့် ကျဆင်းသွားတာဖြစ်သလို ဆီအသင်းကလည်းပြည်နယ်အလိုက် ထုတ်ရောင်းပေးမှုကြောင့် ဈေးကွက်အတွင်းတည်ငြိမ်သွားတယ်လို့ဆိုလို့ရပါတယ်။ ဆီကုန်သည်အသင်းရဲ့ ဈေးနှုန်းအရ စားအုန်းဆီ (CIF) ဈေးနှုန်းက မြင့်တက်နေပေမယ့် ကျဆင်းသွားတဲ့ ငွေလဲလှယ်နှုန်းဈေးကြောင့် ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ စားအုန်းဆီ (CIF) ဈေးက ၁,၃၆၀ ကနေ ၁,၃၈၀ ဒေါ်လာပေါက်ဈေးရှိပြီး ၁၅ ဒေါ်လာ ဈေးတက်လာပေမယ့် ငွေလဲလှယ်နှုန်းဈေးက ဗဟိုဘဏ်ပေါက်ဈေးအရ ငွေကျပ် ၁၀၀ ကျော်ဈေးကျဆင်းသွားတဲ့အတွက် စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄,၂၅၀ ပေါက်ဈေးရှိပြီး ၃၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က စားအုန်းဆီ (CIF) ဈေးနှုန်းက ၁,၃၆၅ ပေါက်ဈေးရှိပေမယ့် စားအုန်းဆီ လက်ကားဈေးက တစ်ပိဿာကို ၄,၅၂၀ ပေါက်ဈေးရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ စားအုန်းဆီက တစ်ပိဿာကို ၄,၄၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၄၅၀ ကနေ ၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ တစ်လအတွင်း တစ်ပိဿာကို ၆၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။
🌿နှမ်းဖြူ🌿
နှမ်းဖြူကတော့ တစ်ပတ်အတွင်းဈေးငြိမ်မှုမရှိပါဘူး။ဈေးကွက်ထဲအဝင်များပြီးအဝယ်ပါးတဲ့အတွက်ကြောင့် ဈေးတွေက အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ နှမ်းဖြူ(ဂျပန်)ကလည်း တစ်အိတ်ကို ၁၆၀,၀၀၀ ကနေ ၁၆၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆင်ဖြူကျွန်းမှာတော့ နှမ်းဖြူက တစ်တင်းကို ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA(Farmer Digital TV)