menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်” (၁၈.၇.၂၀၂၂ မှ ၂၂.၇.၂၀၂၂)
🌿🫘🌽🥜🌼🌿🌼🥜🌽🫘🌿
🌿မတ်ပဲ🌿
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို ၇သောင်းနီးပါး ဈေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာ တော့ ဒေါ်လာဈေးမြင့်တက်မှု အိန္ဒိယနိုင်ငံက တန်ချိန် ၂သိန်းခွဲ ဝယ်ယူရန် တရားဝင်ထုတ်ပြန်မှု တွေကြောင့် ဈေးကပြန်တက်လာပါတယ်။ ဆက်ပြီးတက်လာမယ်လို့ ခန့်မှန်းထားပေမယ့် တစ်ပတ်အတွင်း အတက်အကျတွေကတော့ ရှိပါတယ်။ လက်ရှိအခြေအနေရ ဒေါ်လာဈေးမြင့်တက်မှု ငွေကြေးလဲလှယ်ရာအခက်အခဲရှိမှု နှင့် ပြောင်းလဲနေတဲ့မူဝါဒတွေကြောင့်ဈေးအတက်အကျ ခန့်မှန်းရန် ခက်ခဲနေတယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆သိန်း ၇သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၉ သောင်းလောက်ဈေးပြန်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၀,၀၀၀ ကနေ ၅၂,၀၀၀ ကြား ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
🫘ပဲစင်းငုံနီ🫘
ပဲစင်းငုံနီကတော့ မတ်ပဲလောက်အတက်အကျမကြမ်းပါဘူး။ အိန္ဒိယနိုင်ငံမှာ မိုးကြောင့် ပဲစိုက်ဧကတွေ လျော့နည်းတယ်ဆိုတဲ့သတင်းတွေက ပဲစင်းငုံနီဈေးကိုမာစေပါတယ်။ ပြည်တွင်းလက်ကျန်လျော့ နည်းတာတွေ ဒေါ်လာဈေးမြင့်တက်တာတွေ အိန္ဒိယမှ တန်ချိန်၁သိန်းခွဲ ဝယ်ယူမယ် ဆိုတဲ့ တရားဝင်ထုတ်ပြန်မှုတွေကြောင့် ပဲစင်းငုံနီက ဒီတစ်ပတ်မှာ အနည်းငယ်ပြန်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတော့ တစ်တန်ကို ၁၄ သိန်း ၈သောင်းကျော်ပေါက်ဈေးရှိပြီး မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၁၄၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေး တက်လာပါတယ်။ ပခုက္ကူဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
🌽ပြောင်းဆံ🌽
ဒေါ်လာဈေးမြင့်တက်မှုတွေကြောင့် ပဲအများစုဈေးမြင့်တက်နေပေမယ့် ပြောင်းဈေးကတော့ ဆက်တိုက် ကျဆင်းနေပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကြောင့် တင်ပို့မှုရပ်ဆိုင်းထားတဲ့အခြေအနေတွေနဲ့ ပြောင်းဈေးက ကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၈၃၀ ကနေ ၈၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ကျပ် ဈေး ထပ်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၄၀,၀၀၀ ကနေ ၄၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ အခြား ပြောင်းနီ၊ ဆန်ပြောင်း၊ ဗမာပြောင်း တို့ကလည်း တစ်အိတ်ကို ၃၈,၀၀၀ ကနေ ၄၁,၀၀၀ ကြား ပေါက်ဈေးရှိ နေပြီး ၃,၀၀၀ လောက် ကျဆင်းပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၃,၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။
🥜မြေပဲ🥜
မြေပဲကတော့ လက်ရှိဆီဈေးတွေ မြင့်တက်လာမှုနဲ့အတူဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ လက်ရှိ အမြင့်ဆုံးရောက်ရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆံက တစ်ပိဿာကို ၄,၉၀၀ ကနေ ၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာ တော့ မြေပဲလုံးအနီဆံကတော့ ၄,၈၅၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ် ဈေးကျဆင်းပြီး အဖြူဆံကတော့ တစ်ပိဿာကို ၄,၈၅၀ ပေါက်ဈေးရှိပြီး ၅၀ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း မြေပဲလုံးအနီဆံ က တစ်ပိဿာကို ၄,၈၅၀ မှ ၄,၉၅၀ ပေါက်ဈေးရှိပြီး ၅၀ကျပ်၊ မြေပဲလုံးအဖြူဆံ ကတော့ တစ်ပိဿာကို ၄,၈၀၀ ကနေ ၄,၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ် အသီးသီး ဈေးတက်လာပါတယ်။
🌼ပန်းနှမ်း🌼
နှမ်းမျိုးစုံကတော့ အတက်ဈေးနဲ့ဈေးငြိမ်သွားပေမယ့် ပန်းနှမ်းကတော့ လက်ကျန်မရှိတော့တဲ့အတွက် ဈေးက ဆက်တိုက်မြင့်တက်နေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၂၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
Sources : AMIA (Farmer Digital TV)