menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်" (၃. ၁၀ . ၂၀၂၂ မှ ၇ . ၁၀ . ၂၀၂၂)
🌿🫘🧅🧅🫘🌿🫘🧅🧅🫘🌿
မတ်ပဲ
-----
မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ငွေကြေးဈေးကျဆင်းတဲ့အတွက် ပဲဈေးကကျဆင်း နေတာဖြစ်ပေမယ့် တင်ပို့မှုကတော့ အိန္ဒိယအဝယ်ရှိနေတဲ့အတွက်ပုံမှန်ရှိနေပါတယ်။ ဈေးကျဆင်းနေ တာဖြစ်လို့ ပြည်တွင်းအရောင်းအဝယ်ကတော့အေးနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတစ်တန်ကို ၁၈ သိန်း ကျော်ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀,၀၀၀ နီးပါးဈေးကျဆင်းပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း တစ်တန်ကို ၂ သိန်းနီးပါးဈေးကျဆင်းခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၈,၀၀၀ ကနေ ၁၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မြင်းခြံဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်း ကို ၅၈,၀၀၀ ကနေ ၅၉,၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၀၀၀ ကနေ ၁,၅၀၀ ကြား ဈေးကျဆင်းပါတယ်။
ပဲလွန်း
-----
ပဲလွန်းဈေးကတော့ ရန်ကုန်ဈေးကွက်မှာကျဆင်းနေပေမယ့် မန်းဈေးကွက်မှာတော့ အဝယ်အနည်း ငယ်ပြန်လိုက်လာတဲ့အတွက်ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပဲလက်ကျန်နည်းနေတဲ့အတွက် အချို့ပဲများဈေးငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂,၀၈၀ ကနေ ၂,၄၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးကျဆင်းပါတယ်။ ပဲလွန်းနီကတော့ တစ်ပိဿာကို ၂,၁၆၅ ကနေ ၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက တစ်အိတ်ကို ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းဖြူကတော့ တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
ကြက်သွန်နီ
----------
ကြက်သွန်နီကတော့ကားအဝင်ပေါ်မူတည်ပြီး ဈေးအတက်အကျရှိနေပါတယ်။ နေ့စဉ် ရန်ကုန်ဈေးကွက် ကို ပိဿာချိန် ၂ သိန်းနီးပါး ဝင်ရောက်နေတဲ့အတွက် အဝင်ထိန်းဖို့ ကြက်သွန်ကုန်သည်တွေကတော့ ဆိုထားပါတယ်။ ပြည်ပတင်ပို့မှုကလည်းနည်းနေပြီး အသစ်တွေ ဈေးကွက်ထဲဝင်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(နယ်စုံ)က တစ်ပိဿာကို ၂,၅၀၀ ကနေ ၃,၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ လောက်အတက်အကျရှိနေပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့အဝင်နည်းတဲ့အတွက် တစ်ပိဿာကို ၂,၅၀၀ ကနေ ၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ထန်းလျက်
---------
ထန်းလျက်ကလည်းဈေးတွေကျဆင်းပါတယ်။ ဈေးကွက်ထဲအဝင်များလာပြီး ပွဲတော်ရာသီဖြစ်လို့ အဝယ် ကတော့သွက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်(မျိုးစုံ)က တစ်ပိဿာကို ၃,၀၀၀ ကနေ ၃,၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက်ဈေးကျဆင်းသွားပါတယ်။
သကြား
------
သကြားဈေးကတော့ ဈေးကျဆင်းပါတယ်။ ငွေဈေးကျဆင်းမှုနဲ့အတူ ပြည်ပတင်ပို့မှု မရှိဘူးတဲ့အတွက် ဈေးကပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကို အဓိကတင်ပို့နေပေမယ့် လက်ရှိမှာ ဗီယမ်နမ်ကို တင်ပို့မှုရှိနေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ သကြားက တစ်ပိဿာကို ၂,၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၃၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA (Farmer Digital TV)