menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၇ . ၂ . ၂၀၂၃ မှ ၃ . ၃ . ၂၀၂၃)
🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿
မတ်ပဲ
-----
မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းသွားတာဖြစ်ပြီး တစ်ပတ်အတွင်းမှာတော့ နေ့စဉ် အဝင်ပေါ်မူတည်ကာ အတက်အကျရှိနေခဲ့ပါတယ်။ ပဲအသစ်တွေ ဈေးကွက်ထဲဝင်နေပြီဖြစ်လို့ ဈေးချဝယ်ယူမှုကြောင့် ဈေးကပြန်ကျဆင်းသွားတာ ဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေးကတက်နေတာဖြစ်လို့ မတ်ပဲကဈေးက လတ်တလောအများကြီး ကျဆင်းနိုင်မှာမဟုတ်ဘူးလို့ ကုန်သည်တွေကသုံးသပ်ထားပြီး ပေါ်ချိန်ဖြစ်နေတဲ့အတွက် အများကြီးလည်းဈေးတက်တော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၁၈သိန်း ၅သောင်းကျော် ပေါက်ဈေးရှိနေပြီး တစ်တန်ကို ၁၀,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၈၀,၀၀၀ ကနေ ၁၈၃,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲက တစ်တင်း ကို ၅၉,၀၀၀ ကနေ ၆၀,၀၀၀ ကြားပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
ကုလားပဲ
--------
ကုလားပဲကလည်း နေ့စဉ်အဝင်ပေါ်မူတည်ပြီး ဈေးအတက်အကျရှိနေတာဖြစ်ပါတယ်။ အထွက်နှုန်း လျော့ပြီးသွင်းအားစုဈေးတွေမြင့်တက်နေတာဖြစ်လို့ လက်ရှိပေါက်ဈေးထက် အများကြီးလျော့ကျသွား မှာမဟုတ်ဘူးလို့ ကုလားပဲစိုက်ပျိုးရောင်းချသူတွေကဆိုပါတယ်။ ပဲခွဲစက်တွေက အဝယ်များတဲ့ အတွက် ကုလားပဲခြမ်းဈေးတွေကတော့ ပိုပြီးဈေးကောင်းရနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၃,၂၅၉ ကနေ ၃,၂၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃,၂၅၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ကျပ်ဈေးကျဆင်းပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၄,၁၀၀ ကနေ ၄,၄၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ် ကို ၁၈၃,၀၀၀ ကနေ ၁၈၅,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ကုလားပဲ(၉၂၉)ကတော့ တစ်အိတ်ကို ၁၈၇,၀၀၀ ကနေ ၁၈၈,၅၀၀ ဈေးရှိနေပြီး တစ်အိတ်ကို ၁,၅၀၀ကျပ်၊ ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၁၉၄,၀၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၁,၀၀၀ကျပ်၊ ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၁၉၀,၀၀၀ ကနေ ၁၉၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်က တစ်တင်းကို ၆၄,၀၀၀ ကျပ်၊ ကုလားပဲ(၉၂၉) အသစ်က တစ်တင်းကို ၆၂,၅၀၀ကျပ် ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
နှမ်းမျိုးစုံ
-------
နှမ်းမျိုးစုံထဲက အချို့နှမ်းကတော့ဈေးမြင့်တက်လာပါတယ်။ နှမ်းနက်(စမုံ)က ဈေးကွက်ထဲအဝင်နည်းနေပေမယ့် အရည်အသွေးမကောင်းတဲ့အတွက် ဈေးကအကျဈေးနဲ့ငြိမ်နေပါတယ်။ မန္တလေးဈေးကွက်မှာနှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၄၀,၀၀၀ ကနေ ၂၉၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၀,၀၀၀ ကနေ ၂၅၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
နှမ်းညို
------
နှမ်းညိုကတော့ အဝင်နည်းပြီး ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၅၅,၀၀၀ ကနေ ၂၅၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ကျပ် ဈေးတက်လာပါတယ်။
နှမ်းဖြူ
-----
နှမ်းဖြူကတော့ ပြည်ပဝယ်ယူအားကောင်းနေပြီး အဝင်နည်းနေလို့ အမြင့်ဈေးနဲ့ရှိနေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၃၁၅,၀၀၀ ကနေ ၃၂၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၀၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃,၀၀၀လောက် ဈေးတက်လာပါတယ်။
နံနံစေ့
-----
နံနံစေ့ကတော့ ပြည်တွင်းဝယ်လက်များနေပြီး ဈေးကောင်းရနေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်တင်းကို ၅၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။
Sources : AMIA (Farmer Digital TV)