menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပက်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၂၇.၄.၂၀၂၀ မှ ၁.၅.၂၀၂၀)ထိ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာလည်း ဆန်ဈေးတွေက အပြောင်းအလဲ ရှိသလို ပုသိမ်ဈေးကွက်မှာလည်း ဆန်ဈေး ရောစပါးဈေးအချို့က အပြောင်းအလဲရှိပါတယ်။ပြည်ပတင်ပို့မှု မရှိတဲ့အတွက်ကြောင့် ဆန်ဈေး အချို့ ဈေးကျဆင်းပေမယ့် ဒေသတွင်း ဝယ်လိုအားက ပုံမှန်ထက် ပိုမိုဝယ်ယူမှုတွေရှိတဲ့အတွက်ကြောင့် ဆန် အချို့ကတော့ ဈေးတက်တာတွေ့ရပါတယ်။
ရန်ကုန်ဝါတန်းဈေးကွက်မှာတော့ မြောင်းမြပုသိမ်ပေါ်ဆန်းက တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပြီး ၃၅၅၀၀ ကနေ ၄၀၅၀၀ ပေါက်ဈေးရှိပါတယ်။ကြားပျံ ရှယ်ကလည်း တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းပြီး ၃၅၅၀၀ ကနေ ၄၁၅၀၀ ပေါက်ဈေးရှိပါတယ်။ဖျာပုံပေါ်ဆန်း နဲ့ ဒေးဒရဲပေါ်ဆန်းသစ်တို့ကလည်း တစ်အိတ်ကို ၅၀၀ ကျပ်ကျဆင်းပြီး ၃၅၅၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပါတယ်။
ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းပြီး တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၀၀၀ ကျပ်ရှိပါတယ်။ ဧည့်မထ ဆန်ကလည်းတစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းပြီး တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၂၅၀၀ ပေါက်ဈေးရှိပါတယ်။
မြီးဒုံ ဆန်ကတော့ တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပြီး ၃၁၀၀၀ ကနေ ၃၂၀၀၀ ကျပ်ရှိပါတယ်။ဧည့်မထ ၂၅ မှတ်တန် ဆန်ကတော့ တစ်အိတ်ကို ၁၉၀၀၀ ကနေ ၂၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာသလို ပေါ်ဆန်းရှယ် သစ်ကလည်း တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၆၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၈၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၅၀၀၀ ကျပ်ရှိပြီးဈေးအပြောင်းအလဲ မရှိပါဘူး။ပုသိမ်ဧည့်မထ စပါးကတော့ တင်း ၁၀၀ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ကို ၈၀၆၀၀၀ နဲ့ ဈေးအပြောင်းအလဲမရှိပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၁၀၀၀ ကျပ်တက်လာပြီး ၃၉၀၀၀ ပေါက်ဈေးရှိပါတယ်။မြောင်းမြဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၀၃၀၀၀ ပေါက်ဈေးရှိပြီး ၁၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
မတ်ပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးတက်နေတဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ၅ လပိုင်း ၁၅ ရက်နေ့မှာ အပြီး တင်သွင်းရမယ်ဆိုပေမယ့် ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက ကျဆင်းနေခဲ့ပါတယ် ။တောင်သူတွေလက်ထဲမှာတော့ ပဲတွေက မရှိသလောက်ဖြစ်နေတဲ့အတွက် အရောင်းအဝယ် ကတော့ ကုန်သည်တွေအကြားမှာသာ ဖြစ်ပေါ်နေတာဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ လတ်တလော ဈေးက ကျဆင်းပေ မယ့် လာမယ့် ရက်သတ္တပတ်အတွင်း တက်နိုင်ခြေရှိသေးတယ်လို့လည်း နယ်ကုန်သည်အချို့က ဆိုထားပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၆၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို တစ်သောင်းကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၉၇၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးကျဆင် းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်က အတက်ဈေးနဲ့ ဈေးဖွင့်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ပြီးဈေးက ကျဆင်း သွားခဲ့ပါတယ်။တောင်သူတွေလက်ထဲမှာ ပဲမရှိတော့ပေမယ့် ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက ကျဆင်းသွားခဲပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇၇၅၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၅၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၃၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်နေခဲ့တဲ့ ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း ဈေးက တက်လာခဲ့ပါတယ်။ တရုတ်တင်ပို့မှုက လတ်တလော မရှိသေးပေမယ့် အိန္ဒိယတင်ပို့ဖို့အတွက် အချိန်က မကျန်တော့တဲ့အတွက်ဈေးတင်ပြန်ဝယ်ယူမှုတွေရှိလာတယ်လို့သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်း(ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ)တို့က တစ်ပိဿာကို ၁၆၆၅ ကျပ်ကနေ ၂၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်လောက်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၈၀၀၀ ကနေ ၁၂၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ လောက်ဈေးတက်လာပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးတက်ခဲ့တဲ့ ကုလားပဲက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ပြီး ကျဆင်းသွားခဲ့ပါတယ်။နယ်ဈေးကွက်တွေကလည်း လက်ရှိအချိန်အထိ အရောင်းအဝယ်ကလည်း မရှိသေးတဲ့ အတွက် အရောင်းအဝယ်လည်း မဖြစ် ဈေးကလည်း မတက်ပဲ ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၃၃၀ ကနေ ၁၃၇၀ ပေါက်ဈေးရှိပြီး ၅၀ လောက်ဈေးကျဆင်းသွားပါတယ်။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၃၃၀ ကနေ ၁၃၇၀ ပေါက်ဈေးရှိပြီါ် ၇၀ လောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ (929 )က သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ကုလားပဲ v2 ကတော့ တစ်အိတ်ကို ၇၇၀၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီးဈေးအပြောင်းအလဲ မရှိပါဘူး။
ဘိုကိတ်ပဲ
ဘိုကိတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ဘိုကိတ်ပဲကတော့ တစ်ပတ်နဲ့တစ်ပတ်က အပြောင်းအလဲ မြန်ပါတယ်။ အဝယ်များအဝင်နည်းရင် ဈေးတက်ပြီး အဝင်များရင်တော့ ဈေးက ကျဆင်းပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁၂၁၅ ကနေ ၁၂၅၀ ပေါက်ဈေးရှိပြီး ၃၀ ကျပ်ဈေးတက်လာပါတယ်။ ငရုတ် ဆက်တိုက်ဈေးတက်ခဲ့တဲ့ ငရုတ်က ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ အခြားငရုတ်တွေလည်း ဈေးကွက်ထဲကို အဝင်များလာတဲ့အတွက်ဈေးက ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာငရုတ်(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၆၀၀၀ ကနေ ၆၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ငရုတ်(မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၄၀၀၀ ကနေ ၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀ကျပ်၊မိုးထောင်(မြစ်ဝ) ကတော့ တစ်ပိဿာကို ၂၉၀၀ ကနေ ၃၀၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ခရမ်းချဉ်သီး
အောင်ပန်းဈေးကွက်မှာတော့ ခရမ်းချဉ်သီးဈေးတွေက အဆမတန်ကျဆင်းသွားခဲ့ပါတယ်။ ဝယ်ယူမရှိသလောက် ကို ဖြစ်နေပြီး တောင်သူတွေလည်း ဆက်မခူးတော့တဲ့အြေ ခအနေဖြစ်နေတယ်လို့သိရပါတယ်။
တစ်ပိဿာကို ၂၀၀ ကျပ်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ရန်ကုန် သီရိမင်္ဂလာဈေး ဈေးကွက်မှာတော့ တစ်သေတ္တာကို ၁၅၀၀၀ ကနေ ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဖရဲသီး
ရန်ကုန်ဈေးကွက်မှာတော့ ဖရဲသီးဈေးက တက်လာပါတယ်။စားသုံးသူများတဲ့အတွက်ကြောင့် ဈေးက တက်လာ တာဖြစ်ပါတယ်။ သီရိမင်္ဂလာဈေးမှာတော့ တစ်လုံးကို ၁၀၀၀ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်လာက်ဈေးတက်လာပါတယ်။