menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၂၂.၆.၂၀၂၀ မှ ၂၆.၆.၂၀၂၀ )ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ ဈေးငြိမ်နေပြီး အရောင်းအဝယ်ကတော့ ပုံမှန် ရှိနေ ပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ဆန်ဈေးရော စပါးဈေးရော တက်လာပါတယ်။ ဇွန်လ ဆန်းပိုင်းကတည်းက ဈေးတက်နေတာဖြစ်ပါတယ်။ ပြည်ပ တင်ပို့မှု လည်းရှိနေပြီး ဈေးကွက်ထဲမှာ စပါးလက်ကျန်တွေ မရှိသလောက် ဖြစ်နေတဲ့အတွက်ဈေးက တက်နေတာဖြစ်ပါတယ်။
ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၆၂၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ် ဈေးတက်လာတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပုသိမ် ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၉၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၅၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၈၆၀၀၀ ပေါက်ဈေးရှိပြီး ၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ကျပ် နဲ့ ဈေးငြိမ်ပါတယ်။မြောင်းမြဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၇၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကျပ် နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ဒေးဒရဲပေါ်ဆန်းစပါး နဲ့ ဆန်ကတော့ ဈေးငြိမ်နေပြီးတော့ ဒေးဒရဲဧည့်မထ စပါး ကတော့ ဈေးတက်လာပါတယ်။ တင်း ၁၀၀ ကို ၆၀၇၀၀၀ ပေါက်ဈေးရှိပြီး ၃၇၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၅၃၀၀၀ ပေါက်ဈေးရှိပြီး ၃၇၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၇၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ဆန်အသစ်ကတော့ လာမယ့် ၁၀ လပိုင်းလောက် မှ ထွက်ရှိမှာဖြစ်တဲ့အတွက် ဆန်ဈေးက ဆက်ပြီးတက်နိုင်ခြေရှိတယ်လို့လည်းဆန် ကုန်သည်အချို့က သုံးသပ်ထားပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးအနည်းငယ်မြင့်တက်လာပြီးတော့ ဒီတစ်ပတ်မှာလည်း အပြောင်းအလဲ အနည်းငယ်သာ ရှိတာ တွေ့ရပါတယ်။ဈေးကွက်ထဲ လက်ကျန်လျော့နည်းတဲ့အတွက် ဈေးက တက်လာတာဖြစ်ပါတယ်။ အတက်ဈေးကို စောင့်နေကြတဲ့ ကုန်သည်အချို့က ဈေးကွက်ထဲ အများအပြား ရောင်းချမှုတွေကြောင့် မတ်ပဲဈေးက ရက်ပိုင်းအတွင်း ဈေး ပြန်ငြိမ်သွား တာကိုလည်းတွေ့ရပါတယ်။ပြည်ပတင်ပို့မှုကတေ့ာ ပုံမှန်အတိုင်းပဲ ရှိနေတာဖြစ်ပြီးတော့ ကုန်သည်အချို့တော့ အိန္ဒိယနိုင်ငံရဲ့ ပဲဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၀၁၈၀၀၀ ကျော်ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၁၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ထန်းလျက်
ဈေးတွေ ဆက်တိုက် ကျဆင်းနေတဲ့ ထန်းလျက်က ဒီတစ်ပတ်မှာ ဈေးက ပြန်တက်လာ ပါတယ်။ အဝင် နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။အချို့ ထန်းလျက် အမျိုးအ စား တွေကတော့ေ ဈးကွက်ထဲ အဝင် မရှိတော့တာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ထန်းလျက်က တစ်ပိဿာကို ၁၄၂၅ ကျပ်ကနေ ၁၇၇၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်လောက် ဈေး တက်လာပါတယ်။
နှမ်းမျိုးစုံ
နှမ်းမျိုးစုံကတော့ ပြီးခဲ့တဲ့ အပတ်ကထပ် ဈေးက အနည်းငယ်ပြန်ကျဆင်းသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်က တော့ အဝယ်လိုက်လာ တဲ့အတွက် ဈေးက တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ အဝယ်အေး ပြီး ဈေးလည်း ကျဆင်းသွားပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)က ပြီးခဲ့တဲ့ အပတ်က ဈေးတက်ပေမယ့် ဒီတစ်ပတ်မှာ ပြန်ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံ မှာတော့ တစ်တင်းကို ၁၆၀၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ ဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၁၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၂၅၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
နှမ်းညို
နှမ်းညိုကတော့ ပြီးခဲ့တဲ့ အပတ်က ထိ သိပ် အပြောင်းအလဲ မရှိပေမယ့် ဒီတစ်ပတ်မှာ တော့ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၃၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး ၂၂၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၆၅၀၀ေ ပေါက်ဈေးရှိပြီးတစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါ တယ်။
ပန်းနှမ်း
ပန်းနှမ်းကတော့ လက်ရှိမှာ လက်ကျန်တွေ လျော့နည်းလာပြီဖြစ်တဲ့အတွက်ဈေးက တက်နေတာပဲ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၇၈၀၀၀ အထိပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၂၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ် တက်လာပါတယ်။။ ပြည်တွင်းငွေလဲလှယ်နှုန်းပေါ်မူတည်ပြီးဈေးက အတက်အကျဖြစ်တဲ့အတွက်ကြောင့် ဈေးကတော့ အချိန် အနဲ့ အမျှ ပြောင်းလဲမှုတွေရှိနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်အသင်းရဲ့ ထုတ်ပြန်ချက် စာရင်းအရ စားအုန်းဆီ (သီလဝါ၊မြို့တွင်း )လက်ကားဈေးက တစ်ပိဿာကို ၁၅၅၀ ကနေ ၁၅၆၀ ပေါက်ဈေးရှိပြီး ဈေးတက်လာပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးက ကျဆင်းသွားတာ တွေ့ရပါတယ်။
မန္တလေးဈေးကွက်မှာ စားအုန်းဆီက တစ်ပိဿာကို ၁၆၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ လောက်ကျဆင်းသွားပါတယ်။] မုံရွာဈေးကွက်မှာလည်း တစ်ပိဿာကို ၁၆၄၀ ပေါက်ဈေးရှိပြီး ၂၀ လောက်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၇၀၀ ပေါက်ဈေးရှိပြီး ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။