menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁၃.၇.၂၀၂၀ မှ ၁၇.၇.၂၀၂၀ )ထိ

ကြက်သွန်နီ  

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးက ထပ်ပြီးကျဆင်းသွားပါတယ်။ အဝင်က များပြီး အဝယ်က နည်းနေတဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၇၅ ကနေ ၄၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၀၀ ကနေ ၄၁၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ်ဈေးကျဆင်း သွားပါတယ်။  

စားအုန်းဆီ  

စားအုန်းဆီကတော့ ဒီတစ်ပတ်မှာ ဈေး ပြန်တက်လာပါတယ်။ လတ်တလော ရုံးပိတ်ရက်တွေ ကြား ဆီကန်များပိတ်တဲ့အတွက်ကြောင့် ဈေးက အနည်းငယ်တက်လာတာဖြစ်သလို ကမ္ဘာ့ စားအုန်းဆီ ပေါက်ဈေးက အနည်းငယ်က တက်လာလို့ ဆက်တိုက်ကျဆင်းနေတဲ့ ဆီက တက်လာတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၅၀ ကနေ ၁၆၆၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်၊မုံရွာဈေးကွက်မှာ တစ်ပိဿာကို ၁၆၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်၊မြင်းခြံ ဈေးကွက်မှာ ၁၇၁၀ ကနေ ၁၇၂၀ ပေါက်ဈေးရှိပြီး ၇၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။  

နှမ်းမျိုးစုံ  

နှမ်းမျိုးစုံက ဒီတစ်ပတ်မှာတော့ ဈေးက တက်လာပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းနေပြီး အချို့ နှမ်းတွေကလည်း အသစ်တွေ ထွက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ဈေးက အနည်းငယ်ပြန်တက်လာတယ်လို့ ဆိုလို့ရပါတယ်။  

နှမ်းနက်(စမုံ)  

နှမ်းနက်(စမုံ)ကတော့ တရုတ်ဘက်က အဝယ်ရှိတဲ့အတွက်ဈေးက ပြန်တက်လာပါတယ်။ နှစ်လ နီးပါး ကိုဗစ်ကြောင့် အရောင်းအဝယ်တွေ ပိတ်ခဲ့ရတဲ့အဝယ် ဈေးတွေက ဆက်တိုက်ကို ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၉၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁သောင်ေးကျာ်ဈေးတက်လာပါတယ်။ အောင်လံ ဈေးကွက်မှာလည်း တစ်အိတ်ကို ၁၅၅၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။