menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁၀.၈.၂၀၂၀ မှ ၁၄.၈.၂၀၂၀ )ထိ  

ဆန်၊စပါး  

ဒီတစ်ပတ်မှာလည်း စပါးဈေး ဆန်ဈေးက ငြိမ်နေပြီး ဆန်ဈေးအချို့ကတော့ ဈေးကျဆင်းသွားပါတယ်။ဈေး ကွက်ထဲ စပါး လက်ကျန် လည်း မရှိတော့တဲ့အတွက် ဆန်ဈေးတွေက ငြိမ်နေတယ်လို့သိရပါတယ်။ဆန်ကောင်း မှ အရောင်းအဝယ်ကောင်းပါတယ်။  

ရန်ကုန် ဝါးတန်းကုန်စည်ဒိုင် မှာတော့ မြောင်းမြပုသိမ်ပေါ်ဆန်းဆန်က တစ်အိတ်ကို ၃၈၅၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပါတယ်။ကြားပျံရှယ်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၄၁၀၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံပေါ်ဆန်းမွေးက တစ်အိတ်ကို ၃၅၅၀၀ ကနေ ၃၆၀၀၀ ရှိပါတယ်။ဧည့်မထဆန်ကတော့ တစ်အိတ်ကို ၂၂၅၀၀ ကနေ ၂၃၂၀၀ ပေါက်ဈေးရှိပါတယ်။ဧည့်မထ ၂၅ % ကတော့ ၁၉၀၀၀ ကနေ ၂၀၀၀၀ ပေါက်ဈေးရှိ ပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၆၂၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ရှိပါတယ်။ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၉၈၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကိ ၂၅၅၀၀ ကျပ်ရှိပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ ကျပ်ရှိပါတယ်။မြောင်းမြဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၅၃၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကျပ်ရှိပါတယ်။  

ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၉၄၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၇၀၀၀ ပေါက်ဈေးရှိကာ ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတေ့ာ တစ်အိတ်ကို ၂၄၀၀၀ ကျပ် ရှိပါတယ်။

မတ်ပဲ  

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်ဈေးက အနည်းငယ် တက်လာပါတယ်။ အိန္ဒိယက ဝယ်ယူမှုတွေ ရှိပေမယ့် လက်ရှိ ပြည်တွင်းငွေလဲလှယ်နှုန်းကျဆင်းမှုတွေကြောင့် ဈေးတွေက ထင်သလောက် မတက်လာတာကိုလည်းတွေ့ရပါတယ်။ ပြည်တွင်းကုန်သည်တွေအကြားမှာလည်း ဈေးပြောင်းလဲမှုတွေ နဲ့ ပတ်သတ်ပြီး ထိန်းချုပ်မှုတွေ ရှိနေတယ်လို့ ကုန်သည်များအကြား ပြန့်နှံမှုတွေရှိနေတာတွေ့ရပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၉၈၀၀၀၀ အထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၄ သောင်းလောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာ တော့ သုံးတင်းဝင် တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးက ငြိမ်နေပါတယ်။ နယ်အချို့မှာတော့ ဈေးအတက်အကျ အပြောင်းအလဲရှိပါတယ်။ ပစ္စည်းလည်းမရှိတဲ့အတွက်ကြောင့် ဈေးက ငြိမ်နေတာ လို့သိရပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၀၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်သာ ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ကနေ ၇၅၅၀၀ ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ အောင်လံ ဈေးကွက်မှာတော့ တစ်တင်းကို ၂၅၀၀၀ ကျပ်ရှိပြီး ၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ  

ကြက်သွန်ဖြူ(ကြူကုတ်) နှင့်ရှမ်းက ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ကြူကုတ်က ဒီတစ်ပတ်မှာတော ရုတ်တရက် တစ်ပိဿာကို ၂၆၅၀ အထိ တက်လာပြီး ရက်ပိုင်းအတွင်း ဈေးက ပြန်ကျဆင်းသွားပါတယ်။ ရှမ်းကြက်သွန်ဖြူကလည်း တစ်ပိဿာကို ၁၅၀၀ ကနေ ၂၃၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။  

ငရုတ်  

ငရုတ်ဈေးက ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။အဝင် နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ငရုတ်ရှည်(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၉၅၀၀ ကနေ ၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။  

ငရုတ်(မြစ်ဝကျွန်းပေါ်) ကတော့ တစ်ပိဿာကို ၇၀၀၀ ကနေ ၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အိန္ဒိယ(ငရုတ်ရှည်)ကတော့ တစ်ပိဿာကို ၄၀၀၀ ကနေ ၄၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။  

နှမ်းမျိုးစုံ  

နှမ်းမျိုးစုံကလည်းဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ နှမ်းမျိုးစုံအဝင်ကအနည်းငယ်များလာပြီး ရောင်းချမှု များလာတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။  

နှမ်းနက်(စမုံ)  

နှမ်းနက်(စမုံ)က ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်အနည်းငယ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၂၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ အောင်လံ မှာတော့ တစ်တင်းကို သုံးတင်းဝင် တစ်အိတ်ကို ၁၈၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

နှမ်းဖြူ  

နှမ်းဖြူကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁၀၀၀၀ ကနေ ၁၂၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်အိတ် ကို ၁၁၂၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၇၅၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။  

နှမ်းညို  

နှမ်းညိုကလည်း ဒီတစ်ပတ်မှာဈေးကျဆင်းသွားပါတယ်။အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက် ဝင်ရောက်နေတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၁၀၃၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။