menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၁၇.၈.၂၀၂၀ မှ ၂၁.၈.၂၀၂၀ )ထိ
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးက ပြန်ကျဆင်းသွားပါတယ်။ပဲရောင်းဝယ်မှု နဲ့ပတ်သတ်ပြီး လက်ရှိအခြေအနေက စောင့်ကြည့်နေတဲ့ အခြေအနေ ရှိနေပါတယ်။ပြည်ပဝယ်ယူမှုက ပုံမှန်ရှိပေမယ့် ဈေးက မတက်သေးတဲ့အခြေအနေဖြစ်နေပါတယ်။
ပြည်တွင်း မှာတော့ နယ်ဈေးကွက်အချို့ ဈေး အနည်းငယ်လှုပ်ပါ တယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၄၀၀၀၀ နဲ့ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပြည်တွင်း ဝယ်ယူမှု အနည်းငယ်များတဲ့အတွက်ဈေးတက်လာပါတယ်။သုံးတင်းဝင် တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာလည်း တစ်တင်းကို ၃၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်းဒီတစ်ပတ်မှာ ဈေးကျဆင်းပါတယ်။ ဈေးကျဆင်းတယ်ဆိုပေမယ့် နေ့စဉ် အရောင်းအဝယ်ပေါ် မူတည်ပြီး ထောင်ဂဏန်းသားပြောင်းလဲတာ ဖြစ်လို့ ဈေးကွက်အတွင်းတည်ငြိမ်နေတယ်လို့ ဆိုလို့ ရပါတယ်။
ပဲစင်းငုံနီကို ပြန်လည်တင်ပို့ခွင့် ရပါက ဈေးက ပြန်တက်လာနိုင်တယ်လို့ ကုန်သည်တွေ ကတော့ မျှော်မှန်းမှုတွေရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၉၄၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်သာ ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးက အနည်းငယ်တက်လာပါတယ်။ တရုတ်ဝယ်ယူမှုတွေ ရှိလာတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပခုက္ကူ၊ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁၉၀၀ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက သုံးတင်းဝင် တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ပုံမှန် အရောင်းအဝယ် ပဲ ရှိပြီး ဈေးကလည်း အတက်အကျ အနည်းငယ်သာ ရှိပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၂၆၅ ကနေ ၁၂၈၅ ကျပ်ရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၃၀၀ ကနေ ၁၃၂၀ ရှိပြီး ဈေးမပြောင်းလဲပါဘူး။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၆၈၀၀၀ ကနေ ၆၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၇၁၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။အခြား v2 ,929 တို့ကတော့ ပြောင်းလဲ မှု မရှိပါဘူး။
မုံရွာဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်) က တစ်တင်းကို ၂၃၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်၊၉၂၉ က တစ်တင်းကို ၂၄၄၀၀ ရှိပြီး ၁၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကလည်း တစ်တင်းကို ၂၄၇၀၀ ရှိပြီး ၁၀၀ ကျပ် အသီးသီးဈေးကျဆင်းပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ကြက်သွန်ဖြူ ကဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်တက်လာပါတယ်။ အဝင်နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်ပါတယ်။ တစ်ပိဿာကို ၁၇၅၀ ကနေ ၁၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေး တက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီက ဆီလုပ်ငန်းရှင် အသင်းကနေ ထုတ်ပြန်စာရင်းအရ ဈေးက အနည်းငယ်ကျဆင်းပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးက တက်နေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက တက်နေခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာတော့စားအုန်းဆီ ဈေးကွက်ပိတ်ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးအတက် အကျပေါ်မူတည်ပြီး ဈေးက အတက်အကျရှိနေတာဖြစ်ပါတယ်။
ဒူးရင်းသီး
ဒူးရင်းသီးကလည်း တစ်ဖြေးဖြေး ဈေးကွက်အတွင်းရှားပါးလာပြီ ဖြစ်တဲ့အတွက်ဈေးက တက်နေပါတယ်။ တစ်လုံးကို ၃၀၀၀ ကနေ ၁၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေး တက်လာပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။မိုးများပြီး ပစ္စည်း တွေရဲ့အရည်အ သွေးကလည်း လျော့နည်းတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။
သီရိမင်္ဂလာဈေးကွက်မှာတော့ တစ်သေတ္တာကို ၁၇၀၀၀ ကနေ ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာကို ၁၀၀၀ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မုန်လာဥနီ
မုန်လာဥနီကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးကျဆင်းသွားပြီး အောင်ပန်း ဈေးကွက်မှာတော့ ဈေး တက်လာပါတယ်။ အောင်ပန်းဈေးကွက်မှာ တော့ အဝယ်ပဲရှိနေတဲ့အတွက်ဈေးက တက်နေတာဖြစ်ပါတယ်။
သီရိမင်္ဂလာဈေးမှာတော့ မုန်လာဥနီက တစ်ပိဿာကို ၂၅၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာကို ၉၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးတက်လာပါတယ်။