menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်

တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက် (၃၁.၈.၂၀၂၀ မှ ၄.၉.၂၀၂၀ )ထိ
ဝတ်ရည်မွန်(AMIA) ရန်ကုန်

ဆန်၊စပါး 

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းအများစု ဈေးတက်လာပြီး ဧရာဝတီတိုင်းမှာတော့ စပါးဈေးရော ဆန်ဈေး ပါဈေးတက်နေပါတယ်။ပြီးခဲ့တဲ့ တစ်လလုံးဈေးငြိမ်ခဲ့ပေမယ့် လတ်တလော ဒုတိယလှိုင်းလို့ သတ်မှတ်လိုက်တဲ့ ကိုဗစ်ရောဂါကြောင့် ပစ္စည်း ဝယ်ယူသိုလှောင်မှုများလာပြီး ဈေးတက်လာတယ်လို့သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်က တစ်အိတ်ကို ၂၄၃၀၀ ကနေ ၂၄၇၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀ ကျပ်။ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၁၀၀၀ ကနေ ၂၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊မြီးဒုံဆန်က တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်။အသီးသီးဈေးတက်လာပါတယ်။ ဆန်ချောဖြစ်တဲ့ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၅၀၀ ကျပ်ဈေးတက်လာပါတယ်။ 

ဧရာဝတီတိုင်းမှာတော့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၇၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကျပ် နဲ့ဈေးငြိမ်ပါတယ်။ပုသိမ်ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၀၈၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၃၀၀၀ ကျပ် ဆန်ကတော့ တစ်အိတ်ကို ၂၆၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ 

ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ကို ၈၀၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၃၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ နဲ့ဈေးငြိမ်ပါတယ်။ဒေးဒရဲဧည်စပါးကတော့ တင်း ၁၀၀ ကို ၅၉၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ 

ဖျာပုံပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၀၅၀၀၀ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကျပ်ရှိပါတယ်။ ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၆၄၀၀၀၀ ပေါက်ဈေးရှိပြီး ၂၄၀၀၀ ကျပ် ၊ဆန်ကတော့ တစ်အိတ်ကို ၂၆၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 

အခြား စပါးတွေဆန်တွေ ဈေးတက်လာပေမယ့် မြောင်းမြပေါ်ဆန်းစပါးကတော့ ပစ္စည်း မရှိတော့တဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။ မြောင်းမြပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၈၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၈၀၀၀ ကျပ်ရှိပြီး ၁၀၀၀ကျပ်ဈေး တက်လာပါတယ်။ မြောင်းမြဧည့်မထစပါးကတော့ တစ်အိတ်ကို ၆၈၁၀၀၀ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၆၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ 

မတ်ပဲ 

မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးက ပြောင်းလဲမှု သိပ်မရှိပဲ ပုံမှန်အရောင်းအဝယ်ပဲ ရှိနေပါတယ်။အစိုးရက ကုန်သည်များအကြား အရောင်းအဝယ်ဖြစ်နေတဲ့ D.O ရောင်းဝယ်မှုကို ရပ်တန့်လိုက်တဲ့အတွက် ကုန်စည်ဒိုင် အတွင်း အေးနေတယ်လို့လည်းသိရပါတယ်။ 

ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးကလည်း ပြီးခဲ့တဲ့ရက်အတွင်း ကျဆင်းနေတဲ့အတွက် ဈေးက မတက်လာပဲ ရှိနေပါတယ်။ ကုန်သည်တွေကတော့ မတ်ပဲကို အိန္ဒိယက ပြန်ပြီး ဝယ်ယူလာတော့မှာဖြစ်လို့ ဈေးတွေက တက်နိုင်တယ်လို့ သုံးသပ်နေပါတယ်။ 

လက်ရှိ အိန္ဒိယတင်ပို့မှု နည်းပေမယ့် ဘင်္ဂလားဒေရှ်နိုင်ငံတို့ကို တင်ပို့နေတာကြောင့် အရောင်းအဝယ်ကေ တာ့ မကျဘူးလို့သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၅၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

မန္တလေး ဈေးကွက်မှာတော့ တစ်အိတ်ကို ၉၃၀၀၀ ကနေ ၉၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ 

ပဲစင်းငုံနီ 

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် သိပ်အပြောင်းအလဲ မရှိပေမယ့် ဈေးက လာမယ့် လ အတွင်း ဈေးတွေ တက်လာနိုင်တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲ အများစုရေမြှပ်မှုတွေကြောင့် မြန်မာနိုင်ငံက ပဲစင်းငုံနီ ဝယ်ယူမှု က ပြန်ကောင်းလာနိုင်တယ်လို့သိရပါတယ်။ 

ထို့ပြင် ပြည်တွင်းမှာ ပဲစင်းငုံနီက လက်ကျန်က တန်ချိန်က တစ်သိန်း နီးပါးသာကျန်ရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅၀၀၀ ကျပ် ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ကနေ ၇၇၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ 

ကုလားပဲ 

ကုလားပဲကတော့ ဒီတစ်ပတ် ပြည်တွင်း ဝယ်ယူမှုရော ပြည်ပ ဝယ်ယူမှုပါ မြင့်တက်လာတဲ့အတွက်ဈေးက တက်လာပါတယ်။တော်တော်ကြာ ဈေးကွက်အတွင်းအေးနေခဲ့ပြီး ယခုက ပထမပတ်မှာဈေးက တက်လာတာဖြစ် ပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ကုလားပဲဖြူလုံးက တစ်ပိဿာကို ၁၃၅၀ ကနေ ၁၃၆၀ ပေါက်ဈေးရှိပြီး ၇၅ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၁၃၆၅ ကနေ ၁၃၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးတက်လာပါတယ်။ 

ကုလားပဲခြမ်းကလည်း တစ်ပိဿာကို ၁၇၀၀ ကနေ ၁၇၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ် ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၇၂၀၀၀ ကနေ ၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ကုလားပဲ ၉၂၉ ကတော့ တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲ v2 ကတော့ ၇၆၀၀၀ ကနေ ၇၆၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၇၅၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေး တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၂၄၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ 

ကုလားပဲ ၉၂၉ က တစ်တင်းကို ၂၄၈၀၀ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီး ကတော့ တစ်တင်းကို ၂၅၀၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 

စားတော်ပဲလုံး 

စားတော်ပဲလုံးက လက်ကျန် မရှိတော့တဲ့အတွက်ဈေးက တက်လာပါတယ်။ အဓိက ပြည်တွင်း ဝယ်ယူမှု ပိုလာတဲ့အတွက် ဈေးက တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတစ်ပိဿာကို ၁၉၁၅ ကနေ ၂၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။ 

မန္တလေးဈေးကွက်မှာတော့ သုံးတင်း ဝင် တစ်အိတ်ကို ၆၂၀၀၀ ကနေ ၁၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေး တက်လာပါတယ်။ 

ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၄၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ကျပ်။ 

မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၅၀၀၀၀ ကျပ် ရှိပြီး ၇၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ 

ငြုပ်ပွ 

ဒီတစ်ပတ်မှာတော့ငြုပ်ပွ ဈေးတွေက မထင်မှတ်အောင် တက်လာပါတယ်။ ပစ္စည်းလက်ကျန် လျော့နည်းတဲ့အ အပြင် အဝင်နည်းလို့ တက်တယ်လို့သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာ ငြုပ်ပွ (ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁၁၀၀၀ မှ ၁၂၀၀၀ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။ 

ငြုပ်ပွ( မြစ်ဝကျွန်း)ကတော့ တစ်ပိဿာကို ၉၀၀၀ ကနေ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ လောက်ဈေးတက်လာပါတယ်။