menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
၁၄.၉.၂၀၂၀ မှ ၁၈.၉.၂၀၂၀) ထိ
တစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
-
ဝတ်ရည်မွန်(AMIA) ရန်ကုန်
မတ်ပဲ
ပြီးခဲ့တဲ့ အပတ်က အထိ ဈေးကျဆင်းနေတဲ့ မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို ၇ သောင်းကျော် ပြန်တက်လာ ပါတယ်။ အိန္ဒိယမှ ပဲတင်ပို့မှုနဲ့ပတ်သတ်ပြီး သက်တမ်းတိုးပေးတဲ့အတွက်ကြောင့် ဈေးတက်လာတယ်လို့ သိရပါတယ်။ထို့ပြင် အိန္ဒိယနိုင်ငံမှာ မိုးကြီးတဲ့အတွက် ပဲတွေ ဝယ်ယူမှုများနေလို့ ဈေးတက်လာတာလည်းဖြစ် ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၅၀၀၀ နီးပါးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၉၅၀၀၀ ကနေ ၉၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၁၅၀၀ ပေါက်ဈေးရှိပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ပါးပါးလေးဈေးတက်လာပေမယ့် ထူးထူးခြားခြားဈေးတက်လာတာမျိုးမရှိပါကြဘူး။အရောင်းအဝယ်ကလည်း အဝယ်ရှိမှာသာ အရောင်းအဝယ် ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုကို သာ စောင့်ဆိုင်းနေတယ်လို့လည်းကုန်သည်များက ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၇၅၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာဈေးတက်လာပါတယ်။တရုတ်က အဓိက ဝယ်ယူတာဖြစ်တဲ့အတွက်ဈေးက ကတော့ အခြားပဲတွေလို အများကြီးကျဆင်းသွားတာမျိုးမရှိပါဘူး။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက တက်နေတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဈေးငြိမ်ပါတယ်။
ပဲတီစိမ်း
(ခရမ်းရွှေဝါ။ပခုက္ကူ။ပဲခူးရွှေဝါ) တို့က တစ်ပိသာကို ၁၉၀၀ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး)က သုံးတင်ဝင် တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၇၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ဒီတစ်ပတ်မှာလည်း ဈေးက တက်လာခဲ့ပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းတဲ့အတွက် ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးတက်လာခဲ့တာဖြစ်ပါတယ်။ ထို့ပြင် ပြည်တွင်း ဝယ်ယူမှုကလည်း မြင့်လာပါတယ်။ တစ်နေ့ကို ကုန်ပိဿာကို ၁၃၀၀၀၀ ခန့် အဝင်သာရှိတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၅၀ ကနေ ၅၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးတက်လာ ပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၅၅၀ မှ ၇၂၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျော်ဈေးတက်လာ ပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီတစ်ပတ်မှာဈေးက တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူမှု များတဲ့အတွက် ဈေးတက်လာ တာဖြစ်ပြီး ပြည်ပ ဆီဈေးနှုန်းလည်း အနည်းငယ် မြင့်လာတဲ့အတွက် ဈေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်လုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက် အရ စားအုန်းဆီ လက်ကား မြို့တွင်းပေါက်ဈေးက တစ်ပိဿာ ကို ၁၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၂၀၆၀ မှ ၂၁၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေး တက်လာပါတယ်။