menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

(၂၁.၉.၂၀၂၀ မှ ၂၅.၉.၂၀၂၀) ထိ တစ်ပတ်အတွင်း အပြောင်းးအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ 

ဝတ်ရည်မွန်(AMIA)  
ရန်ကုန်  

ဆန်စပါး  

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောဈေးတွေ ငြိမ်နေပြီး ဆန်ကြမ်းဈေးတွေ မြင့်တက် နေပါတယ်။ ဝယ်ယူမှုမြင့်တဲ့အတွက် ဈေးက တက်လာတာဖြစ်ပါတယ်။ ဆန်စပါးကုန်စည်ဒိုင်အသင်း ကတော့ ဆန်ကြမ်းတွေကို ဈေးနှိမ့်ပြီး ရောင်းချမှုတွေ ပြုလုပ်နေပါတယ်။  

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်ဈေးကွက်မှာ ဧည့်မထ ဆန်က တစ်အိတ်ကို ၂၅၅၀၀ ကနေ ၂၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၇၀၀ လောက်ဈေးတက်လာပါတယ်။ မြီးဒုံဆန်ကတော့ တစ်အိတ်ကို၃၁၅၀၀ ကနေ ၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၂၆၅၀၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

မတ်ပဲ  

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း ဆက်ပြီးဈေးတက်လာနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ရေကြီးမှုကြောင့် ပဲဈေးတွေ မြင့်တက်လာပြီး ပဲတွေ ရှားလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှ ပဲတွေ ဈေးတက်လာတယ်လို့သိရပါတယ်။ အိန္ဒိယက မကြာခင်ရက်ပိုင်းအတွင်း တင်ပို့မှု လိုင်စင် ချထားပေးပါက မတ်ပဲဈေးက ထပ်ပြီး တက်နိုင်ခြေရှိတယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။ ထို့ပြင် မတ်ပဲက တန်ချိန် တစ်သိန်းကျော်သာ ကျန်ရှိတော့အတွက်ဈေးက မြင့်နိုင်ခြေရှိနေပါတယ်။ 

အိန္ဒိယနိုင်ငံ အပြင် အခြားနိုင်ငံတွေကလည်း ဝယ်ယူမှု ရှိတဲ့အတွက် အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ငွေကျပ် ၁၀၇၂၅၀၀ အထိပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၀၀၀၀ လောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၀၈၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်မှာတာ့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။  

Covid-19 ကြောင့် နယ်ကုန်စည်ဒိုင်အချို့ အရောင်းအဝယ်ကို ရပ်နားမှုများရှိနေပါတယ်။

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲစင်းငုံနီက အိန္ဒိယနိုင်ငံ တစ်နိုင်ငံသာ အရောင်းအဝယ် ရှိတဲ့အတွက် မတ်ပဲလောက်ဈေးမတက်ပေမယ့် လက်ရှိအခြေအနေအရတော့ ဈေးတက်တယ်လို့ ပြောလို့ရပါတယ်။ ပဲစင်းငုံနီတင်ပို့မှုနဲ့ပတ်သတ်ပြီး လက်ရှိအချိန်ထိ လိုင်စင်မချပေးသေးတဲ့အတွက် ဈေးကတော့ တစ်ဖြေးဖြေးတက်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။  

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၃၅၀၀၀ပေါက်ဈေးရှိပြီး တစ်တန်ကို ငွေကျပ် ၃၀၀၀၀ နီးပါးဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီက သုံးတင်းဝင် တစ်အိတ်ကို ၇၆၅၀၀ ကနေ ၇၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်ဈေးတက်လာပါတယ်။  

ကြက်သွန်နီ  

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။ ဈေးကွက်ထဲကို အဝင်နည်းတဲ့အပြင် ပြည်တွင်း ဝယ်ယူသိုလှောင်မှုတွေကြောင့် ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ပခုက္ကူ၊မြင်းခြံ) တို့က တစ်ပိဿာကို ၆၀၀ ကနေ ၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေး တက်လာပါတယ်။  

နှမ်းဖြူ  

နှမ်းဖြူကတော့ ဒီတစ်ပတ်မှာလည်းဈေးက ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။  

ဂေါ်ဖီထုတ်  

ဂေါ်ဖီထုတ်ကလည်း ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားပါတယ်။ ဝယ်ယူမှုလုံး၀ မရှိတဲ့အတွက် ဈေးက ကျဆင်းသွာားတာပါ။ အောင်ပန်းဈေးကွက်မှာ တစ်ထုတ်ကို ၄၅၀ ပေါက်ဈေးရှိပြီး တစ်ထုတ်ကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

ငရုပ်ပွ  

ငရုတ်ပွကတော့ ဒီတစ်ပတ်မှာ ထက်ဝက်ကျော်ဈေးကျဆင်းသွားပါတယ်။ အဝင်ကလည်း များနေပြီး အဓိက ဝယ်ယူတဲ့ မြို့တွေက ဝယ်ယူမှု ပိတ်လိုက်တဲ့အတွက် အခုလို ဈေးကျဆင်းတာဖြစ်ပါတယ်.။