menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၆.၁၁.၂၀၂၀ မှ ၂၀.၁၁.၂၀၂၀) ထိ
တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ
ဝတ်ရည်မွန်(AMIA)
မတ်ပဲ
မတ်ပဲ က ဒီတစ်ပတ်မှာ လည်း ဆက်ပြီးစျေးကျဆင်းပေမယ့် အများကြီးတော့ စျေးကျဆင်းတာမျိုးမရှိပါဘူး။ အဝယ်မရှိတဲ့အပြင် အိန္ဒိယဘက်မှာလည်း စျေးကျဆင်းနေတဲ့အတွက် ပြည်တွင်း မှာလည်း စျေးကျဆင်းနေ တာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ တစ်တန်ကို ၁၀၄၅၀၀၀ ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၅ဝဝဝေ လာက်စျေးကျဆင်းပါတယ်။
မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၀၀၀၀ ကေ ၁၁၅၀၀၀ ပေါက်စျေးရှိပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ကနေ ၃၇၀၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်စျေး ကျဆင်းသွားပါတယ်။
မော်လမြိုင်စျေးကွက်မှာတော့ တစ်တင်းကို ၃၄၈၀၀ ကျပ် ရှိပြီး ၁၂၀၀ ကျပ်၊ပြည်စျေးကွက်မှာတော့ ၃၄၅၀၀ ရှိပြီး ၁၃၀၀ ကျပ် အသီးသီးစျေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ငွေကျပ် ၉ သိန်းအောက် ထိ စျေး ကျဆင်းသွားပါတယ်။ အရောင်း အဝယ်က မရှိသလောက် အထိ ဖြစ်နေတဲ့အတွက် စျေးက အများကြီးကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၈၄၅၀၀၀ ပေါက်စျေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၆၀၀၀၀ ကျော် စျေးကျဆင်းသွားပါတယ်။နှစ်ပတ်အတွင်း တစ်တန်ကို ငွေ့ကျပ် ၈ သောင်ေးကျာ်ကျဆင်းသွားခဲ့ပါတယ်။
မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၀၀၀၀ ပေါက်စျေးရှိပြီးတစ်အိတ်ကို ၆၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၂၆၈၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၁၇၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိမှာ အမြင့်စျေးနဲ့ စျေးကွက်အတွင်းငြိမ်နေပါတယ်။ တရုတ်က ပုံမှန်ဝယ်ယူမှု ရှိတဲ့အတွက် စျေးကတော့ ကျဆင်းသွားတာမျိုး မရှိပါဘူး။ ရန်ကုန်စျေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ခရမ်းေရွှေဝါ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၁၉၅၀ ကနေ ၂၂၂၀ ပေါက်စျေးရှိပါတယ်။
မန္တလေးစျေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၂၅၀၀၀ ပေါက်စျေးရှိပြီးတစ်အိတ်ကို ၂၀၀၀ လောက်စျေးတက်လာပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၃၅၀၀၀ ကနေ ၄၀၀၀၀ ပေါက်စျေးရှိပါတယ်။ ဆင်ဖြူကျွန်းမှာလည်း တစ်တင်းကို ၄၀၀၀၀ ပေါက်စျေးရှိပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက စျေးကျဆင်းနေတာဖြစ်ပြီး ဒီတစ်ပတ်မှာလည်းေ စျးကျဆင်းနေပါတယ်။စျေးကွက်ထဲ အဝင်များတဲ့အတွက်စျေးကျဆင်းနေတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာတော့ တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၇၀၀၀ ပေါက်စျေးရှိပြီး တစ်အိ်တ်ကို ၁၀၀၀ ကျပ်စျေး ကျဆင်းသွားပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၁၉၅၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ လောက်စျေးကျဆင်းသွား ပါတယ်။
စွန်တာပဲ
စွန်တာပဲကလည်း မန္တလေးစျေးကွက်မှာ ပြန်ပြီးစျေးကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့လကနေ စပြီး အဝယ် များတဲ့အတွက်စျေးက မြင့်တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ အရောင်းအဝယ်အေးသွားတဲ့အတွက်စျေးက ကျဆင်းသွားတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၇၅၀၀၀ ကနေ ၈၀၀၀၀ ပေါက်စျေးရှိပြီး ၃၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာလည်း စျေးကကျဆင်းသွားပါတယ်။ စျေးကွက်ထဲကို နေ့စဉ် အဝင်များတဲ့အပြင် ပြည်ပ ဝယ်ယူမှုမရှိတဲ့အတွက်စျေးကကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်စျေးကွက်မှာ တစ်ပိဿာကို ၄၅၀ ကနေ ၇၅၀ ပေါက်စျေးရှိပြီး ၁၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ ပခုက္ကူစျေးကွက်မှာတော့ တစ်ပိဿာကို ၃၅၀ ကနေ ၄၇၅ ကျပ်ပေါက်စျေးရှိပြီး တစ်ပတ်အတွင်း တစ်ပိဿာကို ၁၀၀ ကျော်စျေးကျဆင်းသွားခဲ့ပါတယ်။
ထန်းလျက်
ထန်းလျက်က ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။စျေးကွက်ထဲကို အဝင်များပေမယ့်အရောင်းအဝယ်ကလည်း များတဲ့အတွက်စျေးက တက်နေတာဖြစ်ပါတယ်။ ရန်ကုန်စျေးကွက်မှာ ထန်းလျက် အမျိုးမျိုး က တစ်ပိဿာကို ၉၅၀ ကနေ ၂၂ဝဝပေါက်စျေးရှိပြီး တစ်ပိဿာကို ၁ဝဝလောက်တက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ဒီတစ်ပတ်မှာလည်း ထပ်ပြီး စျေးက တက်လာပါတယ်။။ပြည်တွင်း ငွေလဲလှယ်နှုန်းတွေ ဆက်တိုက် တက်နေခဲ့တဲ့အတွက်စားအုန်းဆီစျေးတွေလည်း တက်နေတာဖြစ်ပါတယ်။
ကမ္ဘာ့စားအုန်းဆီစျေး ကလည်းတက်နေပါတယ်။
မန္တလေးစျေးကွက်မှာတော့ တစ်ပိဿာကို ၂၁၄၀ မှ ၂၁၆၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်စျေးတက်လာပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်ပိဿာကို ၂၁၄၀ ေပေါက်စျေးရှိပြီး တစ်ပိဿာကို ၆၀ လောက်စျေးတက်လာ ပါတယ်။ ပြည်ကုန်စည်ဒိုင်စျေးကွက်မှာလည်း တစ်ပိဿာကို ၂၁၆၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၁၃၀ ကျပ်စျေးတက် လာပါတယ်။