menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
၁၃.၁၁.၂၀၁၉ မှ ၁၅.၁၁.၂၀၁၉)ထိ
ဒီတစ်ပတ်ကတော့ ပွဲတော်ပိတ်ရက်တွေများနေပြီး ကုန်စည်ဒိုင်တွေ ပိတ်တဲ့အတွက် အရောင်းအဝယ် ကလည်းမရှိသလောက်ဖြစ်သွားပါတယ်။ ပဲဈေးတွေလောက်သာ အတက်အကျရှိပြီး အခြားသီးနှံ တွေ ကတော့ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိပါဘူး။
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်ကောင်းရင် အရောင်းအဝယ်ကောင်းတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ ဆန်သစ်က ဈေးအေးနေပြီး အဟောင်းသာ ရောင်းရတဲ့ြေခအနေလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပေါ်ဆန်းအသစ်က တစ်အိတ်ကို ၂၃၀၀၀ ကနေ ၂၄၀၀၀ ကြားပေါက်ဈေးရှိပေမယ့် အဟောင်းဖြစ်တဲ့ မြောင်းမြပုသိမ်ပေါ်ဆန်းကတော့ ၃၈၀၀၀ ကနေ ၄၂၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကတော့ ၃၆၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းကတော့ ၃၅၀၀၀ ကနေ ၃၈၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းကတော့ ၂၅၀၀၀ ကနေ ၃၂၀၀၀ ကြား အသီးသီးရှိပြီး ဈေးငြိမ်ပါတယ်။
နယ်ဈေးကွက်တွေမှာတော့ စပါးသစ်တွေ ထွက်ရှိပြီဖြစ်တဲ့အတွက် စပါးအဟောင်းဈေးတွေက ငြိမ်နေပြီး ဆန်အဟောင်းတွေက ထပ်ပြီး ဈေးက ကျဆင်းသွားတာတွေ့ရ ပါတယ်။ ပေါ်ဆန်းစပါးဈေး၊ဆန်ဈေးတွေက ငြိမ်နေတာ တစ်လနီးပါးရှိပြီး ဧည့်မထ ဆန်ဈေးတွေကတော့ အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။
စပါးအသစ်ကတော့ ပုသိမ်ဧည့်မထသာ ထွက်ရှိပြီး တင်း ၁၀၀ ကို ၄၆၀၀၀၀ နဲ့ ဈေးဖွင့်ထားပါတယ်။ မြောင်းမြဧည့်မထကတော့ တင်း ၁၀၀ ကို ၄၆၉၀၀၀ ပေါက်ဈေးရှိပြီး မြောင်းြ မပေါ်ဆန်း ကေ တာ့ တင်း ၁၀၀ ကို ၆၂၂၀၀၀ ပေါက်ဈေးရှိနေပါတယ်။
ပုသိမ်ပေါ်ဆန်းစပါးအဟောင်းကတော့ တင်း ၁၀၀ ကို ၈၂၄၀၀၀ ကျပ်ရှိပြီး ဆန်ကတော့ ၃၈၀၀၀ ကျပ်ရှိပါ တယ်။ မြောင်းမြပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၇၄၅၀၀၀ ကျပ်ရှိပြီး ဆန်က ၄၀၀၀၀ ကျပ်၊ ဒေးဒရဲစပါးက တင်း ၁၀၀ ကို ၇၁၁၀၀၀ ပေါက်ဈေးရှိပြီး ဆန်က ၃၈၀၀၀ ကျပ်၊ဖျာပုံေ ပါ်ဆန်းက တင်း ၁၀၀ ကို ၇၂၅၀၀၀ ပေါက်ဈေးရှိပြီး ဆန်က ၃၈၀၀၀ ကျပ် အသီးသီး ဈေးငြိမ်ပါတယ်။ ပုသိမ်ဧည့်မထဆန်က တစ်တင်းခွဲ တစ်အိတ်ကို ၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊မြောင်းမြ ဧည့်မထ ဆန်က တစ်အိတ်ကို ၂၁၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊အသီးသီးဈေးကျဆင်းသွားပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ အမြင့်ဆုံးဈေးရရှိခဲ့ပြီးတောင်သူတွေ ကို မျှော်လင့်ချက်ပေးခဲ့ပေမယ့် ရက်ပိုင်းအတွင်း ပြန်ကျ ဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင်တော့ အနည်းငယ်မျှော်လင့်ချက်ရှိပေမယ် တောင်သူတွေလက်ထဲ ပဲ မရှိတဲ့အတွက် ဈေးကောင်းရရှိမှုဟာ တောင်သူတွေ အတွက် မဟုတ်ခဲ့တာလည်းတွေ့ရပါတယ်။
အိန္ဒိယမှာ မကြာခဏပြောင်းလဲနေတဲ့ ပဲမူဝါဒတွေကြောင့် မြန်မာ့ပဲဈေးကွက်က ကမောက်ကမတွေ ဖြစ်ဖြစ်သွားတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အပတ်ကတော့ မတ်ပဲက တစ်တန်ကို ၁၃ သိန်းထိ မြင့်တက်သွားခဲ့ပြီး ရက်ပိုင်းအတွင်းပြန်ကျဆင်း သွားကာ ဈေးပိတ်ရက်မှာ တစ်တန်ကို ၁၂၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၁၈၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ ၃ သောင်းလောက်ထပ်ပြီး ကျဆင်းသွားခဲ့ပါတယ်။
နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို ၃၀၆၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်က ဈေးမဖွင့်ပေမယ့် ဒီတစ်ပတ် ပိတ်ရက်ပြီးတဲ့အချိန်မှာတော့ အရောင်းအဝယ် ဖြစ်ပြီး ဈေးပြန်ဖွင့်ပါတယ်။ မတ်ပဲဈေးကသာ အတက်အကျအပြောင်းအလဲဖြစ်နေပေမယ့် ပဲစင်းငုံနီကတော့ လက်တလော ပုံမှန်ဈေးရှိနေတယ်လို့ပြောလို့ရပါတယ်။ အတက်အကျကလည်း အနည်းငယ်သာ အပြောင်းအလဲရှိနေပါတယ်။
အိန္ဒိယက ပဲဝယ်ယူမှုရက်ကို နိုဝင်ဘာ ၁၅ ရက်နေ့အထိသက်တမ်းတိုးပေးလိုက်တဲ့အတွက် ရက်ပိုင်းအတွင်း အရောင်းအဝယ်ပြန်ဖြစ်နေတာလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက ၈၂၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ မုံရွာဈေးကွက်
မှာလည်း တစ်တင်းကို ၂၇၇၅၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၅၀၀ ကျပ်ရှိပြီး ၃၀၀ လောက်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၉၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယတင်ပို့မှုကြောင့် ဈေးတက်လာတာ ဖြစ်ပြီး ဒီလအတွင်း အပြီးတင်ပို့ရမယ်ဆိုတဲ့အတွက် ကြောင့်လည်းဖြစ်ပါတယ်။ တရုတ်တင်ပို့မှုကတော့ ပုံမှန် ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်ပိဿာကို ၁၈၅၀ ကနေ ၂၂၅၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျော်ဈေး တက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းကတော့ တစ်တင်းကို ၃၃၅၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိ ပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၈၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲကြီး
ပြီးခဲ့တဲ့အပတ်က ဈေးတက်ခဲ့တဲ့ ပဲကြီးကတော့ ဒီတစ်ပတ် ဈေးကျဆင်းသွားခဲ့ပါတယ်။ အသစ်တွေ ဆက်တိုက် ဈေးကွက်ထဲကို ဝင်ရောက်နေတာဖြစ်ပြီး ပွဲတော်ကာလ ပြီးသွားတဲ့အတွက် ဈေးက အနည်းငယ်ပြန်ကျဆင်းသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဈေးမာခဲ့တဲ့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၁၉၈၀ ကနေ ၂၀၄၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲကြီးက တစ်တင်းကို ၂၇၇၅၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ ေတာ့ ပဲကြီးက တစ်တင်းကို ၂၈၀၀၀ ကနေ ၃၁၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)