menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၈.၁၁.၂၀၁၉ မှ ၂၂.၁၁.၂၀၁၉)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ လက်ရှိမှာ ဈေးအတက်အကျ တည်ငြိမ်မှုမရှိတာ တွေ့ရပါတယ်။ အိန္ဒိယက ထပ်မံ ဝယ်ယူမယ် မဝယ်ယူဘူးအပေါ်မှာ ဈေးက ပြောင်းလဲနေတာဖြစ်ပြီး လတ်တလော မှာတော့ အဝယ်များရင် ဈေးမြင့်ပြီး အဝယ်နည်းရင် ဈေးများတာ တွေ့ရပါတယ်။
ပဲမရှိတဲ့အချိန် ဈေးတက်လာတာဖြစ်လို့ တောင်သူတွေအကြား ဝေဖန်မှုတွေရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် ဈေးကောင်းရတာမို့ အနည်းငယ်တော့ မျှော်လင့်ချက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကာလတူ နှစ်မှာ မတ်ပဲက တစ်တန်ကို ငွေကျပ် ၈၅၀၀၀၀ ကျော်သာ ပေါက်ဈေးရှိနေပြီး ယခုနှစ်မှာတော့ တစ်တန်ကို ငွေကျပ် ၁၁၃၀၀၀၀ ကျော် နဲ့ အရောင်းအဝယ်ဖြစ်ပြီးနေပြီး ၃ သိန်းနီးပါး ဈေးတက်လာတယ်လို့ ပြောလို့ရပါတယ်။
ဒီတစ်ပတ်မှာတော့ မတ်ပဲက တစ်တန်ကို ၁၁ သိန်းကျော်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။အိန္ဒိယက လည်း ထပ်မံဝယ်ယူသွားဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။
ပဲစင်းငုံ(နီ)
ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေး ကျဆင်းသွားပါတယ်။ အရောင်းအဝယ်ကတော့ ထူးထူးခြားခြားမရှိဘူးလို့လည်း ကုန်သည်တွေထံကနေ သိရပါတယ်။လက်ရှိအခြေအနေရ မတ်ပဲလောက် ဈေးကွက်အတွင်း လှုပ်ခတ်မှု မရှိတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်နဲ့ယှဉ်ရင်တော့ ဈေးတက်ပေမယ့် ပဲစင်းငုံနီ နဲ့ မတ်ပဲက ပြည်ပတင်ပို့မှု တူပြီး ဝယ်ယူမှုလည်း တူတာမို့ ဈေးအများကြီး ကွာဟမှု မရှိပေမယ့် လက်ရှိအခြေအနေကတော့ အတော် ကွာဟမှု ရှိနေတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၈ ခုနှစ်မှာ ပဲစင်းငုံနီက တစ်တန်ကို ၇၀၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ယခုနှစ် မှာတော့ တစ်တန်ကို ၈၀၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်ပြီး တစ်သိန်းေလောက်သာ ဈေးတက်လာခဲ့ပါတယ်။
ဒီတစ်ပတ်မှာ ပဲစင်းငုံနီက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၈၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်ပတ် အတွင်း ၂ သောင်းကျော်လောက်ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်လာခဲ့ပါတယ်။ တရုတ်ဝယ်ယူမှု များလာတဲ့အတွက် ဈေးတက်လာတာဖြစ်ပြီးတော့ အဟောင်းလက်ကျန် နည်းလာတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၈၅၀ ကနေ ၂၂၅၀ ပေါက်ဈေး နဲ့ ဈေးငြိမ်ပေမယ့် မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၆၂၅ ကျပ်ရှိပြီး ၇၅ ကျပ်ဈေးတက်လာပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၉၇၅ ကျပ်ရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာ နယ်ဈေးကွက်တွေမှာ ဈေးတက်လာပြီး အချို့ဒေသေတွမှာ တော့ ဈေး အနည် းငယ်ကျဆင်းသွားပါတယ်။ နယ်ဈေးကွက်အချို့မှာ ကုလားပဲအဝင်က လျော့နည်းသွား တဲ့အတွက် ဈေးတက်လာတာဖြစ်ပြီးတော့ ကုန်စည်ဒိုင် အကြီးတွေမှာတော့ အရောင်းအဝယ်အေးသွားတဲ့ အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၅၂၀၀ ပေါက်ဈေးရှိပြီး ၄၅၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံး ဝါကြီးကတော့ ၂၅၄၀၀ ပေါက်ဈေးရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာကာ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၅၀၀ နဲ့ ၂၀၀ ကျပ်ဈေး တက်လာပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁၃၁၅ ကျပ်ကနေ ၁၃၅၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ၃ တင်းဝင် တစ်အိတ်ကို ၇၈၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ထန်းလျက်
ထန်းလျက်ကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီး ဈေးက တက်လာခဲ့ပါတယ်။အချို့ ထန်းလျက် အမျိုးအစား တွေကတော့ ဈေးကွက်ထဲ အဝင်မရှိတော့ပဲ အဝင်ရှိတဲ့ ထန်းလျက်ဈေးတွေက တက်လာခဲ့ ပါတယ်။ ပြည်တွင်းမှာလည်းဝယ်ယူမှုများတဲ့ အတွက်တစ်ပိဿာကို ၅၀လောက်ဈေးတက်လာပြီး တစ်ပိဿာကို ၁၇၅၀ ကနေ ၁၉၅၀ ကြားပေါက်ဈေးရှိပါတယ်။
မန်းကျည်းသီး
မန်းကျည်းသီးတွေကတော့ တစ်ဖြေးဖြေးနဲ့ ဈေးက ကျဆင်းလာခဲ့ပါတယ်။ အသစ်တွေဈေးကွက်ထဲကို ဝင်ရောက်လာတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။ တစ်ပိဿာကို ၁၀၀ လောက်ကျဆင်းသွားပြီး လက်ရှိ မန်းကျည်းသီးက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၇၀၀ ပေါက် ဈေးရှိပါတယ်။
အာလူး
ပြီးခဲ့တဲ့ အပတ်က ဈေးတက်လာခဲ့တဲ့ အာလူးဈေးက ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ အာလူးကို ပြည်တွင်းမှာတင် မဟုတ်ပဲ တရုတ်ကပါ တင်သွင်းနေတာဖြစ်တဲ့အတွက် ဈေးက ကျဆင်းသွား ဖြစ်ပါတယ်။ အာလူးဈေးက အများအားဖြင့် ဈေးအများကြီး တက်တာမျိုးမရှိပဲ ပြည်ပကနေ တင်သွင်းမှုကို ဖမ်းဆီးမှသာ ပြည် တွင်း အာလူးဈေးက တက်တဲ့အခြေအနေလည်းဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ အောင်ပန်း အာလူးက တစ်ပိဿာကို ၄၅၀ ကနေ ၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ လောက်ဈေးပြန်ကျဆင်းသွားပါတယ်။ နှမ်းမျိုးစုံ နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားခဲ့ပြီး အရောင်းအဝယ်ပကတော့ ပုံမှန် ရှိနေခဲ့ပါတယ်။ နေ့စဉ် အဝင်အခြေအနေ ကြည့်ပြီး ထောင်ဂဏန်းလောက်သာ အပြောင်းအလဲ ဖြစ်နေပါတယ်။ နှမ်းနက်(စမုံ) နှမ်းနက်(စမုံ)ကတော့ မန္တလေးဈေးကွက်မှာ သုံးတင်းဝင် တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၄၈၀၀၀ ပေါက် ဈေးရှိ ပြီး တစ်အိတ်ကို ၈၀၀၀ လောက်ဈေးကကျဆင်းသွားပါတယ်။
နှမ်းဖြူ
နှမ်းဖြူကလည်း တောက်လျှောက်ဈေးတက်နေပေမယ့် လက်ရှိမှာ အနည်းငယ်ဈေးကျဆင်းသွားခဲ့ ပါတယ်။ တစ်အိတ်ကို ၁၃၃၀၀၀ ကနေ ၁၅၁၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ နှမ်းနီ နှမ်းနီကတော့ တစ်အိတ်ကို ၁၀၀၀ လောက်သာ ကျဆင်းသွားပြီး တစ်အိတ်ကို ၁၄၃၀၀၀ ပေါက်ဈေးရှိပါတယ်။
ဝတ်ရည်မွန်(AMIA)