menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၆.၁.၂၀၂၀ မှ ၁၀.၁.၂၀၂၀ )ထိ
ဆန်၊စပါး
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက် မှာ ဆန်ဈေးကတော့ အတက်အကျအပြောင်းအလဲ ရှိနေပါတယ်။ အချို့ ဆန် တွေကတော့ ဈေးတက်ပေမယ့် ပြည်ပတင်ပို့တဲ့ ဆန်အချို့ကတော့ ပြည်တွင်ငွေလဲလှယ်နှုန်းဈေး ကျဆင်း တဲ့အတွက် ဈေးက ကျဆင်းသွားပါတယ်။
ရွှေဘိုပေါ်ဆန်းကတော့ ဒီတစ်ပတ်မှာ ၅၄၀၀၀ ကနေ ၆၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက် လာပါတယ်။ ကြားပျံရှယ်က တစ်အိတ်ကို ၃၅၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါ်ဆန်းရှယ်သစ်ကတော့ါတစ်အိတ်ကို ၃၄၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံးဆန်က တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၁၀၀၀ ပေါက်ဈေးရြှိပီး ၅၀၀ ကျပ်ဈေးကျဆင်းသွား ပါတယ်။ ဧည့်မထ ဆန်ကလည်း တစ်အိတ်ကို ၁၈၅၀၀ ကနေ ၁၉၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ဧည့်မထ ၂၅ % တန်ကလည်း တစ်အိတ်ကို ၁၆၅၀၀ ကနေ ၁၇၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်ဈေးကျဆင်းသွားကာ သီးထပ်ရှယ်ကလည်း တစ်အိတ်ကို ၁၈၅၀၀ ကနေ ၁၉၀၀၀ ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မတ်ပဲ
မတ်ပဲကတေ့ာ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှုက ပုံမှန်ရှိပေမယ့် ပြည်တွင်းငွေလဲလှယ် နှုန်းဈေး ကျဆင်းသွားတဲ့အတွက် ဈေးနှုန်းရရှိမှုလည်း နည်းသွားတာဖြစ်တယ်လို့သိရပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၁၃၀၀၀၀ နီးပါးပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ငွေကျပ် ၅ သောင်းနီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာလည်း မတ်ပဲက သုံးတင်း ဝင် တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၁၀၀၀၀ ပေါက်ဈေးရှိြ့ပီး တစ်အိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်. ပြည်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၃၇၀၀၀ ပေါ်ကဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက ဈေးမဖွင့်ပါဘူး။အသစ်တွေကလည်း ဆက်တိုက်ကို ဝင်ရောက်နေ တာဖြစ်တဲ့အတွက် နယ်ဈေးကွက် အချို့မှာတော့ ဈေးဖွင့်ပါတယ်။ ပြည်ပတင်ပို့မှုက မရှိတဲ့ အတွက်ကြောင့် ဈေးကွက်မှာလည်း အရောင်းအဝယ် အေးနေပါတယ်။
မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၇၀၀၀၀ ကနေ ၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပဲခူး နတ်တလင်းကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီ အသစ်က တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။အဟောင်းကတော့ တစ်တင်းကို ၁၉၀၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။ လက်ကျန်ပဲတွေကိုသာ ရောင်းဝယ်နေပြီး ဒေါ်လာဈေးကျဆင်းသွားတဲ့အတွက် ပြည်တွင်းဈေးကွက်မှာလည်း ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ) တို့က တစ်ပိဿာကို ၁၈၈၀ ကနေ ၂၀၇၀ ပေါက်ဈေးရှိပြီး ၇၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာလည်းပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ပဲတီစိမ်း(သေး)က တစ်တင်းကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ တစ်ပတ်အတွင်းဈေးက တည်ငြိမ်မှု မရှိပါဘူး။ တစ်ပတ်အတွင်းအတက်အကျ များပေမယ့် ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင်တော့ ဈေးက တက်လာပါတယ်။ နေ့စဥ ်ကြက်သွန်နီကတော့ တန်ချိန် တစ်သိန်း ကျော်ဝင်ရောက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ဒီတစ်ပတ်က တစ်ပိဿာကို ၁၃၀၀ ကနေ ၁၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ် ဈေး တက်လာပါတယ်။
စားအုန်းဆီ
စားအုန်းဆီက ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားပါတယ်။
ပြည်တွင်းငွေလဲလှယ်နှုန်းကြောင့်ေ ဈးကျဆင်းသွားတဲ့အပြင် ကမ္ဘာ့ စားအုန်ဆီ ဈေးကလည်း အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံဆီကုန်သည်လုပ်ငန်းရှင်က ထုတ်ပြန်တဲ့ စာရင်းအရ စားအုန်းဆီလက်လီဈေးက တစ်ပိဿာကို ၂၁၀၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ်ဈေးကျဆင်းသွားပါတယ်။လက်ကားဈေးကတော့ တစ်ပိဿာကို ၂၀၅၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ်ဈေးကျဆင်းသွားပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၂၀၅၀ ပေါက်ဈေးရှိပြီး ၁၅ ကျပ် ဈေးကျဆင်းသွားပါတယ်။