menu

တစ်ပတ်အတွင်း သီးနှံ‌ဈေးနှုန်း သုံးသပ်ချက်

(၂၀.၁.၂၀၂၀ မှ ၂၄.၁.၂၀၂၀ )ထိ

ဆန်၊ စပါး

ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ဆန်အသစ်တွေ ထွက်ရှိလာပြီး ဈေးနှုန်းတွေလည်း အပြောင်းအလဲ ရှိ လာပါတယ်။ ပုသိမ်ဈေးကွက်မှာလည်း လက်ရှိ ကုန်သည်တွေက ဈေးပိုပေး ဝယ်ယူမှုတွေကြောင့် ဆက်တိုက် ကို ဈေးတက်နေတယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်တော့ ဖျာပုံပေါ်ဆန်းမွှေးအသစ် နဲ့ ဒေးဒရဲပေါ်ဆန်းမွှေး တစ်အိတ်ကို ၃၁၀၀၀ ကနေ ၃၃၀၀၀ ကျပ်၊မြောင်းမြပေုသိမ်ပေါ်ဆန်းမွှေးအသစ်က တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၅၀၀၀ ကျပ်၊ပေါ်ဆန်း နယ်စုံသစ်က တစ်အိတ်ကို ၂၆၀၀၀ ကနေ ၃၀၀၀၀ ကျပ်၊ဧည့်မထဆန် အသစ်က တစ်အိတ်ကို ၁၉၅၀၀ ကနေ ၂၀၃၀၀ ကျပ်၊ငစိန် သစ်က တစ်အိတ်ကို ၁၇၅၀၀ ကနေ ၁၈၅၀၀ ကျပ်၊ မြီးဒုံက တစ်အိတ်ကို ၂၅၀၀၀ ကနေ ၂၆၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းသစ်ကတော့ တစ်အိတ်ကို ၄၆၀၀၀ ကနေ ၄၉၀၀၀ ကျပ်၊အသီးသီးပေါက်ဈေးရှိပါတယ်။  

ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းမွှေး စပါးက တင်း ၁၀၀ ကို ၇၃၂ ၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၄ ၀၀၀ ကျော်ဈေးတက်လာကာ ပုသိမ်ပေါ်ဆန်း ဆန်ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၃၂၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပုသိမ်ဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၀၂ ၀၀၀ ပေါက်ဈေးရှိပြီး ၂၆ ၀၀၀ ကျပ်ဈေးတက်လာကာ ဆန် ကတော့ တစ်တင်းခွဲ တစ်အိတ်ကို ၂၀၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြောင်းမြပေါ်ဆန်းစပါးက တော့ တင်း ၁၀၀ ကို ၇၀၁၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ် ၊ ဆန်က တစ်အိတ်ကို ၃၃၀၀၀ ကျပ်ရှိပြီး ၄၀၀၀ ကျပ်၊မြောင်းမြဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၀၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၁၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။  

ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၆၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၂၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၀၀၀၀၀ ကျပ်ရှိပြီး ဈေးအပြောင်းအလဲမရှိပါဘူး။ ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၆၄၅၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ် ၊ ဆန်က တစ်အိတ်ကို ၂၈၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ဖျာပုံဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၅၁၅၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀၀ ကျပ်၊ဆန်က တစ်အိတ်ကို ၁၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။  

မတ်ပဲ  

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေး တက်လာတယ်လို့ဆိုလို့ရပါတယ်။ အိန္ဒိယအစိုးရက ပဲဝယ်ယူခွင့် ပါမစ်ကို တရားဝင်ထုတ်ပြန်လိုက်တဲ့အတွက်ကြောင့် ပါ။ ဒါပေမယ့် ဈေး ကို ထိန်းလိုက်တဲ့ သဘောမှာရှိတဲ့အတွက် အရမ်း ကြီး တက်သွားတဲ့ အခြေအနေတော့ မရှိပါဘူး။  

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၁၆၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယဉ်လိုက်ရင် တစ်တန်ကို ၄ သောင်းကျော်လောက် တက်သွားပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်း ပြန်ကျဆင်းသွားပြီး တစ်တန်ကို ၁၁၃၀၀၀၀ ကျော်သာ ပေါက်ဈေးရှိပါတော့တယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည် ဒိုင်မှာတော့ တစ်တင်းကို ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။  

ပဲစင်းငုံနီ  

ပဲစင်းငုံနီကတော့ ရန်ကုန်ဈေးကွက်မှာ အတက်အကျ အနည်းငယ် နဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။နယ်ကုန် စည်ဒိုင်အချို့မှာတော့ ဈေးက ကျဆင်းပြီး အချို့နယ်တွေမှာတော့ ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၃၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀၀ လောက်ဈေးတက်လာပါတယ်။ 

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၂၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ ၂၃၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၂၀၀ ပေါက်ဈေးရှိပြီး ၆၀ ကျပ်၊ပုခက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။  

ပဲတီစိမ်း  

ပဲတီစိမ်းကတော့ ဆက်တိုက်ကို ဈေးတက်နေပါတယ်။ လက်ကျန်ပဲတွေကိုသာ အရောင်းအဝယ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် ဈေးက တက်နေတာလည်းဖြစ်ပါတယ်။ မကြာခင် ပဲအသစ်တွေ ထွက်ရှိ လာရင်တော့ ဈေးကျဆင်းနိုင်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ နယ်အချို့မှာ တော့ ရောင်းစရာပဲမရှိတော့တဲ့ အတွက် ဈေးကတော့ ကျဆင်းသွားပါတယ်။  

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်းက ((ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ)က တစ်ပိဿာကို ၁၉၃၀ ကနေ ၂၂၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း (ကြီး၊သေး)က တစ်တင်းကို ၃၄၂၅၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၇၅၀ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းအသေးက တစ်တင်းကို ၃၁၈၂၅ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၂၅၀ ပါက်ဈေးရှိပြီး ၁၂၄၅ ကျပ်ဈေးကျဆင်းသွား ပါတယ်။  

ပဲကြီး  

ပဲကြီးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပဲကြီးကလည်း အသစ်တွေက ထွက်ရှိနေပြီဖြစ်တဲ့အတွက် အရောင်းအဝယ်သွက်ပြီးဈေးတက်လာတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီးကဈေးငြိမ်ပါတယ်။ တစ်ပိဿာကို ၁၃၅၅ ကနေ ၁၉၈၅ ပေါက်ဈေးရှိပါတယ်။မုံရွာ မှာတော့ ပဲကြီးက တစ်တင်းကို ၃၁၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်ဈေးတက်လာပါတယ်

ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၅၀၀ ကနေ ၃၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ 

ပန်းနှမ်း

အခြား နှမ်းမျိုးစုံကတော့ လက်တလော ဈေးက ငြိမ်နေပေမယ့် ပန်းနှမ်းကတော့ အရောင်းသွက်ဈေးတက်နေပါ တယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၆၉၀၀၀ ကနေ ၇၀၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်ဈေးတက်လာပါတယ်။