menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂၇.၁.၂၀၂၀ မှ ၃၁.၁.၂၀၂၀ )ထိ
ဆန်၊စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချော သစ်ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။အဝင်တွေလည်း များ လာပြီ ဖြစ်တဲ့ အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီးအရောင်းအဝယ် ကတော့ အေးနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေး၊မြောင်းမြပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ဈေးကျဆင်းသွားပါတယ်။
ဆန်ကြမ်းဈေးတွေကတော့ အနည်းငယ်တက်လာပါတယ်။ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ ဧည့်မထ ဆန်က တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၁၀၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ်၊ဈေးတက်လာပါတယ်။ဆန်ချောထက် ဆန်ကြမ်းကို အဝယ်လိုက်နေတယ်လို့လည်း သိရပါတယ်။ ပုသိမ်ဈေးကွက် မှာတော့ ဒီတစ်ပတ် က ပုံမှန်ဝယ်ယူမှုတွေ ရှိနေပါတယ်။ နတ်တလင်း ဈေးကွက်မှာတော့ တောင်ပြန် စပါးဈေးက တင်း ၁၀၀ ကို ၆၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ သိန်းကျော် လောက်ဈေးကျဆင်းသွားပါတယ်။ တောင်ပြန်စပါးမျိုး မရှိတော့တဲ့အတွက် အရောင်းအဝယ် လည်း မရှိတော့ဘူးလို့သိရပါတယ်။
မတ်ပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးတက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။ပဲဝယ်ယူခွင့် ပါမစ် ချလိုက်တဲ့အချိန် ဈေးက တက်သွားနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် တောင်သူတွေက ထပ်ပြီးဈေးအတက်ကို စောင့်နေတဲ့အတွက် ထုတ်မရောင်းပဲဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။
အိန္ဒိယကလည်း လက်ကျန် ဈေးကွက်ထဲက ပဲတွေ မဟုတ်ပဲ ပဲအသစ်တွေသာ ဝယ်ယူမှာဖြစ်တဲ့ အတွက် ကြောင့် လတ်တလော အခြေအနေက ဈေးက လက်ကျန်ပဲတွေသာ အရောင် းအဝယ်ဖြစ်နေကြတာပါ။ မတ်လ အကုန်ထိ တင်သွင်းခွင့်ရရှိမှာဖြစ်တာအတွက်ကြောင့် လာမယ့် ဖေဖော်ဝါရီလ မှာတော့ ဈေးက ပြန်ပြီး တက်နိုင် တယ်လို့ ကုန်သည် အများစုက မျှော်မှန်းထားပါတယ်။
မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို ၁၀၆၈၀၀၀ အထိ ဈေးက ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်သိန်း လောက် ထိ ကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၇၅၀ ပေါက်ဈေးရှိပြီး ၁၇၅၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄၁၅၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေး ကျဆင်း သွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီဈေးကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးက ကျဆင်းသွားပါတယ်။အရောင်းအဝယ်ကတော့ ပုံမှန် ရှိနေပေမယ့် အဝင်များတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၁၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ လောက် ဈေးကျ ဆင်းသွား ပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ၊မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၆၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၉၀၀ ပေါက်ဈေးရှိပြီး ၁၁၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်းဈေးက ကျဆင်းသွားပါတယ်။ နယ်အချို့မှာ အသစ်တွေ ထွက်ရှိပြီ ဖြစ်တဲ့အပြင် တရုတ် ဝယ်ယူမှုကလည်းရပ်တန့်ထားတဲ့အတွက် ကြောင့် ဈေးက ကျဆင်းသွား တာ ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ (ပဲခူးရွှေဝါ၊ခရမ်းရွှေဝါ၊ဝါးခယ်မ) က တစ်ပိဿာကို ၁၇၈၅ ကျပ်ကနေ ၂၁၃၅ ကျပ် ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၁၃၅၀ ပေါက်ဈေးရှိပြီး ၄၇၅ ကျပ် ဈေး ကျဆင်းသွားပါတယ်။ပြည်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ကုလားပဲ
ကုလားပဲဈေးကတော့ ပြန်ပြီး ကျဆင်းသွားပါတယ် ။ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက အေးနေတာဖြစ်ပါတယ်။အခြား ပဲတွေ ကလည်း ဈေးကွက် အတွင်း အများအပြား ဝင်ရောက်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းသွားတာပါ။ မုံရွာဈေးကွက်မှာ ကုလားပဲ လုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၅၃၀၀ ကနေ ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ၊ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက ၂၇၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဝါကြီးက ၂၇၆၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။ ပခုက္ကူုကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၈၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပြီး ကုလားပဲလုံးဝါကြီးက တစ်တင်းက ၂၆၈၀၀ ပေါက်ဈေးရှိပြီး ၁၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကတစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွား ပါတယ်။
ငရုတ်
ငရုတ်ဈေးကတော့ ဒီတစ်ပတ်မှာ ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ ၆ လလောက် ထိ ဈေးက ဆက်တိုက်တက်နေပေမယ့် လက်ရှိမှာ အသစ်ထွက်လာပြီး အရည်အသွေးပိုင်း အားနည်းတဲ့အတွက် ဈေးက ကျဆင်းသွားတာလို့သိရပါတယ်။
ငရုတ်ပွ (စိမ်းစား)က တစ်ပိဿာကို ၄၈၀၀ ကနေ ၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။
ငရုတ်ပွ (ဆင်ဖြူကျွန်း)ကတော့ တစ်ပိဿာကို ၅၅၀၀ ကနေ ၅၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပျော်ဘွယ်မိုးထောင်က တစ်ပိဿာကို ၅၂၀၀ ကနေ ၅၃၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။
အာလူး
ပြီးခဲ့တဲ့ အပတ်က အထိ ဈေးကျဆင်းနေတဲ့ အာလူးက ဒီတစ်ပတ်မှာတော့ ဈေးပြန်တက်လာပါတယ်။ အာလူး ကားတွေ အဝင်နည်းတဲ့အတွက်ဈေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ၂၅၀ ကနေ ၈၇၀ ပေါက်ဈေးရှိပြီး ၁၂၀ လောက်ဈေးတက်လာပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ဈေးပြန်တက်လာပါတယ်။ အဝင်နည်းတဲ့အတွက်ကြောင့် ဈေးတက်လာတာဖြစ်ပါတယ်.။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၀၀၀ကနေ ၁၆၀၀ ပေါက်ဈေးရှိပြီး ၁၅၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာ ၄၀၀ ကနေ ၁၃၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၂၀၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာ ပါ တယ်။
ကြက်သွန်ဖြူ(ကြူကုတ်)
ဈေးငြိမ်နေတာ ကြာပြီဖြစ်တဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က တရုတ်ဘက်က အဝင်နည်းသွားတဲ့အတွက်ကြောင့် ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၃၆၀၀ ပေါက်ဈေးရှိပြီး ၄၅၀ ကျပ်ဈေးတက်လာပါတယ်။