menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၂၃.၉.၂၀၁၉ မှ .၂၇.၉.၂၀၁၉)ထိ
ဆန်၊ စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောဈေးရော ဆန်ကြမ်းဈေးတွေပါ ကျဆင်းသွားခဲ့ပါတယ်။ ဆန်ဈေးတွေ ကျဆင်းသွားပြီး အရောင်းအဝယ်ကလည်း အေးနေပါတယ်။ဆန်အသစ်တွေကလည်း ဆက်တိုက် ကို ဝင်ရောက်နေတဲ့အတွက်ဈေးက ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။
ရန်ကုန် ဝါးတန်းကုန်စည်ဒိုင်မှာ မြောင်းမြ ပေါ်ဆန်းက တစ်အိတ်ကို ၄၀၀၀၀ ကနေ ၄၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းက တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ လပွတ္တာပေါ်ဆန်းက တစ်အိတ်ကို ၃၃၀၀၀ ကနေ ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ်၊ကျိုက်လတ် ပေါ်ဆ န်းက တစ်အိတ်ကို ၃၁၀၀၀ ကနေ ၃၇၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊အသီးသီး ဈေးကျဆင် းသွားခဲ့ပါတယ်။
ဒေးဒရဲပေါ်ဆန်းဆန်ကလည်း တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ၃၅၀၀၀ ကနေ ၃၈၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံကလည်း တစ်အိတ်ကို ၂၆၀၀၀ ကနေ ၃၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ဈေး ကျဆင်းသွားပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ မြီးဒုံဆန်ကလည်း တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၃၅၀၀ ကျပ်၊ကျဆင်းသွားခဲ့ပါတယ်။
ဧရာဝတီတိုင်း မှာတော့ ဧရာဝတီပေါ်ဆန်စပါးက တင်း ၁၀၀ ကို ၉၆၃၀၀၀ ကျော်ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျော်၊ပေါ်ဆန်းရင်စပါးက တင်း ၁၀၀ ကို ၇၈၈၀၀၀ ပေါက်ဈေးရှိပြီး ၄၄၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၇၉၆၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀၀ ကျော် အသီးသီးဈေးကျဆင်းသွားပါတယ်။ ဒုတိယတန်းစားစပါးတွေဖြစ်တဲ့ ရွေသွယ်ေလေးနဲ့ဧရာမင်းစပါးက က တင်း ၁၀၀ ကို ၇၅၄၀၀၀ ပေါက်ဈေးရှိပြီး ၂၈၀၀၀ ကျပ်၊ မနောသုခစပါးက တင်း ၁၀၀ ကို ၅၇၀၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်၊ဈေးကျဆင်းသွားခဲ့ပါတ.ယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ေစ်းတက္လာခဲ့ပါတယ္။ ကုန်သည် တွေက အောက်တိုဘာ လအတွင်း အပြီးတင်သွင်းရမယ်ဆိုတဲ့အချက်ကြောင့် ကုန်တွေကို ဝယ်နေ ပေမယ့် ဈေးကွက်အတွင်း ဈေးကျမယ် ထိန်းဝယ်ပါ ဆိုတဲ့ သတင်းတွေကြောင့် ဈေးကွက်အတွင်း ထူးထူးခြား ခြား ပြောင်းလဲမှုမရှိတာတွေ့ရပါတယ်။စောင့်ကြည့်နေတဲ့ အခြေအနေလည်းဖြစ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်တန်ကို ၇၉၀၀၀၀ ပေါက်စျေးရှိပြီး ၁၅၀၀၀ ကျပ်စျေးတက်လာပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကျပ်နဲ့ ၅၀၀ ဈေးတက်ပါတယ်။ နေပြည်တော်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၂၄၃၀၀ နဲ့ ၇၀၀ ကျပ်ဈေးတက်ပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ လတ်တလော ဈေးတွေကျဆင်းနေပါတယ်။ ပုံမှန်ဝယ်ယူမှုတွေရှိနေပေမယ့် ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နေတာဖြစ်တဲ့အတွက်ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုကတော့ စောင့်ကြည့်နေတာဖြစ်တဲ့အတွက် အကျဈေးနဲ့ပဲ အရောင်းအဝယ်ရှိနေပါတယ်။
ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၈၄၀၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၆၆၅၀ ပေါက်ဈေးရှိပြီး ၉၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ အခြား နယ် ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်၊မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးက ထပ်ပြီး ကျဆင်းသွားပါတယ်။ဈေးကွက်ထဲကို ပဲတွေ အဝင် များတဲ့အတွက် ဈေးက ကျဆင်းသွားတာလည ်းဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း ခရမ်းရွှေဝါက တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၈၅ ကျပ်ပေါက်ဈေးရှိပြီး ၁၅ ကျပ်၊ပဲခူးရွှေဝါကတော့ တစ်ပိဿာကို ၁၉၁၅ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း အသေးက တစ်တင်းကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မြင်းခြံကုန်စ်ညဒိုင်မှာတော့ တစ်တင်းကို ၂၉၄၅၀ ပေါက်ဈေးရှိပြီး ၄၇၅ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါက်ဈေးရှိပြီး ၂၄၅၀ ကျပ်၊ဈေးကျဆင်းသွားပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ပြည်တွင်း ဝယ်ယူမှုများလာတဲ့အတွက်ဈေးက တက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၂၀၃၅ ကနေ ၂၁၂၅ ကျပ်ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေး တက်လာပြီး ပဲကြီး(ကုန်း)ကတော့ တစ်ပိဿာကို ၁၄၉၅ ကနေ ၁၅၃၅ ရှိပြီး ၃၅ ကျပ်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို၂၈၇၅၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ နှမ်းဖြူ နှမ်းဖြူကတော့ ဒီတစ်ပတ်မှာ ဈေးက ငြိမ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်လိုက်ရင်လည်း ဈေးအများကြီး ကွာခြားသွားမျိုးမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။
နှမ်းနက်
နှမ်းနက်ကတော့ လက်ရှိဈေးကွက်ထဲမှာ ဈေးတည်ငြိမ်မှုမရှိသေးပါဘူး။ အဝယ်များရင် ရုတ်တရက်ဈေး တက်သွားသလို အဝယ်နည်းရင်လည်း ဈေးအများကြီး ကျဆင်းသွားတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။
မန္တလေးဈေးကွက်မှာ နှမ်းနက်က တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ လောက် ဈေးတက်လာပါတယ်။
Source: AMIA