menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်း သုံးသပ်ချက်
(၁၆.၃.၂၀၂၀ မှ ၂၀.၃.၂၀၂၀ )ထိ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာလည်း ဆန်ဈေးတွေ တက်နေသလို နယ်ဈေးတွေမှာတော့ ဆန်ဈေး ၊စပါးဈးတွေက ကျနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ဈေးကွက်အတွင်း အများအပြား ဝယ်ယူမှုတွေကြောင့် ဈေးတက် နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းသစ်ရှယ် က တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၂၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။မြောင်းမြပေါ်ဆန်းသစ်ရှယ်ကတော့ တစ်အိတ်ကို ၃၆၀၀၀ ကနေ ၃၈၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ကြားပျံရှယ်က ကတော့ တစ်အိတ်ကို ၃၇၀၀၀ ကနေ ၃၉၀၀၀ ရှိပြီး ၂၀၀၀ ကျပ်၊ရက် ၉၀ ဆန်ကတော့ တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊အသီးသီးဈေးတက်လာပါတယ်။
နယ်ဈေးကွက်မှာတော့ နွေစပါးတွေ ပေါ်တော့မှာဖြစ်လို့ လက်ကျန်ဆန်တွေက ဈေးကျနေ သလို အချို့ စပါးဈေးတွေကတော့ တက်နေခဲ့ပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစားစပါးဖြစ်တဲ့ ပုသိမ်ပေါ်ဆန်းမွှေးစပါးက တင်း ၁၀၀ ကို ၇၉၀၀၀၀ ေ ပါကဈေးရှိပြီး တင်း ၁၀၀ ကို ၁၆၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၃၁၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြောင်းမြပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၇၂၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး ဆန်ကတော့ တစ်အိတ်ကို ၃၅၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
မြောင်းမြဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၅၅၂၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ် ၊ဆန်ကတော့တစ်အိတ်ကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၇၃၇၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ဈေးတက်လာပြီး ဆန်ကတော့ကတော့တစ်အိတ်ကို ၃၁၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာ ပါတယ်။ဒေးဒရဲ ဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၄၂၀၀၀ ပေါက်ဈေးရှိပြီး ၉၀၀၀ ကျပ်၊ဆန်ကတော့ တစ်အိတ်ကို ၂၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၇၄၃၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၂၀၀၀ ကျပ်၊ဆန် ကတော့ တစ်အိတ်ကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဖျာပုံဧည့်မထ စပါးကတော့ တင်း ၁၀၀ ကို ၅၈၈၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် ၊ဆန်ကတော့ တစ်အိတ်ကို ၂၃၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာေ ဈးက တက်လာခဲ့ပါတယ်။ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ ရက်ပိုင်းအတွင်း ပြန် တက်လာခဲ့တဲ့အတွက်ကြောင့်ေ ဈးက တက်လာခဲ့တာလည်းဖြစ်ပါတယ်။ထို့ပြင် ဈေးတွေ အရမ်းကျဆင်းနေတဲ့အတွက် တောင်သူတွေက ထုတ်ရောင်းတာတွေ မလုပ်လို့ ကုန်သည်တွေ က ဈေးပြန်ဆွဲ တင်ပြီး အမြင့်ဈေးနဲ့ ပြန်ဝယ်လာလို့ ဈေးကွက်အတွင်းဈေးက ပြန်တက်နေတာ ဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲကတ စ်တန်ကို ၉၅၂၀၀၀ အထိ ဈေးတက်လာပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို တစ်သိန်နှစ်သောင်းနီးပါးဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတာ့ မတ်ပဲ တစ်တင်းကို ၂၇၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မန္တလေး ကုန်စည်ဒိုင်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှပြီး ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။မကွေးကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၃၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ဒီတစ်ပတ်မှာ ဈေးပြန်ဖွင့်ပါတယ်။ပုံမှန်ရောင်းဝယ်မှု မရှိသေးပေမယ့် လာရောင်းရင်တော့ အဝယ်ကတော့ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက နှစ်ပတ်နီးပါး ဈေးမဖွင့်ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၇၃၀၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၅၀၀ နဲ့ ၈၀၀ ကျပ်ေ ဈးတက်လာပါတယ်။ ။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၄၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၈၀၀ ပေါက်ဈေးရှိပြီး ၁၃၀၀ ကျပ်ဈေးတက်လာပါတယ်။ ပြည်ဈေး ကွက်မှာတော့ တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးက မတည်ငြိမ်ပါဘူး။ပြည်ပဝယ်ယူမှုမရှိပေမယ့် ပြည်တွင်းဝယ်ယူမှု တွေကြောင့ ် ဈေးက အတက်အကျ မြန်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ ၊ပခုက္ကူ) တို့က တစ်ပိဿာကို ၁၆၁၅ ကျပ်ကနေ ၁၉၇၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်ပိဿကို ၁၃၅ ကျပ်လောက်ဈေးတက်လာ ပါတယ်။ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၁၀၀၀ ကနေ ၃၁၇၅၀ ပေါက်ဈေးရှိပြီးဈေးငြိမ်နေပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၈၅၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၆၀၀၀ ပေါ်ကဈေးရှိပြီး ဈေးငြိမ်ပါတယ်။
ကုလားပဲ
ကုလားပဲကလည်း ဒီတစ်ပတ်မှာ ဈေးက ထပ်ပြီး ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။လက်ရှိမှာ နယ်ပေါင်းစုံကလည်း အသစ်တွေ ထွက်နေတာဖြစ်လို့ ဈေးက ထပ် ပြီး ကျဆင်းနေတာဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာ ကုလားပဲ လုံးဝါ(ကြီး၊သေး)က တစ်တင်းကို ၂၂၂၀၀ ကနေ ၂၄၂၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ၊ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၃၀၀၀ ကနေ ၂၃၄၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၂၉၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၃ဝ၀၀ ကျပ်ရှိပြီး ၁၀၀ ကျပ် အသီးသီးဈေးကျဆင်းသွား ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၂၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၈၀၀ ကျပ်၊ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၂၈ ကျပ်ရှိပြီး တစ်တင်းကို ၄၅၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၅၂၀၀ ပေါက်ဈေးရှိပြီး ၂၃၀၀ ကျပ် ၊ကုလားပဲလုံး ဖြူကြီးက တစ်တင်းကို ၂၄၃၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးက ကျဆင်းသွားခဲ့ပါတယ်။လက်ရှိမှာ အရောင်းအဝယ်တွေ က အေးနေပြီး အရောင်းလည်း မရှိတဲ့အတွက် အဝယ်လည်း နည်းနေပါတယ်။ မန္တလေးဈေးကွက်မှာတော့ ထောပတ်ပဲက သုံးတင်းဝင် တစ်အိတ်ကို ၅၂၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီ းတစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၈၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၃၀၀ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၉၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ငရုတ်
ပြီးခဲ့တဲ့ အပတ်ကအထိ ဈေး ကျဆင်းနေတဲ့ ငရုတ်ဈေးက ဒီတစ်ပတ်မှာ ရုတ်တရက်ကြီးဈေးက တက်လာ ပါတယ်။ ကိုရိုနာဗိုင်းရပ် ကောလဟာလ တွေကြောင့် ဈေးတွေ စုပြုံဝယ်ယူရမှာ ဈေးတွေက တက်သွားတာဖြစ် ပါတယ်။ အဝယ်များလို့ ဈေးက တက်သွားတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ရန်ကုန်ငရုတ်ပွ(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၅၀၀၀ကနေ ၅၂၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ငရုတ်ပွ(စိမ်းစား)ကတော့ တစ်ပိဿာကို ၄၈၀၀ ကနေ ၅၀၀၀ ပေါက်ဈေးရှိ ပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မန်းကျည်းသီး
မန်ကျည်းသီးက ဒီတစ်ပတ်မှာ ဈေးက တက်လာပါတယ်။အဟောင်းတွေ မရှိတော့ အသစ်တွေက ထွက်လာတဲ့ အတွက် အဟောင်းဈေးတွေ တက်လာပါတယ်။ ထို့ပြင် အဝယ်တွေက များလာတဲ့အတွက်ကြောင့် ဈေးက ဆက်တိုက်တက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ မန်းကျည်းသီးကျောက်ပန်းတောင်းက တစ်ပိဿာကို ၂၈၀၀ ကနေ ၃၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်လာပါတယ်။ရမည်းသင်း(ပွင့်ကပ်)ကတော့ တစ်ပိဿာကို ၁၉၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။