menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၄.၁၂.၂၀၂၀ မှ ၁၈.၁၂.၂၀၂၀)
🍃🌿🌱🧅🧄🥔🥔🧄🧅🌱🌿🍃
🍃မတ်ပဲ🍃
မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၀ သိန်းအောက်ထိ ဈေးက ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ လ ဆန်းပိုင်းလောက်က ယခုထက် ပိုမို ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက ယူဆပေမယ့်အသစ်တွေ လည်း ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့အတွက် ဈေးက ဆက်တိုက်ကို ကျဆင်းနေခဲ့တာဖြစ်ပါတယ်။ အိန္ဒိယကလည်း မြန်မာ့ ပဲတွေကို ဈေးချ ဝယ်ယူမှုတွေ ရှိသလို ပြည်တွင်း ကုန်သည်တွေ ကလည်း ဈေးချ ဝယ်ယူမှုတွေကြောင့် ဈေးက တက်လာတာမျိုးမရှိတော့ပါဘူး။မတ်ပဲဈေးကတော့ လတ်တလော ခန့်မှန်းဖို့ရာ ကုန်သည်တွေအနေနဲ့ ခက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၀,၀၀၀ ကျော်ဈေးကျဆင်း သွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ မတ်ပဲက အဟောင်းက တစ်အိတ်ကို ၉၈,၀၀၀ ကနေ ၁၀၂,၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။အသစ်ကတော့ တစ်အိတ်ကို ၉၃,၀၀၀ ကနေ ၉၅,၀၀၀ နဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၉၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၃၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
🌿ပဲစင်းငုံနီ🌿
ပဲစင်းငုံနီကလည်း အသစ်တွေ ဝင်ရောက်လာချိန်မှာ ဈေးက မျှော်မှန်းထားတဲ့ဈေးထက်တောင် ကျဆင်း သွားတာတွေ့ရပါတယ်။ပြည်ပ ဝယ်ယူမှုကလည်း လျော့နည်းနေသလိုဈေးချဝယ်ယူမှုတွေကြောင့် ဈေးကဆက်တိုက်ကိုကျဆင်းနေပါတယ်။ ပဲအသစ်တွေ ထွက်ရှိပေမယ့်လည်း တောင်သူတွေအနေနဲ့ ဈေးကောင်းကိုတော့ မရရှိပါဘူး။ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇၂၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပတ် အတွင်း တစ်တန်ကို ၈၅,၀၀၀ နီးပါးဈေးကျဆင်း သွားခဲ့ပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၆၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။အောင်လံ ဈေးကွက်မှာတော့ ပဲစင်းငုံနီ အသစ်က တစ်တင်းကို ၂၃,၀၀၀ ပေါက်ဈေးရှိပြီး၁,၀၀၀ကျပ်ဈေးကျဆင်း သွားပါတယ်။အဟောင်းကတော့ တစ်အိတ်ကို ၂၁,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀နီးပါးဈေးကျဆင်းသွား ပါတယ်။
🌱ပဲတီစိမ်း🌱
ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့အပတ်က အနည်းငယ်ဈေးကျဆင်းပြီး အရောင်း အဝယ် ငြိမ်သွားပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ပြီး တက်လာပါတယ်။ တရုတ်ကအဓိကဝယ်ယူတဲ့အပြင် အခြား အာဆီယံနိုင်ငံတွေကပါ ဝယ်ယူမှုရှိတဲ့အတွက်ဈေးကတက်နေတာလည်းဖြစ်ပါတယ်။ ထို့ပြင် ပြည်တွင်း ငွေလဲလှယ် နှုန်းဈေးကလည်းတက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ၊ ခရမ်း ရွှေဝါ၊ ပခုက္ကူ) တို့က တစ်ပိဿာကို ၂,၀၃၀ ကနေ ၂,၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၅ကျပ်ဈေး တက်လာပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၁၀,၀၀၀ ကနေ ၁၃၂,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၆,၀၀၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၀၀၀ ကနေ ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။
🌿ပဲလွန်းဖြူ(မြစ်ဝကျွန်းပေါ်)၊ ပဲလွန်းနီ🌿
ပဲလွန်းဖြူနဲ့ ပဲလွန်းနီ ကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးတက်လာပါတယ်။ အဝင်နည်း အရောင်းသွက်တဲ့ အတွက်ကြောင့်ပါ။နယ်ဈေးကွက်တွေမှာတော့ အသစ်တွေ မဝင်သေးပါဘူး။ပဲလွန်းဖြူက တစ်ပိဿာကို ၂,၃၀၀ ကနေ ၂,၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀ ကျပ် ဈေးတက်လာပါတယ်။ပဲလွန်းနီကတော့ ၂,၀၃၀ ကနေ ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။
🧅ကြက်သွန်နီ🧅
ကြက်သွန်နီကတော့ ဈေးကျဆင်းနေတာဆိုရင် တစ်လကျော်သွားပါပြီ။လာမယ့် ၂၀၂၁ နှစ်သစ်မှာတော့ ပြည်ပ အဝယ်ရှိတဲ့အတွက်ဈေးတက်နိုင်ခြေရှိတယ်လို့တော့ ကုန်သည်တွေကဆိုထားပါတယ်။ နေ့စဉ် ကုန်ပိဿာတန်ချိန် သိန်းကျော်ဝင်ရောက်နေတဲ့အတွက် ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ရန်ကုန် ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၂၀၀ ကနေ ၄၅၀ ကျပ်ရှိပြီး၁၀၀ကျပ်ဈေးကျဆင်း သွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီ (ဂျွန်ကြီး၊လတ်၊သေး)က တစ်ပိဿာကို ၇၅ ကျပ် ကနေ ၁၂၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။
🧄ကြက်သွန်ဖြူ🧄
ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်လာပါတယ်။အဝင်နည်းတဲ့အတွက် ဈေးကတက်လာတာပါ။ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၁,၉၇၅ ကျပ်ကနေ ၂,၀၀၀ ကျပ်ရှိပြီး ၂၅ ကျပ်ဈေးတက်လာပါတယ်။
*စားအုန်းဆီ*
စားအုန်းဆီကတော့ ဒီတစ်ပတ်မှာလည်း ဈေးက တက်နေခဲ့ပါတယ်။ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ မြင့်တက်နေတာကလည်း ပြည်တွင်းစားအုန်းဆီဈေးကိုပိုတက် လာစေပါတယ်။ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့ စာရင်းအရ စားအုန်းဆီ(CIF) ကတစ်တန်ကိုဒေါ်လာ ၉၃၅ ကနေ ၉၅၅ ပေါက်ဈေးရှိပြီး၁၅ဒေါ်လာကျပ်ဈေးတက်လာပါတယ်။စားအုန်းဆီလက်ကားဈေးကတော့ တစ်ပိဿာကို ၂,၂၅၀ မှ ၂,၂၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၃၅၉ ပေါက်ဈေးရှိပြီး တစ်ပိဿာကို၁၂၀ကျပ်ဈေးတက် လာပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၃၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၀ ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်ပိဿာကို ၂,၃၃၀ ကနေ ၂,၃၄၀ ပေါက်ဈေးရှိပြီး ၉၀ ကျပ်ဈေးတက်လာပါတယ်။
🥔အာလူး🥔
အာလူး(အောင်ပန်း) ကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။အဝင်များပြီး အရောင်းအဝယ်အေးတဲ့အတွက်ကြောင့် ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၃၀ ကနေ ၆၇၀ ပေါက်ဈေးရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။တရုတ်အာလူး တွေကလည်း ဈေးကွက်ထဲကို အဝင်များတဲ့အတွက်တစ်ပိဿာကို ၆၀၀ကျပ် ရှိပြီး ၂၀ကျပ်ဈေးကျဆင်း သွားပါတယ်။
Sources : ဝတ်ရည်မွန်(AMIA)