menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၀.၅.၂၀၂၁ မှ ၁၄.၅.၂၀၂၁)


🌾🌿🍃🌽🧄🧄🌽🍃🌿🌾 ဆန်၊စပါး --------- ဒီတစ်ပတ်မှာတော့ ဆန်ကြမ်းဈေးအချို့ ဈေးတက်လာပြီး ဆန်ချောဈေးတွေ ငြိမ်ပါတယ်။ ဆန်ကောင်းမှ အရောင်းအဝယ်ကောင်းနေတဲ့အနေအထားဖြစ်ပါတယ်။နယ်ဈေးကွက်မှာတော့ မိုးစပါးတွေကငြိမ်နေပြီ နွေစပါးတွေကတော့ ဈေးအနည်းငယ်တက်နေပါတယ်။ ဆန်ကြမ်းတွေ ဖြစ်တဲ့ မြီးဒုံဆန်က တစ်အိတ်ကို ၃၁,၅၀၀ ကနေ ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၂၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၂,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၅၄၂,၀၀၀ ‌ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။။ဖျာပုံဧည့်မထ(နွေ)စပါးကလည်း တင်း ၁၀၀ ကို ၅၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ ၂၂,၀၀၀ ကျပ်ရှိပါတယ်။ ပဲခူးပေါင်းတည်ဈေးကွက်မှာတော့ အင်းလယ်စပါးက တင်း၁၀၀ ကို ၆၇၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ ------ ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ပြည်တွင်း ပြောင်းလဲနေတဲ့ နိုင်ငံခြားငွေပြောင်းလဲမှုကြောင့် ပြည်ပတင်ပို့နေတဲ့ပဲတွေ ဈေးတက်နေခဲ့တာဖြစ် ပါတယ်။ ပြည်ပတင်ပို့မှုကတော့ ရှိနေပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၉၅၀,၀၀၀ အထိ ဈေးတက်လာပြီး တစ်ပတ်အတွင်း တစ်တန်ကို ၆၀,၀၀၀ နီးပါး တက်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ၂၉,၂၀၀ ပေါက်ဈေးရှိပြီး ၁,၇၀၀ ကျပ် ဈေးတက်လာပြီး ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၀၀၀ပေါက်ဈေးရှိပြီး ၁,၄၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ပဲစင်းငုံနီ -------- ပဲစင်းငုံနီကလည်း ပြည်တွင်းလက်ကျန်သိပ်မရှိပေမယ့်လည်း ဈေးကတက်လာပါတယ်။ အရောင်းအဝယ် ကလည်း သိပ်မရှိသလို ငွေဈေးကြောင့်သာ ဈေးတက်လာပြီး အတက်ဈေးနဲ့ ငြိမ်နေခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းက တစ်တန်ကို ၉၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၂၅,၀၀၀ ကျပ် ဈေးတက် လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၅,၅၀၀ ကနေ ၈၆,၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း -------- ပဲတီစိမ်းကလည်း ပြည်ပတင်ပို့မှု အနည်းငယ်ရှိတဲ့အတွက်ဈေးအနည်းငယ် တက်လာပါတယ်။ ပုံမှန် တရုတ် တင်ပို့မှုကြောင့် ဈေးကမကျဆင်းပေမယ့် လက်ရှိမှာ တရုတ်တင်ပို့မှုလျော့နည်းသွားတဲ့ အတွက်ကြောင့် ငွေဈေးတက်ပေမယ့်လည်း ဈေးကအများကြီး တက်တာမျိုးမရှိဘူးလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ) တစ်ပိဿာကို ၁,၅၈၀ ကနေ ၁,၉၅၀ ပေါက်ဈေးရှိပြီး ၁၀၀ လောက်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၉၅,၀၀၀ ကနေ ၁၁၅,၀၀၀ ပေါက်ဈေးရှိပြီး ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေးရှိပါတယ်။ မော်လမြိုင် မှာတော့ တစ်တင်းကို ၃၀,၀၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပြောင်းဆံ --------- ပြောင်းဆံကတော့ဈေးတွေက ဆက်တိုက်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၈၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက် မှာတော့ တစ်အိတ်ကို ၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ကြက်သွန်ဖြူ(ရှမ်း) ----------------- ပြည်ပတင်ပို့မှု ပစ္စည်းတွေ ဈေးတက်နေပေမယ့် ပြည်တွင်းထွက်ရှိတဲ့ ပစ္စည်းတွေကတော့ ဈေးက ကျဆင်းနေပါတယ်။ ကုန်သည်လက်ထဲ ငွေရှားပါးမှုကြောင့် တောင်သူများကလည်း ရသလောက်ဈေးနဲ့ ရောင်းချနေရပြီး ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၁,၂၀၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၆၀၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။ Sources : AMIA (Farmer Digital TV)
🌾🌿🍃🌽🧄🧄🌽🍃🌿🌾

ဆန်၊စပါး
--------
ဒီတစ်ပတ်မှာတော့ ဆန်ကြမ်းဈေးအချို့ ဈေးတက်လာပြီး ဆန်ချောဈေးတွေ ငြိမ်ပါတယ်။ ဆန်ကောင်းမှ အရောင်းအဝယ်ကောင်းနေတဲ့အနေအထားဖြစ်ပါတယ်။နယ်ဈေးကွက်မှာတော့ မိုးစပါးတွေကငြိမ်နေပြီ နွေစပါးတွေကတော့ ဈေးအနည်းငယ်တက်နေပါတယ်။ ဆန်ကြမ်းတွေ ဖြစ်တဲ့ မြီးဒုံဆန်က တစ်အိတ်ကို ၃၁,၅၀၀ ကနေ ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်၊ဧည့်မထ ၂၅ % က တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ဧည့်မထ(နွေ)စပါးက တင်း ၁၀၀ ကို ၅၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၂၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့တစ်အိတ်ကို ၂၂,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၅၄၂,၀၀၀ ‌ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။။ဖျာပုံဧည့်မထ(နွေ)စပါးကလည်း တင်း ၁၀၀ ကို ၅၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ ၂၂,၀၀၀ ကျပ်ရှိပါတယ်။ ပဲခူးပေါင်းတည်ဈေးကွက်မှာတော့ အင်းလယ်စပါးက တင်း၁၀၀ ကို ၆၇၀,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

မတ်ပဲ
-----
ပြီးခဲ့တဲ့အပတ်က ဈေးတက်လာခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ပြည်တွင်း ပြောင်းလဲနေတဲ့ နိုင်ငံခြားငွေပြောင်းလဲမှုကြောင့် ပြည်ပတင်ပို့နေတဲ့ပဲတွေ ဈေးတက်နေခဲ့တာဖြစ် ပါတယ်။ ပြည်ပတင်ပို့မှုကတော့ ရှိနေပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၉၅၀,၀၀၀ အထိ ဈေးတက်လာပြီး တစ်ပတ်အတွင်း တစ်တန်ကို ၆၀,၀၀၀ နီးပါး တက်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၈,၀၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ၂၉,၂၀၀ ပေါက်ဈေးရှိပြီး ၁,၇၀၀ ကျပ် ဈေးတက်လာပြီး ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀,၀၀၀ပေါက်ဈေးရှိပြီး ၁,၄၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁,၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပဲစင်းငုံနီ
-------
ပဲစင်းငုံနီကလည်း ပြည်တွင်းလက်ကျန်သိပ်မရှိပေမယ့်လည်း ဈေးကတက်လာပါတယ်။ အရောင်းအဝယ် ကလည်း သိပ်မရှိသလို ငွေဈေးကြောင့်သာ ဈေးတက်လာပြီး အတက်ဈေးနဲ့ ငြိမ်နေခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းက တစ်တန်ကို ၉၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၂၅,၀၀၀ ကျပ် ဈေးတက် လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၅,၅၀၀ ကနေ ၈၆,၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲတီစိမ်း
-------
ပဲတီစိမ်းကလည်း ပြည်ပတင်ပို့မှု အနည်းငယ်ရှိတဲ့အတွက်ဈေးအနည်းငယ် တက်လာပါတယ်။ ပုံမှန် တရုတ် တင်ပို့မှုကြောင့် ဈေးကမကျဆင်းပေမယ့် လက်ရှိမှာ တရုတ်တင်ပို့မှုလျော့နည်းသွားတဲ့ အတွက်ကြောင့် ငွေဈေးတက်ပေမယ့်လည်း ဈေးကအများကြီး တက်တာမျိုးမရှိဘူးလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ၊ဝါးခယ်မ) တစ်ပိဿာကို ၁,၅၈၀ ကနေ ၁,၉၅၀ ပေါက်ဈေးရှိပြီး ၁၀၀ လောက်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၉၅,၀၀၀ ကနေ ၁၁၅,၀၀၀ ပေါက်ဈေးရှိပြီး ၇,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၅၀၀ ပေါက်ဈေးရှိပါတယ်။ မော်လမြိုင် မှာတော့ တစ်တင်းကို ၃၀,၀၀၀ ကနေ ၃၁,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပြောင်းဆံ
--------
ပြောင်းဆံကတော့ဈေးတွေက ဆက်တိုက်တက်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၈၀ ကနေ ၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးဈေးကွက် မှာတော့ တစ်အိတ်ကို ၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

ကြက်သွန်ဖြူ(ရှမ်း)
----------------
ပြည်ပတင်ပို့မှု ပစ္စည်းတွေ ဈေးတက်နေပေမယ့် ပြည်တွင်းထွက်ရှိတဲ့ ပစ္စည်းတွေကတော့ ဈေးက ကျဆင်းနေပါတယ်။ ကုန်သည်လက်ထဲ ငွေရှားပါးမှုကြောင့် တောင်သူများကလည်း ရသလောက်ဈေးနဲ့ ရောင်းချနေရပြီး ဈေးကကျဆင်းနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို ၁,၂၀၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၆၀၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။

Sources : AMIA (Farmer Digital TV)