menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၁.၆.၂၀၂၁ မှ ၂၅.၆.၂၀၂၁)
🌾🌿🌶🥔🌿🌾🌿🌶🥔🌿🌾
ဆန်၊စပါး .....
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးက ငြိမ်နေပါတယ်။ဆန်ကောင်း မှ ဈေးရရှိနေတဲ့အနေအထားဖြစ်ပြီး ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ နယ်ဈေးကွက်မှာတော့ ဆန်ချောဈေးတွေက ငြိမ်နေပြီး ဆန်ကြမ်း ဖြစ်တဲ့ ဧည့်မထစပါးတွေ ဈေးတက်နေပါတယ်။ ပြည်ပတင်ပို့မှု ရှိသလို ရန်ကုန်အဝယ်တွေလည်း ရှိနေတဲ့အတွက် ဈေးတွေတက်နေတယ်လို့သိရပါတယ်။
မြောင်းမြဧည့်မထစပါး(မိုး) ကလည်း တင်း ၁၀၀ ကို ၅၈၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၂,၅၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဒေးဒရဲဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၅၃,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေး တက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ပေါက်ဈေးနဲ့ဈေးငြိမ်နေပါတယ်။ ဧည့်မထ( နွေ)စပါးကတော့ တင်း ၁၀၀ ကို ၆၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၂၈,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ကျပ်နဲ့ ဈေးငြိမ်ပါတယ်။
ဖျာပုံဧည့်မထ(မိုး)စပါး က တင်း ၁၀၀ ကို ၆၅၃,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၈,၀၀၀ ကျပ်ရှိပါတယ်။ ဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၆၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကတော့ ၂၄,၀၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။ လပ္ပတ္တာ ဧည့်မထစပါး(နွေ)ကတော့ တင်း ၁၀၀ ကို ၅၇၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂,၀၀၀ ပေါက်ဈေးရှိပါတယ်။
မတ်ပဲ .....
မတ်ပဲကတော့ ဒီတစ်ပတ် အဝယ်နည်းတဲ့အတွက် ဈေးက အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမတ်ပဲဈေးကလည်း ကျဆင်းသွားတဲ့အတွက် ပြည်တွင်းမှာလည်း ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။ ထို့ပြင် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်းကျဆင်းသွားပါတယ်။ ပြည်တွင်းမှာတော့ မတ်ပဲ က လက်ကျန်လျော့နည်းသလောက် ရှိနေပြီး ဈေးကွက်အနေအထားအရ ယခုထက် ပိုတက်နိုင်ခြေနည်းတယ်လို့ ကုန်သည်တွေကသုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၁၀၅,၀၀၀ ကျော် ပေါက်ဈေးရှိပြီး တစ်တန်ကို ၅,၀၀၀ လောက်သာ ကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ .....
ပဲစင်းငုံနီကလည်း အဝယ်နည်းတဲ့အတွက် ဈေးကျဆင်းသွားပါတယ်။ ပြည်တွင်းအပြင် အိန္ဒိယနိုင်ငံမှာပါ ကုန်သည်တွေက အဝယ်နည်းတဲ့အတွက် မြန်မာ့ပဲစင်းငုံနီဈေးတွေက ကျဆင်းနေတာဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ပဲစင်းငုံနီလက်ကျန်တွေက မရှိတော့ပဲ ကုန်သည်များအကြားသာ အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁,၀၉၂,၅၀၀ အထိပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀,၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ၁၀၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၀၀၀ ပေါက်ဈေး ရှိပြီး ၁,၀၀၀ကျပ်ဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက် မှာ တစ်တင်းကို ၃၄,၅၀၀ နဲ့ ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၄,၅၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲတီစိမ်း .....
ပဲတီစိမ်းကတော့ အရည်အသွေးပေါ်မူတည်ပြီး ဈေးကအတက်အကျရှိနေပါတယ်။ ပြည်ပ ဝယ်ယူမှု ကတော့ ပုံမှန်အတိုင်းရှိနေပြီး အရောင်းအဝယ်ကလည်း ပုံမှန်ပဲ ရှိနေတယ်လို့ ကုန်သည်တွေ ထံကနေ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ၊ပဲခူးရွှေဝါ) တို့က တစ်ပိဿာကို ၁,၉၁၅ ကနေ ၂,၁၂၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ်ဈေးတက်လာပါတယ်။ ပဲတီစိမ်း (ဝါးခယ်မ)က တစ်ပိဿာကို ၂,၀၃၀ ကနေ ၂,၀၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၉၀,၀၀၀ ကနေ ၁၂၃,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေတဲ့အနေအထား ရှိပါတယ်။ မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး) တစ်တင်းကို ၃၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀လောက် ဈေးကျဆင်းသွားပါတယ်။
ငရုတ် .....
ငရုတ်ဈေးကတော့ လက်တလော ဆက်တိုက်တက်နေပါတယ်။ပြည်တွင်း ဝယ်ယူမှုများနေတဲ့အတွက် အခြေခံစားသောက်ကုန် အများစုဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မိုးထောင်(မြစ်ဝ) က တစ်ပိဿာကို ၃,၉၀၀ ကနေ ၄,၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး တက်လာပါ တယ်။ မိုးထောင်(ဟင်္သာတ)ကလည်း တစ်ပိဿာကို ၄,၂၀၀ ကနေ ၄,၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။ ငရုတ်(ပန်းတနော်) ကလည်း တစ်ပိဿာကို ၃,၁၀၀ ကနေ ၃,၃၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ငရုတ်ပွ(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၅,၈၀၀ မှ ၆,၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။
အာလူး .....
အာလူးတွေကလည်း ဒီတစ်ပတ်မှာဈေးကထပ်ပြီး တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူမှုတွေ မြင့်တက်လာပြီး ဈေးကွက်ထဲအဝင်နည်းတဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဟဲဟိုး အမျိုးအစားက တစ်ပိဿာကို ၅၀၀ ကနေ ၇၄၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ နီးပါး ဈေးတက်လာပါတယ်။
နှမ်းနက်(စမုံ) .....
နှမ်းနက်(စမုံ)ကတော့ ဒီတစ်ပတ် မန္တလေးဈေးကွက်မှာ ဈေးတက်လာပါတယ်။ အဝယ်အနည်းငယ် ရှိတဲ့အတွက်ဈေးတက်နေတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၁၃၅,၀၀၀ ကနေ ၁၆၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၁၅,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။
Sources : AMIA (Farmer Digital TV)