menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၁.၁၂.၂၀၂၀ မှ ၂၅.၁၂.၂၀၂၀) ထိ
🌾🍃🌿🌾🍃🌿🌾🍃🌿🌾🍃🌿🌾
🌾ဆန်၊စပါး🌾
ဆန်ဈေး စပါးဈေးတွေကတော့ ဒီတစ်ပတ်မှာလည်း ဆက်ပြီးတက်နေပါတယ်။အချို့ဆန်တွေ စပါးတွေ ကတော့ ဈေးကွက်ထဲဈေးငြိမ်သွားပေမယ့် အချို့ ဆန်စပါးတွေကတော့ နယ်ဈေးကွက်က အဝယ်များတဲ့ အတွက် ဆက်တိုက်ကိုတက်နေပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းမွေး စပါးက တင်း ၁၀၀ ကို ၇၈၆,၀၀၀ ပေါက်ဈေးရှိပြိး ဆန်ကတော့ တစ်အိတ်ကို ၃၃,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ ဧည့်မထစပါးကလည်း တင်း၁၀၀ ကို ၆၃၀,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို၂၄,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။မြောင်းမြပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၇၈၄,၀၀၀ ပေါက်ဈေးရှိပြီး ဆန်ကတော့ တစ်အိတ်ကို ၃၂,၅၀၀နဲ့ ဈေးငြိမ်နေပါတယ်။ ဧည့်မထစပါးကတော့ တင်း ၁၀၀ကို ၆၃၉,၀၀၀ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ဆန်ကတော့တစ်အိတ် ကို ၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ဒေးဒရဲပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၆၈၉,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၂,၀၀၀ ကျပ် ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၃၁,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
ဒေးဒရဲဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဖျာပုံပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၆၉၀,၀၀၀ ပေါက်ဈေးရှိပြီး ၅၄,၀၀၀ ကျပ်ဈေးတက်ကာ ဆန်ကတော့ တစ်အိတ်ကို ၃၁,၀၀၀ နဲ့ ဈေးငြိမ် ပါတယ်။ဖျာပုံဧည့်မထစပါးကတော့ တင်း ၁၀၀ ကို ၆၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၈,၀၀၀ ကျပ်ဈေးတက် လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၄,၀၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မအူပင်ပေါ်ဆန်းစပါးကလည်း တင်း ၁၀၀ ကို ၇၁၈,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးတက် လာကာ ဆန်ကတော့ တစ်အိတ်ကို ၂၉,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မအူပင် ဧည့်မထ စပါး ကတော့ တင်း ၁၀၀ ကို ၅၈၉,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမယ့် ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ကျပ်ရှိကာ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
🍃မတ်ပဲ🍃
မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက တစ်တန်ကို ၁၀ သိန်းအောက် ကျဆင်းသွားခဲ့ ပြီးဒီတစ်ပတ် မှာတော့ ဈေးငြိမ်နေတဲ့ အခြေအနေရှိပါတယ်။ နယ်ဈေးကွက်မှာတော့ အသစ်တွေ ဈေးကွက်ထဲကို ဝင် လာပြီး အကျဈေးနဲ့ ရှိနေပါတယ်။အဟောင်းတွေက ဈေးပိုရနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။အသစ် တွေ ဈေးကွက်ထဲကိုဝင်လာတဲ့အတွက်ဈေးကထပ်တက်နိုင်ခြေတော့မရှိပါဘူး။ မတ်ပဲကတော့လက်ရှိမှာ ကုန်သည်အများစု သုံးသပ်သလို ခန့်မှန်းဖို့ ရာခက်နေပြီး အိန္ဒိယကုန်သည်တွေကလည်း ဈေးချ ဝယ်ယူမှု တွေကြောင့် ဈေးကဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၉၇၅,၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၅,၀၀၀ လောက်သာဈေးကကျဆင်းသွားခဲ့တာပါ။မန္တလေးဈေးကွက်မှာတော့ မတ်ပဲက အဟောင်းက တစ်အိတ်ကို ၉၅,၀၀၀ ကနေ ၉၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။အသစ်ကတော့ တစ်အိတ်ကို ၉၃,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ကျပ်ဈေးကျဆင်းသွား ပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၂,၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
🍃ပဲစင်းငုံနီ🍃
ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဒီတစ်ပတ်မှာတော့ ဈေးကအတက်အကျ မကြမ်းပဲ အနည်းငယ် အပြောင်း အလဲရှိပါတယ်။ ပိတ်ရက်တွေများတဲ့အတွက်ကြောင့် အရောင်းအဝယ်ကလည်း ထင်သ လောက် မရှိတဲ့အတွက် ဈေးကငြိမ်နေတာဖြစ်သလို နယ်ဈေးကွက်တွေက အသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်လာတဲ့အတွက် ဈေးက မတက်လာတာပဲ ဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီအသစ်က သုံးတင်းဝင်တစ်အိတ်ကို ၆၇,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။အောင်လံဈေးကွက်မှာတော့ ပဲစင်းငုံနီအသစ်က တစ်တင်းကို ၂၂,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ်ဈေးကျဆင်း သွားပါတယ်။အဟောင်းကတော့ တစ်အိတ်ကို ၂၁,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
🌿နှမ်းမျိုးစုံ🌿
နှမ်းမျိုးစုံကတော့ ဒီတစ်ပတ်မှာဈေးကျဆင်းသွားပါတယ်။အရောင်းအဝယ်လျော့နည်းတဲ့အတွက်ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။
🌿နှမ်းနက်(စမုံ)🌿
မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၇၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ဈေးကျဆင်းသွားပါတယ်။အောင်လံဈေးကွက်မှာလည်း တစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၅၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်သွားပါတယ်။
🌿နှမ်းဖြူ🌿
နှမ်းဖြူကတော့ ပြီးခဲ့တဲ့အပတ်က ဈေးတက်ပေမယ့် ဒီတစ်ပတ်တော့ဈေးကျဆင်းသွားပါတယ်။ အသစ်တွေ ဈေးကွက်ထဲကိုအဝင်များတဲ့အတွက်ဈေးကျဆင်းတာဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၂၄,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို၃,၀၀၀ကျပ်ဈေးတက်လာပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၅၀၀ ကနေ ၄၁,၅၀၀ ပေါက်ဈေးရှိပါတယ်။
🌿နှမ်းနက်🌿
နှမ်းနက်ကလည်းဈေးကျဆင်းသွားပါတယ်။နယ်ပေါင်းစုံက အဝင်ရှိပေမယ့် အရည်အသွေးမကောင်းတဲ့အတွက် ဈေးကမတက်လာတာလို့သိရပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၁၂၀,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၅,၀၀၀ ကနေ ၅၄,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Sources : AMIA ( Farmer Digital TV)