menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၉.၃.၂၀၂၁ မှ ၂.၄.၂၀၂၁) ထိ


🌾ဆန်🌾

 ရန်ကုန်ဈေးကွက်မှတော့ ဆန်ဈေးအချို့ ဈေးကျဆင်းပါတယ်။ဈေးကွက်ထဲကို ဆန်အသစ်တွေ ဝင်လာတဲ့အတွက် ဈေးကျဆင်းနေတာလို့သိရပါတယ်။ ရန်ကုန်ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်း နယ်စုံ(သစ်)က တစ်အိတ်ကို ၃၃,၅၀၀ ကနေ ၃၄,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ရွှေဘိုပေါ်ဆန်း(သစ်)ကတော့တစ်အိတ်ကို ၄၅,၀၀၀ ကနေ ၄၈,၅၀၀ ပေါက်ဈေးရှိပြီး ၁,၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဧည့်မထ ၂၅% ကတော့ တစ်အိတ်ကို ၂၁,၀၀၀ ကနေ ၂၂,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ရက်၉၀ (သစ်)ကလည်း တစ်အိတ်ကို ၂၂,၅၀၀ ကနေ ၂၃,၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁,၅၀၀ကျပ်၊ ဆန်သီးထပ်(သစ်)က တစ်အိတ်ကို ၂၁,၀၀၀ ကနေ ၂၂,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။

🌿မတ်ပဲ🌿

ပြီးခဲ့တဲ့အပတ်ကဈေးကျဆင်းခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ်ကျဆင်းသွားပါတယ်။ ဈေးကျ ဆင်းပေမယ့် အရောင်းအဝယ်ကတော့ မရှိသလောက်အခြေအနေဖြစ်ပါတယ်။ မန္တလေး ဈေးကွက်မှာ မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို ၇၅,၇၀၀ ကနေ ၈၀,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၂၆,၄၀၀ ပေါက်ဈေး ရှိပြီး ၈၀၀ကျပ် ဈေးကျဆင်းသွားပါတယ်။

🍃ပဲစင်းငုံနီ🍃

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာဈေးအနည်းငယ် တက်လာပါတယ်။ အရောင်းကလည်း မရှိသလို အဝင်နည်းတဲ့အတွက် ဈေးကတက်နေတယ်လို့သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၇၈,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿ကုလားပဲ🌿

ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်ကလည်းဈေးတက်လာသလို ဒီတစ်ပတ်မှာလည်း ဈေးတက်လာ ပါတယ်။ အဝယ်များလာတဲ့အတွက်ဈေးတက်လာတာဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ လက်ရှိမှာ‌တော့ ပြည်တွင်းဝယ်ယူမှုသာရှိကာ ပြည်ပဝယ်ယူမှုက ရပ်တန့်နေမှုကြောင့်ဈေးက အများကြီးတက်နိုင်ခြေမရှိဘူးလို့လည်း ကုန်သည်အများစုက ဆိုထားပါတယ်။ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ်ကို ၇၀,၀၀၀ ကနေ ၇၁,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ကုလားပဲ (၉၂၉) က တစ်အိတ်ကို ၇၂,၀၀၀ မှ ၇၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃,၀၀၀ ကျပ်၊ကုလားပဲ (V2)က တစ်အိတ်ကို ၇၃,၅၀၀ မှ ၇၄,၀၀၀ ကျပ် ရှိပြီး ၃,၀၀၀ ကျပ်၊ ကုလားပဲ (V7) က တစ်အိတ်ကို ၇၄,၀၀၀ ကနေ ၇၅,၀၀၀ ကျပ်ရှိပြီး ၄,၀၀၀ ကျပ် အသီးသီးဈေးတက် လာပါတယ်။ ပေါင်းတည်မှာတာ့ နယ်အကန့်အသတ်နဲ့ ရောင်းဝယ်မှုပြုလုပ်နေရပြီး ငွေစီးဆင်းမှုမရှိတဲ့အတွက်ကြောင့် ကုလားပဲဈေးက ကျဆင်းပါတယ်။ ပေါင်းတည်မှာတော့ ကုလားပဲ(ဟော်လန်)က တစ်တင်းကို ၂၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀ ကျပ်၊ကုလားပဲ (၉၂၉) က တစ်တင်းကို ၂၅,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်၊ကုလားပဲ V2 က ၂၄,၅၀၀ ပေါက်ဈေးရှိ ပြီး ၅၀၀ ကျပ် အသီးသီးဈေးကျဆင်းပါတယ်။

🍃ကြက်ဆူ(ဗမာ၊ရှမ်း)🍃

ကြက်ဆူကတော့ လက်ရှိအရောင်းအဝယ် အနည်းငယ်ရှိနေတဲ့အတွက် နှစ်ပတ်ဆက်တိုက်ဈေး တက်နေပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၄၃,၅၀၀ ကနေ ၄၄,၀၀၀ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

🌼ပန်းနှမ်း🌼

ပန်းနှမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ အခြား နှမ်းရောင်စုံတွေက ဈေးကွက်အတွင်း အရောင်းဝယ် မရှိတဲ့အတွက်ဈေးပိတ်ထားပေမယ့် ပန်းနှမ်းကတော့ ပြည်တွင်း ဝယ်ယူမှုရှိတဲ့အပြင် လက်ကျန်နည်းတဲ့အတွက်ကြောင့် အရောင်းအဝယ်ရှိပြီး ဈေးတက်ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၆၅,၀၀၀ ကနေ ၆၆,၀၀၀ ပေါက်ဈေးရှိပြီးတစ်အိတ်ကို ၂,၀၀၀ကျပ် ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)