menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၁၉.၄.၂၀၂၁ မှ ၂၃.၄.၂၀၂၁) ထိ


🌾🌿🌽🌱🌴🌴🌱🌽🌿🌾

🌾ဆန် စပါး🌾

နှစ်သစ်ကူးပိတ်ရက်အပြီးမှာတော့ စပါးဈေး ဆန်ဈေးတွေက ထပ်ပြီးကျဆင်းသွားပါတယ်။ လက်ရှိမှာ ဆန် အသစ်တွေက ဆက်တိုက်ထွက်ရှိပေမယ့် ပြည်ပအဝယ်မရှိတဲ့အတွက် ပြည်တွင်းမှာ ပိုလျံနေပြီး ဈေးကျဆင်းနေတယ်လို့သိရပါတယ်။ ကုန်သည်များကလည်းဈေးချဝယ်ယူမှုတွေရှိနေပါတယ်။ ဆန်ချောတွေကတော့ ပုံမှန်ဝယ်ယူမှုရှိပြီး ဆန်ကြမ်းအများစု ဈေးကျဆင်းတာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ၂၅ % ဧည့်မထဆန်က တစ်အိတ်ကို ၁၉,၅၀၀ ကနေ ၂၀,၀၀၀ ပေါက်ဈေး ရှိပြီး ၁,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ရက်၉၀ သစ်ရှယ်ကတော့ တစ်အိတ်ကို ၂၁,၈၀၀ ကနေ ၂၂,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဧရာဝတီတိုင်းဈေးကွက် ပုသိမ် ဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၆၂,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀,၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ ဆန်ကတော့ တစ်အိတ်ကို၂၇,၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။ 

ဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၄၉၆,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၄,၀၀၀ ကျပ် ဈေးကျဆင်းသွား ပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ မြောင်းမြဧည့်မထစပါး(နွေ)က တင်း ၁၀၀ ကို ၅၀၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၃,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ဆန်ကတော့တစ်အိတ်ကို ၁၉,၅၀၀ ကျပ်ပေါက်ဈေးပြီး တစ်အိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မအူပင်ဧည့်မထစပါး(နွေ)ကတော့ တင်း ၁၀၀ ကို ၅၀၁,၀၀၀ ပေါက်ဈေးရှိပြီး ၅,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၂၀,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပဲခူးတိုင်း ပေါင်းတည် မှာတော့ ရတနာတိုး စပါး(သစ်)က တင်း ၁၀၀ ကို ၅၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၂၀,၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး အင်းလယ်စပါးကတော့ တင်း ၁၀၀ ကို ၆၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၂,၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

🌿မတ်ပဲ🌿

ပိတ်ရက်အပြီးမှာတော့ မတ်ပဲဈေးတွေက ပြန်တက်လာပါတယ်။ အိန္ဒိယဝယ်ယူမှုရှိတဲ့အတွက်ဈေးတွေ ပြန်တက်လာတာဖြစ်ပါတယ်။ ထို့ပြင် ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေကလည်း မြင့်တက်နေပါတယ်။ ၃လနီးပါး ပိတ်ထားတဲ့ ရန်ကုန်ဘုရင်နောင့်ကုန်စည်ဒိုင်ဈေးကွက်မှာတော့မတ်ပဲ (FAQ/RC)က တစ်တန်ကို ၉၃၀,၀၀၀ နဲ့ ဈေးပြန်ဖွင့်ခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၈၆,၀၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် ဈေးနဲ့ နှိုင်းယှဉ်ပါက တစ်အိတ်ကို ၈,၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။ မော်လမြိုင် ဈေးကွက်မှာတော့ တစ်တင်းကို ၂၈,၆၀၀ ပေါက်ဈေးရှိပြီး ၁,၆၀၀ ကျပ်ဈေးတက်လာပါတယ်။

🌿ပဲစင်းငုံနီ🌿

ပဲစင်းငုံနီကတော့လက်ရှိမှာ ပြည်တွင်းလက်ကျန်မရှိတဲ့အတွက်ကြောင့် ဈေးကမြင့်တက်နေပါတယ်။ ဈေးမြင့်တက်နေပေမယ့် ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အချို့ကုန်စည်ဒိုင်များ အရောင်းအဝယ် မရှိပါဘူး။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၉၅၀,၀၀၀ နဲ့ ဈေးပြန်ဖွင့်ခဲ့ပြီး မတ်ပဲ နဲ့ ယှဉ်ပါကဈေးမြင့်နေပါတယ်။မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် စင်းငုံနီက တစ်အိတ်ကို ၈၉,၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် ဈေးနဲ့နှိုင်းယှဉ်ပါကတစ်အိတ်ကို ၅,၀၀၀ ကျော်ဈေးတက်လာပါတယ်။

🌿ပဲတီစိမ်း🌿

ပဲတီစိမ်းကတော့ လက်ရှိမှာဈေးကျဆင်းနေတဲ့အခြေအနေဖြစ်ပါတယ်။ တရုတ်ဝယ်ယူမှုလျော့နည်းတဲ့ အတွက် ဈေးကျဆင်းနေတယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ သောကြာနေ့ စာရင်း အရ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၁,၇၈၀ ကနေ ၁,၈၀၀ ပေါက်ဈေးရှိပြီး (ပဲခူးရွှေဝါ)က ၁,၆၆၅ ကနေ ၁,၇၅၀ ကျပ်ရှိပါတယ်။ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၁,၅၃၅ ကနေ ၁,၅၅၀ ပေါက်ဈေးရှိပြီး ဈေးပြန်ဖွင့်ပြီး ၃ ရက်အကြာမှာ တစ်ပိဿာကို ၂၀၀ နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပိတ်ရက်အပြီးပြန်ဖွင့်တဲ့အချိန်မှာ တစ်အိတ်ကို ၉၅,၀၀၀ ကနေ ၁၀၆,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀,၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်း ၃၀,၀၀၀ ကနေ ၃၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂,၀၀၀ ကျပ်ဈေးကျဆင်းသွားပါ တယ်။

🌱နံနံစေ့🌱

နံနံစေ့ ကိုလည်း အိန္ဒိယကဝယ်ယူမှုများတဲ့အတွက် ပိတ်ရက် အပြီးမှာ ဈေးကထပ်ပြီး တက်လာခဲ့ ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၁,၀၀၀ ကနေ ၁၂,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🌽ပြောင်းဖူး(စီပီ)🌽

ပြောင်းဖူး(စီပီ)ကတော့ ဈေးတက်လာပါတယ်။ တရုတ်တင်ပို့မှုနည်းနေပေမယ့် ထိုင်းနိုင်ငံသို့တင်ပို့မှုများ တဲ့အတွက်ကြောင့် ဈေးတက်နေခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၈,၀၀၀ ကနေ ၂၈,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

🌴စားအုန်းဆီ🌴

စားအုန်းဆီကလည်း သင်္ကြန်ပိတ်ရက်မတိုင်ခင်ကတည်းက ပြည်တွင်းငွေလဲလှယ်နှုန်းအပြင် ပြည်ပက တင်သွင်းမှုလျော့နည်းတဲ့အတွက်ကြောင့် ဈေးက ဆက်တိုက်ကိုတက်နေခဲ့တာဖြစ်ပါတယ်။ သင်္ကြန်ပိတ်ရက်မတိုင်ခင် မန္တလေးဈေးကွက်မှာ တစ်ပိဿာကို ၃,၁၄၀ ပေါက်ဈေးရှိပေမယ့် ပိတ်ရက်အပြီး ရက်ပိုင်းအတွင်းမှာတင် တစ်ပိဿာကို ၃,၄၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ လောက်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)