menu

တစ်ပတ်အတွင်း သီးနှံဈေးနှုန်းသုံးသပ်ချက် (၂၈.၆.၂၀၂၁ မှ ၂.၇.၂၀၂၁) ထိ


🌾🌿🍃🌿🌾🌾🌿🍃🌿🌾

🌾ဆန်၊စပါး🌾

☑️ဆန်စပါးဈေးကွက်ကတော့ လက်ရှိမှာ ပြည်ပရောပြည်တွင်းရောမှာပါ အဝယ်နည်းသွားတဲ့အတွက် ဈေးက နည်းနည်းလေးပြန်ကျဆင်းသွားတဲ့အခြေအနေရှိပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းရရှိနေတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။ ဆန်လက်ကျန်တွေလည်း လျော့နည်းသွားပြီ ဖြစ်တဲ့အတွက် ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားပြောင်းလဲတာမျိုးတော့မရှိပါဘူး။

☑️မြောင်းမြဧည့်မထစပါး(မိုး) ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက အဝယ်များလို့ ဆက်တိုက်တက်နေခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်း ၁၀၀ ကို ၅၉၈,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈,၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၂၃,၀၀၀ ပေါက်ဈေးရှိကာ ၅၀၀ ကျပ်ဈေးတက်လာ ပါတယ်။

☑️ဒေးဒရဲဧည့်မထစပါး(မိုး)က တင်း ၁၀၀ ကို ၆၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး ဆန်ကတော့ တစ်အိတ်ကို ၂၇,၀၀၀ ကျပ်ရှိကာ ၁,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဧည့်မထ(နွေ) စပါးကလည်း တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးကျဆင်းသွားပြီး ဆန်ကလည်း တစ်အိတ်ကို ၅၀၀ ကျပ်ဈေးကျဆင်းကာ ၂၃,၅၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။

☑️ဖျာပုံဧည့်မထ(မိုး)စပါးလည်း တင်း ၁၀၀ကို ၆၄၄,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်ဈေးကျဆင်းသွား ပြီး ဆန်ကတော့ ၁,၀၀၀ ကျပ်ဈေးကျဆင်းကာ ၂၇,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧည့်မထ(နွေ)စပါး ကတော့ တင်း ၁၀၀ ကို ၆၁၆,၀၀၀ ပေါက်ဈေးရှိပြီး ၁၉,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ဆန်ကတော့ ၂၃,၅၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။

☑️လပွတ္တာ ပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၈၅၀,၀၀၀ ပေါက်ဈေးရှိပြီး ၉,၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။ ဆန်ကလည်းတစ်အိတ်ကို ၃၈,၀၀၀ ကျပ်ရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ လပ္ပတ္တာ ဧည့်မထစပါး(နွေ)ကတော့ တင်း ၁၀၀ ကို ၅၈၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၀,၀၀၀ ကျပ်ဈေးတက်လာကာ ဆန်ကတော့တစ်အိတ်ကို ၂၂,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပေါင်းတည်ဈေးကွက် မှာလည်း ရတနာတိုးစပါး(အခြောက်)က တင်း ၁၀၀ ကို ၆၂၀,၀၀၀ ပေါက်ဈေးရှိပြီး ၃၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။အင်းလယ်စပါးကလည်း တင်း ၁၀၀ ကို ၆၅၀,၀၀၀ ကနေ ၆၇၀,၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၀,၀၀၀ ခန့်ဈေးကျဆင်းသွားပါတယ်။

🌿မတ်ပဲ🌿

☑️မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးအတက်အကျအပြောင်းအလဲကတော့ များပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်လိုက်ရင်တော့ အပြောင်းအလဲ သိပ်မရှိပါဘူး။ကုန်သည်များအကြား ငွေကြေး လဲလှယ်ခြင်းဆိုင်ရာ ပြဿာနာတွေကြောင့် အရောင်းအဝယ်က အနည်းငယ်တန့်သွားတဲ့အခြေအနေ ဖြစ်တယ်လို့လည်းကုန်သည်တွေထံကနေသိရပါတယ်။ အိန္ဒိယကတော့ မြန်မာ့မတ်ပဲတွေကို ကာလရှည် ဝယ်ယူမယ်ဆိုတဲ့ အတွက် မတ်ပဲ ဈေးကတော့ လက်တလော အရမ်းကျဆင်းသွားတာမျိုးမရှိနိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

☑️ရန်ကုန်ဈေးကွက်မှာမတ်ပဲ(FAQ/RC) က တစ်တန်ကို ၁,၁၀၉,၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၄,၀၀၀ လောက်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၀၄,၀၀၀ ကနေ ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ် ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။မုံရွာဈေးကွက်မှာ တော့ တစ်တင်းကို ၃၄,၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

☑️ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၃၅,၅၀၀ ကနေ ၃၅,၇၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ လာမယ့် ၂၀၂၅-၂၀၂၆ အထိ တန်ချိန် ၃ သိန်းခွဲ ကိုဆက်တိုက် ဝယ်ယူဖို့ မြန်မာနဲ့ အိန္ဒိယကြား နားလည်မှုစာချွန်လွှာကိုပြီးခဲ့တဲ့အပတ်ကလက်မှတ်ရေးထိုးခဲ့ပါတယ်။

🍃ပဲစင်းငုံနီ🍃

☑️ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းသွားပေမယ့်ဒီတစ်ပတ်မှာတော့ အနည်းငယ်ပြန်တက် လာပါတယ်။ အိန္ဒိယကပဲတွေကို ၅ နှစ်ဆက်တိုက် ဝယ်ယူမယ်ဆိုတဲ့အတွက် ဈေးတွေအနည်းငယ် ပြန်တက်လာတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာ ပဲအထွက်နှုန်းပြသာနာကြောင့် ပြည်ပမှ ပဲတင်သွင်းမှုနဲ့ ပတ်သတ်ပြီး ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီကတစ်တန်ကို ၁,၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂,၀၀၀ ကျော်ဈေးပြန်တက်လာပါတယ်။

☑️မန္တလေးဈေးကွက်မှာတော့ ၁၀၁,၀၀၀ ကနေ ၁၀၃,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၃,၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ကျပ် ဈေးကျဆင်းပါတယ်။ ပြည်ဈေးကွက် မှာ တစ်တင်းကို ၃၄,၈၀၀ ကနေ ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ အောင်လံဈေးကွက် မှာတော့ တစ်တင်းကို ၃၄,၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

🌿ကုလားပဲ🌿

☑️ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ လက်ကျန်လည်း မရှိသလောက် ဖြစ်နေပြီး ပြည်တွင်းပြည်ပ ဝယ်ယူမှုတွေ ရှိနေတဲ့အတွက် ဈေးကတက်နေခဲ့တာဖြစ်ပါတယ်။ ကုလားပဲကတော့ လက်ရှိမှာ ယခုဈေးထက် ကျဆင်းနိုင်ခြေမရှိပဲ အတက်ဈေးနဲ့ပဲမာနိုင်တယ်လို့ကုန်သည်တွေက သုံးသပ်ထားပါတယ်။

☑️ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿာကို ၁,၅၀၀ မှ ၁,၅၃၅ ပေါက်ဈေးရှိပြီး ၃၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(ကြီး)ကတော့ တစ်ပိဿာကို ၁,၅၅၀ မှ ၁,၅၈၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)ကတော့ တစ်အိတ် ၈၄,၀၀၀ ကနေ ၈၅,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ကုလားပဲ (929) ကတော့ တစ်အိတ်ကို ၈၉,၀၀၀ ကနေ ၉၀,၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၃,၅၀၀ ကျပ် ဈေးတက်လာပါ တယ်။ ကုလားပဲ (V2) နဲ့ ကုလားပဲ(V7) ကတော့ တစ်အိတ်ကို ၉၃,၀၀၀ ကနေ ၉၄,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

☑️မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၂၉,၂၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ်၊ကုလးပဲ (929) ကတော့ တစ်တင်းကို ၂၉,၈၀၀ ပေါက်ဈေးရှိပြီး ၁,၁၀၀ ကျပ်၊ကုလားပဲ V2 ကတော့ တစ်တင်းကို ၃၁,၀၀၀ ကျပ်ရှိပြီး ၁,၃၀၀ ကျပ်အသီးသီးဈေးတက်လာပါတယ်။ အောင်လံဈေးကွက်မှာတော့ ကုလားပဲ (ဟော်လန်)က တစ်တင်းကို ၃၁,၃၀၀ ပေါက်ဈေးရှိပြီး ၈၀၀ ကျပ် ဈေးတက်လာပြီး ကုလားပဲ (မြကြေး) ကတော့ တစ်တင်းကို ၃၁,၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

🌿ပဲကြီး🌿

☑️ပဲကြီးက ဒီတစ်ပတ်မှာလည်း ဈေးတက်နေပါတယ်။အခြားပဲတွေနဲ့ယှဉ်ရင် ဈေးအမြင့်ဆုံးရရှိနေပါတယ်။ ဈေးကွက်ထဲလက်ကျန်ကမရှိတော့ပဲ အမြင့်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

☑️ရန်ကုန်ဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း၊ကုန်း)က တစ်ပိဿာကို ၂,၂၀၅ ကနေ ၂,၅၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲကြီး က သုံးတင်းဝင် တစ်အိတ်ကို ၁၂၀,၀၀၀ ကနေ ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ အောင်လံဈေးကွက်မှာ လည်း တစ်တင်းကို ၄၀,၀၀၀ ကနေ ၄၄,၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၈,၀၀၀ ကနေ ၄၃,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

🌿ပဲပုပ်🌿

☑️ပဲပုပ်ကလည်း ဒီတစ်ပတ်မှာဈေးတက်နေပါတယ်။ ပြည်ပဝယ်ယူမှုပိုလာတဲ့အတွက်ဈေးတက်နေတာ ဖြစ်ပြီးတော့ လက်ကျန်လည်းနည်းလာပြီလို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပဲပုပ် (မြစ်ဝကျွန်းပေါ်)က တစ်ပိဿာကို ၁,၄၆၅ ကနေ ၁,၅၃၅ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

☑️မန္တလေးဈေးကွက်မှာတော့ ပဲပုပ် (ဗမာ)က တစ်အိတ်ကို ၉၅,၀၀၀ ကနေ ၁၀၅,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃,၀၀၀ ကျပ်ဈေးတက်လာပါတယ်။ပဲပုပ် (ရှမ်း)ကတော့ တစ်အိတ်ကို ၇၀,၀၀၀ ကနေ ၇၈,၀၀၀ ပေါက်ဈေးရှိပြီး ၃,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၃၅,၀၀၀ ပေါက်ဈေးရှိပြီး ၃,၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၂၉,၅၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ်ဈေးတက်လာပါတယ်။

Sources : AMIA (Farmer Digital TV)