menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တရုတ်က ဆန်ကွဲကို အခွန် ၁၃ ရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြု၍ ဈေးကွက်ပြန်လှုပ်ရှား
💠တရုတ်က ဆန်ကွဲကို အခွန် ၁၃ ရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြု၍ ဈေးကွက်ပြန်လှုပ်ရှား💠
🔹🔹🔹🔹🔹🔹🔹
တရုတ်က ဆန်ကွဲတင်သွင်းခြင်းကို အခွန် ၁၃ ရာခိုင်နှုန်းသာ ကောက်ခံတော့မည်ဖြစ်၍ ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်သို့တင်ပို့ရန် ဆန်ကွဲဝယ်ယူမှုများရှိလာပြီး ဈေးကွက်ပြန်လည်လှုပ်ရှား လာကြောင်း ကုန်သည်များထံမှ သိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက” ဆန်ကွဲကို တရုတ်ဘက် က အခွန် ၁၃ ရာခိုင်နှုန်းပဲ ကောက်မယ်ဆိုပြီး သတ်မှတ်လိုက်တယ်။ နယ်စပ်က ကုန်သည်တွေကလည်း တင်ပို့နိုင်ဖို့ဝယ်ယူ တယ်။ တစ်ဖက်မှာလည်း ပင်လယ်ရေ ကြောင်းကနေ တရုတ်အပြင် တခြားနိုင်ငံ တွေကိုလည်းတင်ပို့ဖို့ ဝယ်ယူမှုများလာတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ကွဲဝင်ရောက်မှု နည်းပါးနေကြောင်း၊ ထို့ကြောင့် ကုန်သည်၊ ပွဲစားများက နယ်မြို့ များရှိ စက်ပိုင်များနှင့် ချိတ်ဆက်၍ ဝယ်ယူနေရကြောင်း သိရသည်။ မြဝတီရှိ ဆန်စပါးကုန်သည် ကိုကျော်နိုင်လင်းက ”ထိုင်းဘက်ကို ဆန်ကွဲတင်ပို့ဖို့ မြဝတီကဂိုဒေါင်တွေမှာ ထားရှိတာ တန်ချိန်တစ်သောင်းကျော်လောက်တော့ ရှိမယ်။ လောလောဆယ် ဒါတွေမထွက်နိုင်သေး ဘူး။ တရုတ်ဘက်က ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရင်တော့ ဆန်ကွဲဈေးတွေ တက်လာမှာပါ။ သူတို့ဆီမှာလည်း အစာ ကုန်ကြမ်းတွေပြတ်လပ်နေပြီ”ဟု ပြော သည်။
ဈေးကွက်အတွင်း ဆန်ကွဲအမျိုးအစားများဖြစ်သည့် ဘီ ၂၊ ၃ နှင့် ၄ တို့မှာ ၁၀၈ ပေါင်ရှိ တစ်အိတ်လျှင် ကျပ် ၁၄၅၀၀ မှ ၁၄၆၀၀ ကျပ်ကြား၊ ဘီ ၁၊ ၂ တစ်အိတ်လျှင် ကျပ် ၁၅၂၀၀ မှ ကျပ် ၁၅၇၀၀ ကြား၊ ဘီ ၁ (အသန့်) တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ အထိရှိနေကြောင်း သိရသည်။ ဆန်ကွဲများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့လျက်ရှိရာ နှစ်နိုင်ငံအကြား သဘောတူညီချက်တွင် ဆန်နှင့် ဆန်ကွဲ သတ်မှတ်ချက်မတူသောကြောင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် တင်ပို့မှု ခေတ္တရပ်ဆိုင်းခဲ့ရသည်။ဆန်ကွဲကို ပုံမှန်တင်ပို့နေသည့် နိုင်ငံများဖြစ်သည့် အာရှ၊ အာဖရိကနှင့် အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ကာ တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ရုရှားနိုင်ငံသို့လည်း တင်ပို့ပြီး အာဖရိကတွင် မက်ဒါဂါစကား၊ ဂီနီနှင့် ကင်မရွန်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘဏ္ဍာနှစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ဆန်ကွဲကို နိုင်ငံပေါင်း ၅၁ နိုင်ငံသို့ တန်ချိန် ၃၅၀၀၀၀ ကျော် ၊ကန်ဒေါ်လာ ၉၂ သန်းကျော် ရရှိထားသည်။ မြန်မာနိုင်ငံက ဆန်ကွဲအများဆုံး တင်ပို့နေသည့် နိုင်ငံငါးနိုင်ငံမှာ အင်ဒိုနီး ရှား၊ ဂီနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ဆီနီဂေါနိုင်ငံတို့ ဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပ သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၃ သိန်းခန့် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၉၀ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
- နီနီအောင်
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် မတ်လ (၉)ရက်။