menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တရုတ်ဘက်မှ လော့ဒေါင်းဖြေလိုက်သည့်အတွက် ဖရဲတင်ပို့မှု ယခင်ထက်ပိုများလာ”
🍉🍉🍉🍉🍉🍉🍉🍉🍉🍉
⏩တရုတ်နိုင်ငံမှ ကိုဗစ်ရောဂါကူးစက်မှုများရှိသည့်အတွက် လော့ဒေါင်းများမကြာခဏ ချထားလေ့ရှိပြီး လက်ရှိချမှတ်ထားသည့်လော့ဒေါင်များကို ဖြေလျော့လိုက်ခြင်းကြောင့် တရုတ်ဘက်သို့ဖရဲတင်ပို့သည့်ယာဉ်များ ဝင်ရောက်မှုများနေကြောင်းသိရသည်။
⏩တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
⏩“လော့ဒေါင်းမဖြေကတည်းက ကုန်သွယ်ရေးကမပြတ်ဘူး။ မြို့နယ် နယ်မြေတွေမှာ လော့ဒေါင်းတွေ နဲ့ဆိုတော့ ပွဲစားတွေနဲ့ကုန်သည်တွေက လိုသလောက်မဝယ်နိုင်ဘူးတင်ပို့လို့မရဘူး။ အခုက လော့ဒေါင်းဖြည်လိုက်ပြီး ကူးသန်းသွားလာရေးလဲဖွင့်လိုက်ပြီဆိုတော့ ဝယ်လက်တွေများလာတယ်။ အခုက အတားအဆီးမရှိ ပို့ချင်တဲ့နေရာပို့လို့ရသွားတယ်” ဟု မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ရီရီခိုင်ကပြောသည်။
⏩လော့ဒေါင်းဖြေလျော့လိုက်သည့်အပြင် ရှန်တိန်စနစ်အားလုံးကိုပါဖျက်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိမြေပြင်တွင် အမှန်တကယ် ဖျက်သိမ်ခြင်းမရှိသေးကြောင်း ကုန်သည်များထံမှသိရသည်။ မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးစျေးကွက်အချိန်က ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။
⏩လော့ဒေါင်းစဖြေလျော့သည့် ရက်များက ဖရဲသီးများစျေးကောင်းရခဲ့သော်လည်း နောက်ပိုင်း ကားအစီးရေတင်ပို့မှုများလာသည့်အတွက် စျေးကွက်အေးလာကြောင်းလည်း သိရသည်။ လက်ရှိ စျေးကွက်တွင် ပျှမ်းမျှ ဖရဲတစ်တန်လျှင် ယွမ် ၁,၂၀၀ မှ ၂,၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိကြောင်း သိရသည်။
⏩“တင်ပို့မှုများလာတော့ စျေးကတော့ ပထမရက်ထက်စာရင် နည်းနည်းအေးတယ်။ ပြီးခဲ့နှစ်နဲ့ယှဉ်ရင် စျေးကောင်းရတယ်လို့ပြောမရဘူး။ ၂၀၁၉ ကတည်းက အပြတ်အပြတ်နဲ့သွားနေရတာ စျေးနှုန်း ကနှိုင်ယှဉ်လို့မရသေးဘူး။ အခုပေါက်စျေးက စျေးကောင်းရတယ်လို့ပြောမရဘူး။ ပုံမှန်လောက်ပဲ ရှိသေးတယ်” ဟု ဖရဲကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ မူဆယ်(၁၀၅)မိုင် ကုန်စည်ဒိုင်စျေးကွက်သို့ ရှမ်းပြည်ဖရဲသီးများသာ အများဆုံးဝင်ရောက်မူရှိနေပြီး နောက်ပိုင်းဗမာသီးများ ဆက်လက်ဝင်ရောက် လာကာ စျေးကွက်ကောင်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
⏩ပြီးခဲ့သည့်နှစ်များက ယခုအချိန်တွင် တရုတ်ဘက်သို့တစ်နေ့လျှင် ဖရဲကားအစီးရေ၃၀၀ခန့်အထိ ဝင်ရောက်နိုင်ခဲ့ပြီး လက်ရှိတွင်ကားအစီးရေ ၁၀၀ ဝန်းကျင်ခန့်သာရှိကြောင်းသိရသည်။ ဖရဲစျေးကွက် မသေချာခဲ့သည့်အတွက် ယခင် ၁၀၀ ရာခိုင်နှုန်း အပြည့်စိုက်သည့်သူများမှာ ၅၀ ရာခိုင်နှုန်းခန့်တောင် မရှိတော့သည့်အတွက် စိုက်ပျိုးနှုန်းကော အထွက်နှုန်းကောလျော့ကျနေကြောင်းသိရသည်။
⏩ထို့ကြောင့် ပြီးခဲ့သည့်နှစ်များထက် အထွက်နှုန်းနည်းသည့်အတွက် တင်ပို့မှုမှာလည်း နည်းနိုင်မည် ဖြစ်ကြောင်း ကုန်သည်များကဆိုသည်။ တချို့ကုန်သည်များမှာ သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်နေသည့်အတွက် ပြည်တွင်းစျေးကွက်ကိုသာ အားထားရောင်းချနေကြောင်းသိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။
⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)