menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တရုတ်လိုင်းအဝယ်ရှိလာသည့် မတ်ပဲ နှင့် ပဲ၊ နှမ်း ဈေးကွက် အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
🔼ပို့ကုန်မတ်ပဲကို တရုတ်နယ်စပ်မှ အဝယ်ရှိလာသဖြင့် ယခုရက်များအတွင်း အရောင်းအဝယ်ကောင်း နေပြီး ကုလားပဲအုပ်စုမှာလည်း ဈေးအနည်းငယ် တက်လာနေကြောင်း ပဲ၊နှမ်း ကုန်သည်များထံက သိရသည်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေသော်လည်း ပို့ကုန်မတ်ပဲမှာ တရုတ်နှင့်အိန္ဒိယ အဝယ်ဆုံလာသဖြင့် အရောင်းအဝယ် သွက်လာနေခြင်းဖြစ်ပြီး မတ်ပဲတစ်အိတ်လျှင် ကျပ် ၁၇၈,၀၀၀ ပြန်ဖြစ်လာသည်ကို တွေ့ရသည်။
🔼"ကုလားပဲလည်း အဝယ်ကောင်းနေလို့ တစ်အိတ် ၁၉၅,၀၀၀ ထိ ပေါက်ဈေးရှိလာတယ်။ ပဲစင်းငုံကတော့ ပေါက်ဈေး သိပ်မပြတ်ချင်ဘူး။ တစ်အိတ် ၁၇၈,၀၀၀ လောက်သာ ပေါက်ဈေးရှိပါတယ်။ နှမ်းမျိုးစုံ ဈေးကွက်မှာတော့ အသစ်တွေဝင်လာတော့ဈေးကျဆင်းနေတယ်၊၊ မြေပဲဆံကတော့ ရှမ်းပြည်က အသစ်တွေဝင်နေတော့ဈေးငြိမ်နေပြီး အရောင်းအဝယ်ကတော့ သွက်ပါတယ်။ ကျန်တဲ့ပဲမာလိုင်း ကတော့ အရောင်းအဝယ် ခပ်ပါးပါးလေးသွားနေပါတယ်" ဟု မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဌ ဦးကျော်သွင် (ရွှေစင်သိန်း)ပွဲရုံက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
အိန္ဒိယမှ ဆိပ်ကမ်းအရောက်ဈေး တိုးမြှင့်ဝယ်လာသကဲ့သို့ တရုတ်လိုင်း အဝယ်လည်းလိုက်လာသဖြင့် မတ်ပဲ နှင့် ပဲစင်းငုံတို့ ဈေးကွက်ကျဆင်းနေရာမှ နိုဝင်ဘာလ(၁၁) ရက်တွင် မတ်ပဲတစ်အိတ် ၁၇၈,၀၀၀ ၊ ပဲစင်းငုံတစ်အိတ်ကျပ် ၁၇၈,၀၀၀ ပေါက်ဈေးသို့ ပြန်လည်မြင့်တက်လာသည်။ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင်တစ်အိတ်ကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိသော်လည်း ပုံမှန် အရောင်းအဝယ် ဖြစ်နေသည်။
🥜မြေပဲ🥜
ရှမ်းပြည်နယ်အပါအဝင်ဒေသစုံမှ မြေပဲဆံအသစ်များ ဝင်ရောက်လာမှုကြောင့် ဈေးအနည်းငယ် ကျဆင်းနေပြီး နိုဝင်ဘာ (၁၀) ရက်တွင် ထိပ်စမြေပဲဆံ တစ်ပိဿာ ၅,၃၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဆီဆံမှာ တစ်ပိဿာ ၄,၉၀၀ ၊ ၅,၀၀၀ ကျပ်ပေါက်ဈေးရှိနေသည်။
🔼အခြားပဲမျိုးစုံအနေဖြင့်မူ ကုလားပဲ V2 တစ်အိတ် ကျပ် ၁၉၆,၀၀၀ ၊ ပဲယင်းတစ်အိတ် ကျပ် ၁၂၅,၀၀၀ ၊ ပဲကြီးတစ်အိတ် ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၆၀,၀၀၀၊ စွန်တာပြာ တစ်အိတ်ကျပ် ၁၄၅,၀၀၀ ၊ မြေထောက်ပဲတစ်အိတ်ကျပ် ၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၃၉၀,၀၀၀ ပေါက်ဈေး ဖြစ်နေသည်။
🔼သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း