menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တရုတ်နှင့် အိန္ဒိယတို့ ဝယ်ယူလာမှုကြောင့် ပဲစင်းငုံ ပဲတီစိမ်းနှင့် နှမ်းဈေးနှုန်းများ မြင့်တက်လာ
🌿🍃🌱🌱🍃🌿🌿🍃🌱🌱🍃🌿
မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း၌ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဝယ်ယူလာမှုကြောင့် ပဲစင်းငုံ၊ ပဲတီစိမ်း၊ နှမ်းဈေးနှုန်းများ မြင့်တက်လာကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
🌿ပဲစင်းငုံ🌿
တင်ပို့ရန် အဝယ်သွက်လက်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာသော်လည်း သိုလှောင်ထားသူများက ယခုဈေးနှုန်းထက် ပိုမိုရရှိလိုကြသဖြင့် အရေအတွက်ကို ထိန်းရောင်းနေကြသည်။ ထို့ကြောင့် ဈေးကွက် အတွင်း ဈေးနှုန်းမြင့်တက်နေသော်လည်း အရောင်းအဝယ်သိသိသာသာ ဖြစ်ပေါ်ခြင်းမရှိသေးပေ။ “ရောင်းသူနဲ့ဝယ်သူကတော့ ကြိုက်ဈေးခေါ်နေတဲ့ အနေအထားပါ။ သင်္ဘာတင်ဖို့လည်းရှိတဲ့အတွက် ကုန်သည်တွေက အခုဈေးနှုန်းအထိ တိုးမြှင့်ဝယ်ယူရမှာဖြစ်တဲ့အတွက် ဈေးနှုန်းအနည်းငယ် ထပ်တက်ဦးမယ်” ဟု ကုန်သည် ဦးစိုးနိုင်ကပြောသည်။မန္တလေးဈေးကွက်အတွင်း၌ နိုဝင်ဘာ ၂၃ ရက်တွင် ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ အထိ ကျဆင်းသွားရာမှနိုဝင်ဘာ ၂၆ ရက်တွင် သင်္ဘာတင်ရန် ဝယ်ယူလာမှုကြောင့် ကျပ်၇၈,၀၀၀ အထိ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
🍃ပဲတီစိမ်း🍃
တရုတ်ယွမ်ငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့်ပြည်တွင်းဈေးနှုန်းမှာလည်း သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ငါးထောင်ကျော်အထိ မြင့်တက်လာသည်။ နိုဝင်ဘာ ၂၃ ရက်တွင်သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၃,၀၀၀ ရှိရာမှ နိုဝင်ဘာ ၂၇ရက်တွင် ကျပ် ၁၂၉,၀၀၀ သို့ မြင့်တက်လာသည်။
🌱နှမ်း🌱
ပဲတီစိမ်းကဲ့သို့ပင် တရုတ်ငွေဈေး မြင့်တက်လာခြင်းကြောင့်ပြည်တွင်း စမုန်နှမ်းနက်ဈေးနှုန်း ကျဆင်း နေရာမှ ယခုသီတင်းပတ်တွင် အကျရပ်သွားခဲ့သည်။ နိုဝင်ဘာ ၂၃ ရက်တွင် စမုန်နှမ်းနက် သုံးတင်း ဝင်အိတ်လျှင် ကျပ် ၁၇၅,၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ယခုအခါ တရုတ်ငွေဈေးမြင့်တက်လာမှုကြောင့် ဈေးနှုန်းဆက်လက်ကျဆင်းခြင်းမရှိဘဲ တန့်နေသည်။
🌿စားတော်ပဲ🌿
တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းနေသော စားတော်ပဲမှာ တရုတ်ငွေလဲနှုန်းမြင့်တက် လာသောကြောင့် တင်သွင်းရသည့်ဈေးနှုန်း မြင့်တက်လာသည်။ ထို့အပြင် ပြည်တွင်း၌ လက်ကျန်ပဲ များကိုလည်း သိုလှောင်သူများက ဈေးနှုန်းတိုးမြှင့်ရောင်းချလာကြသည်။ ယခင်က သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်၆၅,၀၀၀ ရှိရာမှ လက်ရှိတွင် ကျပ် ၆၉,၀၀၀ သို့ မြင့်တက်လာခဲ့သည်။ ယခု အနေအထားအရ ဈေးနှုန်းအတက်ဘက်သို့ ဦးတည်လျက်ရှိသည်။
🍃မတ်ပဲ🍃
ပြည်တွင်းပဲခွဲစက်လုပ်ငန်းများကသာ ဝယ်ယူနေပြီး ပြည်ပတင်ပို့မှုမရှိခြင်းကြောင့် ဈေးနှုန်းမြင့်တက် ခြင်းမရှိဘဲ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းမှာလည်း အတက်အကျမရှိဘဲ ငြိမ်နေသည်။ နိုဝင်ဘာ ၂၇ ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိနေသည်။
🌱ကုလားပဲ🌱
ပြည်တွင်းစားသုံးရန် ဝယ်ယူခြင်းသာရှိသဖြင့် အရောင်းအဝယ် ပုံမှန်မျှသာဖြစ်နေသည်။ ထို့အတွက် ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေသည်။ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၂,၀၀၀၊ ကုလားပဲ(နိုင်းတူးနိုင်း) တစ်အိတ်လျှင်ကျပ် ၈၆,၅၀၀၊ ကုလားပဲ(ဗွီတူး) တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀ ၊ ကုလားပဲ (ဗွီဆဲဗင်း)တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ပေါက်ဈေးရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၃၀) - ဒီဇင်ဘာလ (၆) ရက်။