menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တရုတ်နှင့်ထိုင်းတို့က ဝယ်ယူမှုများနေခြင်းကြောင့် ငရုတ်အစိုဈေး သိသိသာသာမြင့်တက်
💢တရုတ်နှင့်ထိုင်းတို့က ဝယ်ယူမှုများနေခြင်းကြောင့် ငရုတ်အစိုဈေး သိသိသာသာမြင့်တက်💢
🌶🌶🌶🌶🌶🌶🌶🌶🌶🌶
▪️တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရှိ ငရုတ်အစိုဈေးနှုန်း သိသိသာ သာမြင့်တက်လာကြောင်း ငရုတ်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော် ကပြောသည်။ငရုတ်အစိုဈေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် ၇၅၀မှ ၉၀၀ကျပ်ကြားသာ ပေါက်ဈေးရှိခဲ့ပြီး လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၁၀၀၀မှ ၁၃၀၀ကြားအထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။
▪️`` တရုတ်နိုင်ငံကလည်း လိုအပ်ချက်တွေရှိလာတဲ့အပြင် ထိုင်းနိုင်ငံကလည်း သူတို့ဆီမှာ ငရုတ်ကမရှိသ လောက်နည်းသွားတဲ့အတွက် အဝယ်များလာတာပါ၊ အဲဒီအတွက်ကြောင့် ဈေးနှုန်းတွေတက်လာတာပါ၊ ခု ဈေးကွက်ထဲမှာ တောထုတ်ငရုတ်တစ်ပိဿာကို ၂၃၀၀လောက်အထိ တက်လာတယ် ``ဟု ဒေါ်ဥမ္မာကျော်က ကပြောသည်။ပြည်ပ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်ခြင်းမှာ ပုံမှန်ဖြစ်သော်လည်း လက်ရှိတွင် ထိုက်သင့်သည့်ဈေး ထက် ပိုရလိုသူများရှိသည့်အတွက် ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ စိုက်ပျိုးသူများသတ်မှတ်သည့် ဈေးနှုန်းဖြစ်နေ သောကြောင့် ပြည်ပသို့ တင်ပို့သူများမှာ အခက်အခဲဖြစ်နေကြောင်းသိရသည်။
▪️`` မြန်မာနိုင်ငံမှာ ဈေးနှုန်းထိန်းချုပ်တဲ့အဖွဲ့အစည်းဆိုတာမရှိဘူး။ အခုကဈေးတွေက တအားတက်နေတယ်၊ ဈေးနှုန်းတည်ငြိမ်ဖို့အတွက် တော်တော်လေးထိန်းဝယ်နေရတယ်။ အဲဒီအတွက် ဘာဖြစ်လာလည်းဆိုတော့ မြန်မာနိုင်ငံဈေးကွက်က သူများတွေမှာ လုံးဝမရှိတော့တဲ့ အချိန်မှ ရောင်းချရ သလိုဖြစ်နေတယ်`` ၎င်းက ပြောသည်။
▪️လူစုလူဝေးဖြင့် လုပ်ငန်းမလုပ်ရဟု တားမြစ်ထားသဖြင့် လုပ်ငန်းများရပ်နားထားရခြင်းကြောင့် ငရုတ်ဈေးနှုန်း များတက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ပနိုင်ငံများက ငရုတ်အစိုကိုသာအဓိကဝယ်ယူနေပြီး ငရုတ်အခြောက်ကိုမူ ဝယ်ယူမှုမရှိကြောင်း၊ ငရုတ်အခြောက်မှာ ပြည်တွင်းဈေးကွက်တခုကိုသာ မီခိုရောင်းချနေရကြောင်း၊ ငရုတ်အခြောက်ကို ပြည်ပတင်ပို့နိုင်ရန် သန့်စင်ရေးပိုင်းဆိုင်ရာကို ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သိရသည်။
Source - မျိုးသန့်