menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
“တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ချိန် ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အခြေအနေ”
🥜🫘🥜🫘🥜🫘🥜🫘🥜🫘🥜
⬆️တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာခြင်းနှင့်အတူ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။ ပဲသစ်ရာသီမှာ ပို့ကုန်ပဲများ အဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေသလို တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ် လိုက်သည့် ဇန်နဝါရီ (၁၅) ရက်ကျော်နောက်ပိုင်း နှမ်းနက်၊ မြေပဲဆံ နှင့်မြေထောက်ပဲ၊ ပဲယင်းတို့ ဈေးကောင်းရလာကြောင်းသိရသည်။
⬆️ပို့ကုန်ပဲသစ်များ ဈေးကွက်အတွင်းအိတ်ရေများများ ဝင်ရောက်မှုရှိလာသလို တရုတ်လိုင်း၊ ရန်ကုန်လိုင်း အဝယ်ဆုံနေတာကြောင့် ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်သွက်နေကြောင်း လာမည့် လကုန်ရက်များတွင် အသစ်ဝင်ပဲများ အစုံဝင်လာနိုင်လို့ ဈေးကွက်ပိုကောင်းလာမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပဲထွက်ရှိရာဒေသအချို့တွင် မတည်ငြိမ်မှုများကြောင့် စိုက်ခင်းထဲက ပဲပေါ်တာနှင့် ချက်ချင်း ဈေးကွက်သို့တင်ပို့ရောင်းချနေလို့ ပဲပေါ်ကာလတိုတောင်းနိုင်ကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
⬆️“ပို့ကုန်ပဲတွေကတော့ အရောင်းအဝယ်သွက်ပေမယ့် ငွေဈေးမငြိမ်တော့ ဈေးအနည်းငယ် ကျဆင်း သွားပါတယ်။ ပို့ကုန်ပဲအုပ်စု အသစ်ဝင်တော်တော်များလာတော့ လှောင်လက်သမားတွေ အဝယ်ကောင်းနေပါတယ်။ ပဲတီစိမ်းကတော့ အသစ်မပေါ်လာသေးဘူး။ အဟောင်းပဲတီစိမ်း အညာတွေပဲ ဈေးကောင်းရနေတယ်။ ကုလားပဲ အသစ်လေးတွေပေါ်လာတော့ အဟောင်းဈေးက အနည်းငယ်ကျဆင်းလာတယ်။ လက်ရှိမှာ ကုလားပဲက အဟောင်းဈေးကွက်၊ အသစ်ဈေးကွက်နဲ့ အဟောင်းက ဈေးမြင့်နေတုန်းပါ။ လကုန်သီတင်းပတ်ရက်တွေမှာ ပဲအသစ် အဝင်ပိုစုံလာမယ်။ တရုတ် နယ်စပ်ဂိတ် ပြန်ဖွင့်တာနဲ့ နှမ်းနက်၊ မြေပဲဆန်နဲ့ မြေထောက်ပဲ၊ ပဲယင်းဈေးကောင်းလာတယ်။ မြေထောက်ပဲကို တရုတ်လိုင်း၊ ရန်ကုန်လိုင်းအဝယ်ဆုံနေလို့ အဝင်ရှိသလောက် အဝယ်ရှိနေပါတယ်။ လက်ရှိမှာ ဒေသတွင်းမတည်ငြိမ်မှုနဲ့ လုံခြုံရေးကြောင့် ပဲအသစ်ပေါ်ဦးပေါ်ဖျားဈေးကွက်မှာ ချက်ချင်း ရောင်းချနေရလို့ ပဲပေါ်ကာလတိုတောင်းမယ်” ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
ပို့ကုန်မတ်ပဲ ဈေးကွက်ပေါက်ဈေးမှာ ငွေဈေးမတည်ငြိမ်တာကြောင့် ဈေးအနည်းငယ်ကျဆင်းသွား သော်လည်း ပဲစင်းငုံဈေးမှာ ဆက်လက်မြင့်တက်နေသလို ပဲတီစိမ်းမှာ အသစ်ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုကာလကို ၂၀၂၄ ခုနှစ် မတ်လအထိ တိုးမြှင့်ထားတာကြောင့်လည်း ပဲသစ်ရာသီအတွက် စောင့်ဆိုင်းဝယ်ယူဖြစ်နေတာကြောင့် လှောင်လက်သမားများ အဝယ်သာရှိနေခြင်းဖြစ်ရာ အရောင်းအဝယ်သွက်နေပြီး ဇန်နဝါရီ(၁၉)ရက်တွင် မတ်ပဲသုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၆၃,၀၀၀၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၇၀,၀၀၀၊ ပဲတီစိမ်းရွှေဝါတစ်အိတ် ၁၈၅,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅၇,၀၀၀ ပေါက်ဈေးရှိသည်။
🥜နှမ်း နှင့် မြေပဲ🥜
တရုတ်နယ်စပ်ဂိတ် ဖွင့်လှစ်လိုက်သည့်နောက်ပိုင်း နှမ်းဈေးကွက်ပြန်လည်ကောင်းမွန်လာရာ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်စမုန်မှာ တစ်အိတ် ငွေကျပ် ၃၀၀,၀၀၀ ထိ ပေါက်ဈေးရှိလာသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၆,၉၀၀၊ ဆီဆံ တစ်ပိဿာ ငွေကျပ် ၅,၈၀၀ ပေါက်ဈေးထိ ပြန်လည်မြင့်တက်လာသည်။
⬆️ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲမာလိုင်းများမှာ အသစ်ဝင်ပဲများ မန္တလေးဈေးကွက်သို့စတင် ဝင်ရောက်လာရာ အဟောင်းဈေး အနည်းငယ်ကျဆင်းသွားပြီး တရုတ်လိုင်းအဝယ်ရှိသည့် ပဲအသစ်များ ဈေးကောင်းရရှိလာရာ ဇန်နဝါရီ(၁၉)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၃၆,၀၀၀၊ ပဲကြီး(ဟောင်း)တစ်အိတ်လျှင် ငွေ ကျပ် ၂၇၉,၀၀၀၊ ပဲထောပတ်(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေ ကျပ် ၁၃၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀ ပေါက်ဈေးဖြစ်သည်။
⬆️ပဲမျိုးစုံဈေးကွက် သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း