menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
တရုတ်ဝယ်လိုအားကောင်းပြီး ဆောင်းနှမ်းစျေးကောင်းရနေ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
▶️ယခုနှစ် ဆောင်းနှမ်းသီးနှံမှာ နိုင်ငံခြားငွေစျေးမြင့်တက်နေချိန် တရုတ်ဝယ်လိုအားကောင်း၍ ယခင်နှစ်ထက် စျေးကောင်းရရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
▶️"အဓိက ကတော့ တရုတ်ကအဆွဲများတာ၊ ကျန်တဲ့နိုင်ငံတွေက ဆောင်းနှမ်းသိပ်မကြိုက်တော့ ဝယ်အားမရှိဘူး။ တရုတ်ကတော့ ဆောင်းနှမ်းကိုဝယ်အားလျော့မသွားဘူး။ တရုတ်ငွေစျေးလဲ တက်တော့ နှမ်းဈေးပါ လိုက်တက်လာတဲ့ သဘောရှိတယ်" ဟု မောဝ်ဥသျှောင် ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်မေသက်ခိုင်ကဆိုသည်။
▶️ပြီးခဲ့သည့်နှစ် ဆောင်းနှမ်းရာသီမှာ ကိုဗစ်ကြောင့် ပြည်ပဝယ်လိုအားလျော့ကျခဲ့ပြီး ဆောင်းနှမ်း ဈေးကောင်းမရရှိခဲ့သော်လည်းလက်ရှိ ပြည်တွင်းစျေးကွက်မှာ နှမ်း(၄၅)ပိဿာဝင် တစ်အိတ်ကို ကျပ် (၂)သိန်းဝန်းကျင်မှာ အတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ "အရင်နှစ်ကနဲ့ယှဉ်ရင် ဝယ်လိုအားအရမ်းကောင်းတယ်။ မနှစ်က ကိုဗစ်ကြောင့်လည်းပါမယ် တရုတ်ဝယ်လိုအားအရမ်းကျသွား တော့ မဖြစ်ဖူးတဲ့ဈေးအထိကျသွားတာ။ နှမ်း(၄၅)ပိသာဝင်တစ်အိတ်ကို ကျပ်၁သိန်း၂သောင်းခွဲလောက် ထိကျသွားတယ်။ ဒီနှစ်ကျတော့ တရုတ်လိုအပ်ချက်က တစ်အားများလာတော့ ကုန်ကျစရိတ် ပိုများတဲ့ ပင်လယ်လမ်းကပါ ဝယ်လာကြတယ်" ဟု နှမ်းကုန်သည်တစ်ဦးကဆိုသည်။
▶️ပြီးခဲ့သည့်နှစ် တရုတ်နိုင်ငံကို နှမ်းတင်ပို့ရောင်းချရာမှာ နယ်စပ်လမ်းကြောင်းကသာ အဓိကတင်ပို့ခြင်း ဖြစ်ပြီး လက်ရှိမှာတော့ ပင်လယ်ရေကြောင်းမှတစ်ဆင့် သင်္ဘောဖြင့် တင်ပို့ရောင်းချနေကြကြောင်းသိရ သည်။ ၂၀၂၁ မိုးနှမ်းကာလမှာ အထွက်နှုန်းလျော့ကျ နေစဉ် ပြည်ပဝယ်လိုအား မြင့်တက်ခဲ့ပြီး နိုင်ငံခြား ငွေလဲနှုန်းမှာလည်း မြင့်တက်နေတာကြောင့် (၄၅)ပိဿာဝင် တစ်အိတ်ကို ၂သိန်းခွဲထိ မိုးနှမ်းစျေးကောင်း ရရှိခဲ့ကြောင်းသိရသည်။
▶️"မိုးနှမ်းတုန်းကတော့ အထွက်မလှိုင်တော့ စပေါ်ကတည်းက တောက်လျှောက်အတက်၊ ဆောင်းနှမ်း ကျတော့ တစ်ချိန်တည်းမှာလဲ ထွက်တဲ့ပမာဏများတော့ ဝယ်လက်ကုန်သည်တွေရဲ့ဝယ်အား၊ ငွေလည်ပတ်မှုက သိပ်မနိုင်တော့ နည်းနည်းစျေးလျော့တယ်။ အခုကျတော့အထွက်နည်းနည်းပါး သွားတယ်။ ပစ္စည်းကတော့ ရှိသေးတယ်။ ဒါပေမဲ့ ဝယ်တဲ့သူကလည်း ဝယ်တဲ့အနေအထားမှာ နိုင်နိုင်နင်းနင်းရှိနေတော့ စျေးကပြန်တက်လာတယ်။ ၂သိန်းပတ်ဝန်းကျင်လောက် ပြန်ဖြစ်တယ်"ဟု ဒေါ်မေသက်ခိုင်က ဆိုသည်။
▶️ကုန်ပစ္စည်း လက်ကျန်ဆက်ရှိနေခြင်း၊ ဝယ်လိုအား မျှတနေခြင်းနှင့် တရုတ်နိုင်ငံရဲ့ ဝယ်ယူတင်သွင်းမှု ထိုက်သင့်သလောက်ရှိသွားခြင်းတို့ကြောင့် ဆောင်းနှမ်းစျေးနှုန်း ထပ်မံလှုတ်ခတ်နိုင်ခြေနည်းပါးကြောင်း ကုန်သည်တစ်ချို့ သုံးသပ်ထားကြပါတယ်။ ယခုနှစ်ဆောင်းနှမ်းသီးနှံမှာ ယခင်နှစ်များဖြင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းနှင့်အရည်အသွေး ပိုမိုကောင်းမွန်ကြောင်းသိရပြီး ပြီးခဲ့တဲ့နိုဝင်ဘာလနှောင်းပိုင်းမှာ စတင်ထွက်ပေါ်လာခြင်းဖြစ်ကာ ဈေးကွက်တွင် လတ်တလော အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA (Market News)