menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
arrow_drop_down
မြန်မာ
English
menu
ကျွန်ုပ်တို့အကြောင်း
ဝိစာရအကြောင်း
အမြော်အမြင် နှင့် ခံယူချက်
ဝန်ထမ်းခေါ်ယူခြင်း
လူမှုအကျိုးပြုလုပ်ငန်း
ထုတ်ကုန်များ
ပေါင်းသတ်ဆေးများ
ရောဂါကာကွယ်ကုသဆေးများ
ပိုးသတ်ဆေးများ
ဟော်မုန်းဆေးများ
ဓာတ်မြေသြဇာများ
ရွက်ဖျန်းအားဆေးများ
စိုက်ပျိုးရေးရာသိကောင်းစရာ
Safe Use
Resources
FAQs
သတင်းများ
ဆောင်းပါးများ
သီးနှံစျေးနှုန်းများ
ဆက်သွယ်ရန်
မြန်မာ
English
၂၀၂၁ တွင် ပြောင်းဈေးကွက် အခြေအနေကောင်းမွန်နိုင်
🍃🌽🍃🌽🍃🌽🍃🌽🍃🌽🍃
🔸ပြည်ပနိုင်ငံများသို့ပြောင်းတင်ပို့မှုသည် လာမည့်နှစ်များတွင် ပိုမိုအခြေအနေကောင်းမွန်လာနိုင်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
🔸"မြန်မာနိုင်ငံမှာတစ်နှစ်ကို ပြောင်းတန်ချိန် နှစ်သန်းခွဲကနေ သုံးသန်းလောက်ထွက်တယ်။ပြည်တွင်း လုပ်ငန်းတွေက တန်ချိန် ၁ဒသမ၂သန်း သုံးတယ်။ ဒီနှစ်မှာတော့၁ဒသမ၅သန်းလောက်သုံးမယ်ဆိုပြီး ရှိလို့ ပြည်တွင်းဝယ်လိုအားလည်း များလာတယ်။ ဒီနှစ်မှာကျွန်တော်တို့အပိုင်းကနေပြောင်းပိုထွက် နိုင်တယ်ဆိုပြီးခန့်မှန်းထားပေမယ့် ရာသီဥတုအခြေအနေရယ်၊ ပိုးဖျက်တာတွေခံရတော့ မျှော်မှန်းတာ ထက် (၁ဝ-၁၅) ရာခိုင်နှုန်းကြားလျော့ထွက်သွားတယ်။ လျော့ထွက်တဲ့အချိန်မှာ တိုးဝယ်တာတွေ ရှိလာလို့ ဈေးနှုန်းတက်တဲ့အခြေအနေမျိုးဖြစ်သွားတယ်။ လာမယ့်၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာလည်း ပြောင်းကဏ္ဍက အခြေအနေကောင်းဦးမယ်လို့ မျှော်မှန်းထားတယ်"ဟု အဆိုပါအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။
🔸လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံသို့လည်း အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းများတင်ပို့မည်ဖြစ်ကြောင်း နှင့် ပြည်တွင်း၌ ပြောင်းထွက်ရှိမှု နှင့် စားသုံးမှုပေါ် မူတည်ကာ တင်ပို့သွားမည်ဟုလည်းသိရသည်။ထိုင်းနိုင်ငံ၌ ပြောင်းစိုက်ပျိုးထွက်ရှိသော ကာလအတွင်း တင်ပို့ပါက အခွန်ထမ်းဆောင်ပြီး တင်ပို့ရသော်လည်း ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ပြုထားကြောင်း သိရသည်။ လာမည့်နှစ်များတွင်း ပြောင်းကဏ္ဍမှာ ပိုမိုတိုးတက်လာနိုင်ခြေ ရှိသောကြောင့် ပိုမိုစိုက်ပျိုးသင့်သည့် အခြေအနေဖြစ်ကြောင်းလည်း ပြောင်းလုပ်ငန်းရှင်များက ပြောသည်။
🔸ပြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုပါက ထုတ်လုပ်သူ၊ ကုန်သည်၊ အစာ စက်ရုံများ၊ အသင်းအဖွဲ့များနှင့်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပြီး စိုက်ပျိုးသူများအတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရရှိရေး ဆောင်ရွက်ပေးသင့်သည့်အပြင် တစ်ဧကစိုက်ပျိုးစရိတ် ကုန်ကျငွေများ လျော့ချနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်စေရေးအတွက် ဈေးနှုန်းသက်သာစွာ သွင်းအား စုများအလွယ်တကူ ရရှိရေးနှင့် နည်းပညာများလည်း ပံ့ပိုးပေးရေးကို ဆောင်ရွက်သင့်ကြောင်း နှင့် အားလုံးပါဝင်နိုင်သော အကျိုးတူပူးပေါင်းစနစ်ကိုလည်း ဖန်တီးပေးသင့်ကြောင်း ပြောင်းလုပ်ငန်းရှင် အချို့ကအကြံပြုပြောဆိုသည်။ မြန်မာနိုင်ငံတွင် ပြောင်းကိုနှစ်စဉ် ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ ထုတ်လုပ်နိုင်ပြီး ပြည်ပတင်ပို့မှုအပိုင်းတွင်လည်း အာဆီယံဒေသတွင်းနိုင်ငံများတွင် ဒုတိယအများဆုံး ဖြစ်သည်။
🔸စစ်မှန် ပြည့်ဝ ဝိစာရ🔸
Sources: The Farmer Media.