menu

"၂၀၂၆ ခုနှစ်၊ မေလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်"


🌱⛈🌱⛈🌱⛈🌱⛈🌱⛈🌱

 ဘင်္ဂလားပင်လယ်အော်အခြေအနေ
 -------------------------------
အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသိုလည်းကောင်း၊ မေလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသိုလည်းကောင်း အသီးသီးဝင်ရောက်နိုင်ပါသည်။ ယခုဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် လေဖိအားနည်းရပ်‌၀န်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို ရောက်ရှိနိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတိုတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်သည့် အခြေအနေ
---------------------------
မေလဒုတိယဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတိုတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

မိုးရွာသွန်းနိုင်သည့်ရက်များ
 ----------------------
ယခုဆယ်ရက်ပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တိုတွင် ၆ ရက်မှ ၈ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တိုတွင် ၃ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေ့အပူချိန် အခြေအနေ
 --------------------
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တိုတွင် မေလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တိုတွင် မေလပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ပါသည်။  

မြစ်ရေ အခြေအနေ
 ----------------
✔️ မြစ်ရေအခြေအနေများမှာ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို၊ ဗန်းမော်မြို၊ ရွှေကူမြို၊ ကသာမြိုနှင့် သပိတ်ကျင်းမြိုတိုတွင် ၃ ပေမှ ၅ ပေခန့်၊ အောင်လံမြို၊ ပြည်မြို၊ ဆိပ်သာမြို၊ ဟင်္သာတမြိုနှင့် ဇလွန်မြိုတိုတွင် ၂ ပေ မှ ၃ ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပြီး မန္တလေးမြို၊ စစ်ကိုင်းမြို၊ မြင်းမူမြို၊ ပခုက္ကူမြို၊ ညောင်ဦးမြို၊ ချောက်မြို၊ မင်းဘူးမြိုနှင့် မကွေးမြိုတိုတွင် ၃ ပေခွဲမှ ၅ ပေခန့် လက်ရှိ ရေမှတ်များအောက်ကျဆင်းလာနိုင်ပါသည်။ 

✔️ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို၊ ဟုမ္မလင်းမြို၊ ဖောင်းပြင်မြို၊ မော်လိုက်မြို၊ ကလေးဝမြို၊ မင်းကင်းမြို၊ ကနီမြိုနှင့် မုံရွာမြိုတိုတွင် ၁ပေမှ ၃ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။

✔️ မြစ်သာမြစ်ရေသည် ကလေးမြိုတွင် ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြိုတွင် ပေဝက်ခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြိုတိုတွင် ၁ ပေမှ ၁ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြိုနှင့် မဒေါက်မြို တိုတွင် ၁ ပေခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြိုတွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို နှင့် ပဲခူးမြိုတိုတွင် ပေဝက်မှ ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြိုတွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြိုတွင် ၁ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို၊ သာပေါင်းမြိုနှင့် ပုသိမ်မြိုတိုတွင် ပေဝက်မှ ၁ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြိုတွင် ၂ ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြိုတွင် ၁ ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ပါသည်။ 

 Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန